အရက်မူး မောင်းနှင်လာသော ကားတစ်စီးဝင်တိုက်သဖြင့် ကမာရွတ်မြို့မ ရဲစခန်းမှူး သေဆုံး

အရက်မူး မောင်းနှင်လာသော ကားတစ်စီးဝင်တိုက်သဖြင့် ကမာရွတ်မြို့မ ရဲစခန်းမှူး သေဆုံး
ဓာတ်ပုံ - ကမာရွတ်မြို့မရဲစခန်း

ရန်ကုန်၊ သြဂုတ်လ ရ ။                 ။ ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေစဉ် အရက်မူး မောင်းနှင်လာသော ကားတစ်စီးက ဝင်တိုက်၍ ကမာရွတ်မြို့မရဲ စခန်းမှူးတစ်ဦးမှာ ထိုနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ရ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် အဆိုပါ တက္ကသိုလ်ရိပ်သာလမ်းတွင် ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယာဉ်တိုက်မှုအား စစ်ဆေးနေစဉ် အရက်မူးပြီး အရှိန်ဖြင့် မောင်းနှင်လာသည့် ဟွန်ဒါစီဗစ်ကားမှ ဒုရဲမှူးစိုး အောင်အား ဝင်တိုက်ခဲ့သဖြင့်  ဒုရဲမှူးစိုးအောင်မှာ ထိုနေရာတွင်   သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly