မွန်တော်လှန်ရေးနေ့ အခမ်းအနား စစ်ရေးပြခွင့် ပိတ်ပင်ခံရ

မွန်တော်လှန်ရေးနေ့ အခမ်းအနား စစ်ရေးပြခွင့် ပိတ်ပင်ခံရ
ဓာတ်ပုံ Nai Awe Mon

ချင်းမိုင်၊ သြဂုတ် ၆ ။          ။ သြဂုတ်လ ရရက်တွင် ကျင်းပမည့် ရ၀ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနားတွင် စစ်ရေးပြအခမ်းအနား ထည့်သွင်းခြင်း မပြုလုုပ်ရန် တပ်မတော် အရှေ့တောင်တုုိင်းစစ်ဌာနချုပ်မှ မွန်ပြည်သစ်ပါတီ (NMSP)သို့ ကန့်ကွက်စာပို့ခဲ့သည်ဟုု မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟုုိကော်မတီဝင် နုုိင်အောင်မငေးက ပြောသည်။

ထုုိင်း-မြန်မာနယ်စပ် ဘုုရားသုံုးဆူအနီးရှိ NMSP ၏ အမှတ် ၅ နယ်မြေတွင် သြဂုုတ်လ ရ ရက်နေ့၌ ကျရောက်မည့် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနား ကျင်းပမည့် အစီအစဉ်ကုုိ တပ်မတော်မှ ကန့်ကွက်ကြောင်း ယခုုလဆန်းပုုိင်းက စာပေးပုုိ့ခဲ့သည်ဟုု နုုိင်အောင်မငေးက ပြောသည်။

“ဘုုရားသုံုးဆူနဲ့ နည်းနည်းဝေးတဲ့ ကျနော်တိုု့ အမှတ် ၅ မှာ ကျနော်တိုု့ စစ်ရေးပြအခမ်းအနားနဲ့ လုုပ်တာကုုိ တပ်မတော်က ကျနော်တိုု့ကုုိ ကန့်ကွက်စာပုုိ့တာပေါ့။ စစ်တပ်နဲ့ စစ်ရေးပြ လုုပ်ခွင့်မပေးဘူးလုုိ့   ပြောတယ်၊ ကျနော်တုုိ့က ဒီကိစ္စ စီစဉ်ထားပြီးသားဆုုိတော့ ဆက်ပြီးတော့လုုပ်ပါ့မယ်”ဟုု သူက မဇ္ဈိမကုုိ ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မွန်တော်လှန်ရေးနေ့ အခမ်းအနားကုုိ နှစ်စဉ်နှစ်တုုိင်း ကျင်းပခဲ့သဖြင့် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထုုိသုုိ့ ကန့်ကွက်စာများ ပေးပုုိ့ပြီးနောက် ယခုုရက်ပုုိင်းမှာလည်း မော်လမြိုင်ခရိုင်စုုိက်ရာ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ခုံုးဂူ(မွန်ဘာသာဖြင့်) ကျေးရွာအနီးတွင် တပ်မတော် စစ်အင်အား ၃၀ ခန့် ဝင်ရောက်လာသဖြင့် စစ်ရေးတင်းမာမှုများ ရှိနေသည်ဟုု သူက ပြောသည်။

သြဂုတ် ၆ရက် နံနက်ပုုိင်းတွင် အဆုုိပါ အခမ်းအနား တက်ရောက်မည့် ပြည်သူများကုုိလည်း ဘုုရားသုံုးဆူ၊ ဂျပန်ရေတွင်းလမ်းသွား ရာလမ်းရှိ အစုုိးရ ဂိတ်များမှ စစ်ဆေးမေးမြန်းမှုများ ပြုလုုပ်နေသည်ဟုု သတင်းများကြားသဖြင့် စုုိးရိမ်မှုများကြောင်း ပွဲမတက်ရောက်လာသူများလည်း ရှိနေသည်ဟုု ၎င်းက ပြောသည်။

သြဂုုတ်လ ၄ ရက်က အစုုိးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နုုိင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆုုိင်ရာကုုိယ်စားလှယ်အဖွဲ့ (DPN)တုုိ့ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် အလွတ်သဘော တွေ့ဆုံုဆွေးနွေးကာ လာမည့် သြဂုုတ်လ ၁၀ ရက်၊ ၁၁ ရက်များတွင် ရန်ကုုန်မြို့တွင် တရားဝင် တွေ့ဆုံုရန် ရှိသော်လည်း ယခုုကဲ့သုုိ့ တပ်မတော်ဘက်က ကန့်ကွက်လာမှုအပေါ် အဟန့်အတား ဖြစ်လာမည်ကုုိ စုုိးရိမ်ကြောင်း နုုိင်အောင်မငေးက ပြောသည်။

မွန်တော်လှန်ရေးအခမ်းအနားကုုိ မွန်ပြည်သစ်ပါတီ ဌာနချုပ်၊ ခရုုိင်ရုံုးများ၊ မွန်လူငယ်များ ဦးစီး၍ အခမ်းအနား ကျင်းပကြမည် ဖြစ်သလိုု၊ မွန်ပြည်နယ်၊ ရေးမြို့နယ် အပါအဝင် နေရာအနှံ့ ကျင်းပကြမည် ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပသည့် မွန်အမျိုးသားနေ့ အခမ်းအနားကုုိလည်း စစ်ရေးပြ အခမ်းအနားဖြင့် ကျင်းပခြင်း မပြုလုုပ်ရန် တပ်မတော်ဘက်မှ ကန့်ကွက်မှုများ ရှိခဲ့သည်။

၁၉၄၈ ခုုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကုုိယ့်ကံကြမ္မာကုုိယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစုုိးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆုုိခဲ့သော်လည်း မရခဲ့သဖြင့် ဘာအံမြို့နယ် ဇာသပြင်ကျေးရွာ ကာကွယ်ရေးစခန်းနှင့် အနီးပတ်ဝန်းကျင်စခန်းများကုုိ တုုိက်ခုုိက် သိမ်းပုုိက်ခဲ့ရာမှ မွန်တော်လှန်ရေးစတင်ခဲ့သည်ဟုု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly