အာဆီယံဒေသအတွင်း ဘာသာလူမျိုးမခွဲခြားဘဲ တပြေးညီ ဖွံ့ဖြိုးရေးများ အာဆီယံမီဒီယာဖိုရမ်တွင် ဆွေးနွေး

အာဆီယံဒေသအတွင်း ဘာသာလူမျိုးမခွဲခြားဘဲ တပြေးညီ ဖွံ့ဖြိုးရေးများ အာဆီယံမီဒီယာဖိုရမ်တွင် ဆွေးနွေး

သြဂုတ် ၆၊ မနီလာ ။            ။ အာဆီယံဒေသအတွင်း ဘာသာလူမျိုးမခွဲခြားဘဲ တပြေးညီ ဖွံ့ဖြိုးရေးအပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအား အာဆီယံ မီဒီယာဖိုရမ်တွင်   ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းမီဒီယာ ၂၃ ခု တက်ရောက်ခဲ့သည်။

အာဆီယံ မီဒီယာဖိုရမ် ( The First ASEAN Media Forum, AMF) ကို သြဂုတ်လ ၄ ရက်က ဖိလစ်လစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ Sofitel ဟိုတယ်တွင်  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံအနှစ် ၅၀ ပြည့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အာဆီယံ နောက်အနှစ် ၅၀ ကိစ္စရပ်များအပါအဝင် ဒေသတွင်းကိစ္စရပ်များဖြစ်သော တောင်တရုတ်ပင်လယ်အရေး၊ ဘရူနိုင်းနှင့်ဆက်ဆံရေး၊ ဒေသတွင်း ပြည်သူများ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဘာသာအားလုံးတန်းတူညီမျှရေးကိစ္စရပ်များပါ  ဆွေးနွေးခဲ့ကြသည်။

တက်ရောက်လာသော အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများမှ စီနီယာအယ်ဒီတာများ၊ အယ်ဒီတာချုပ်များက မေးမြန်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ Surin Pitsuwan က ပြန်လည်ဆွေးနွေးခဲ့သည်။

“လုံခြံုရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အာဆီယံနိုင်ငံများ၏ လက်ရှိအနေအထား၊ စီးပွားရေးအခြေအနေများ၊ GDP တိုးတက်လာမှု၊ မြောက်ကိုရီးယားအရေး၊ တူညီစွာနှင့် ဂလိုဘယ်သို့ သွားနိုင်ရေးများအပြင် မွတ်စလင်မဟုတ်သူများနှင့် မွတ်စလင်များအကြား အတူယှဉ်တွဲနေထိုင်ရေးများ ”ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံဒေသအတွင်း ISIS များ ထိုးဖောက်လာမှုအား ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရွှေ့ပြောင်း လုပ်သားများ၊ နိုင်ငံဖြတ်ကျော်ခိုးဝင်သူများ၊ မူးယစ်ဆေးဝါးကိစ္စများအား အခြားကိစ္စရပ်များအား Media Forum တွင် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မီဒီယာဖိုရမ်သို့ Mr.Lee Yoong Yoong (Director of the Community Affairs Directorate ASEAN Secretarait) ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms.Charmaine Rowena C.Aviquivil ၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် Dr.Jan-Christian Gordon Kricke နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Mr. Alan Peter Cayetano (the Secretary of Foreign Affairs of the Republic of the Philippines ) တို့  တက်ရောက်ခဲ့သည်။

အာဆီယံဒေသတွင်း မီဒီယာများအဖြစ် စင်ကာပူ စထရိတ်မ်တိုင်းမ်၊ ဖနွမ်းပင်ပို့စ်၊ ဂျာကာတာပို့စ်၊ ဂျာကာတာဂလုပ်၊ မနီလာတိုင်းမ်၊ နေရှင်းသတင်းစာ အပါအဝင် မီဒီယာများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ မဇျ္စိမ၊ မြန်မာတိုင်းမ်၊ ဂလိုဘယ်နယူးစ်လိုက်ဖ်အော့မြန်မာ၊ Frontier Myanmar တို့ တက်ရောက်ခဲ့ပြီး GIZ မှ အာဆီယံမီဒီယာဖိုရမ်သို့ ပံ့ပိုးစီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံ နှစ် ၅၀ ပြည့်မြောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly