အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများကို ဆက်ဒမ်ခေတ်အရာရှိများက လွှမ်းမိုးထားဟုဆို

အိုင်အက်စ် အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများကို ဆက်ဒမ်ခေတ်အရာရှိများက လွှမ်းမိုးထားဟုဆို
အီရတ်မြောက်ပိုင်း မိုဆူးမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် အိုင်အက်စ် စစ်သွေးကြွတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပရပ်စ်တီဗီ။

တီဟီရန်၊ သြဂုတ် - ၉ ။          ။ အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးများတွင် ကြီးမှူးနေသူများမှာ အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ် ဟူစိန်လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိများဖြစ်သည်ဟု ပရပ်စ်တီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အေပီသတင်းဌာန၏ ဖော်ပြချက်အရ အိုင်အက်စ်အုပ်စု၏ ထိပ်တန်းရာထူးများတွင် လွှမ်းမိုးထားသူများမှာ ဆက်ဒမ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအေဂျင်စီများမှ အရာရှိဟောင်းများဖြစ်သည်ဟု အီရတ် အကြီးတန်းအရာရှိများက ပြောကြားသည်ဟု ဆိုသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ထိပ်တန်းရာထူးနေရာများတွင် ဆက်ဒမ်ခေတ်အရာရှိ ၁၀၀မှ ၁၆၀အထိ ရှိနေပြီး အများစုမှာ အလယ်အလတ်နှင့် အကြီးတန်းအဆင့် ရာထူးများကို ရယူထားကြသည်ဟု ဆိုသည်။

အိုင်အက်စ်အုပ်စု အီရတ်နှင့် ဆီးရီးယားသို့ နယ်ပယ်ချဲ့ထွင်လာရာတွင် အဆိုးပါဆက်ဒမ်ခေတ်အရာရှိများ၏ ထည့်ဝင်မှုမှာ အရေးပါထိရောက်ခဲ့သည်ဟု ဆိုသည်။ သတင်းအချက်အလက်များထောက်လှမ်း စုဆောင်းခြင်း၊ အီရတ်တပ်ဖွဲ့များကို ထောက်လှမ်းခြင်း၊ လက်နက်များကို ထိန်းသိမ်းအဆင့်မြှင့်ခြင်းနှင့် ဓာတုလက်နက်အစီအစဉ်များ ဆွဲခြင်း စသည့်လုပ်ငန်းများတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဆက်ဒမ်ခေတ်အရာရှိကြီးများကို ယုံကြည်အားကိုးနေရသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly