ပီအက်စ်ဂျီအသင်းနဲ့ ပွဲဦးထွက် ပြင်သစ်လိဂ်ပွဲစဉ်ကို လွှဲချော်မယ့် နေမာ

ပီအက်စ်ဂျီအသင်းနဲ့ ပွဲဦးထွက် ပြင်သစ်လိဂ်ပွဲစဉ်ကို လွှဲချော်မယ့် နေမာ
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့စျေးအကြီးဆုံးဘောလုံးသမား ဘရာဇီးတိုက်စစ်မှူး နေမာဟာ ၎င်းရဲ့ လိုအပ်တဲ့စာရွက်စာတမ်းကို အချိန်မီ မှတ်ပုံတင်သွင်းရန် ပျက်ကွက်ခဲ့ပြီးနောက် စနေနေ့မှာ ဒီရာသီ ပီအက်စ်ဂျီအသင်းရဲ့ ပထမဆုံးပွဲစဉ်ကို လွှဲချော်လိမ့်မယ်လို့ သိရပါတယ်။

ပြင်သစ်ဘောလုံးအာဏာပိုင်အဖွဲ့ဟာ စနေ နေ့လည်ပိုင်းမှာ အာမီယန်စ်နဲပွဲမှာ နေမာ ကစားနိုင်ဖို့ ၎င်းရဲ့  နိုင်ငံတကာ အပြောင်းအရွှေ့ စာရွက်စာတမ်းကို မှတ်ပုံတင်သွင်းရန်  ပြင်သစ် သန်းခေါင်ယံအချိန်မှာ လက်ခံရရှိဖို့ လိုအပ်ခဲ့လို့ဖြစ်ပါတယ်။

လီဂူ ၁ ဟာ သူ့ကို မှတ်ပုံတင်သွင်းဖို့ လာလီဂါကနေ လိုအပ်တဲ့ စာရွက်စာတမ်းကို လက်ခံ မရရှိသေးတာလို့ ဆိုပါတယ်။

တန်းတက်အသင်းသစ် စနေနေ့မှာ ကစားမယ့် တန်းတက်အသင်းသစ် အာမီယန်စ်နဲ့ပွဲမှာ နေမာကို မိတ်ဆက်သွားမယ်လို့ ပြောဆိုထားပေမယ့် ဒီပွဲအတွက် အချိန်မီ မှတ်ပုံမတင်နိုင်ခဲ့တာကြောင့် ကစားသမားဟာ အဆိုပါပွဲကို ပွဲကြည့်စင်ကနေ ကြည့်ရှုလိမ့်လို့ သိရပါတယ်။

ဒါပေမယ့် ၎င်းပွဲမကစားမီ နေမာကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားပါလိမ့်မယ်။

အသက် ၂၅ နှစ်ရှိ နေမာဟာ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ပေါင်သန်း ၂၀၀) ဖြင့် လီဂူ -၁ ကလပ်အသင်းဆီ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာ အခွန်ဆောင်ပြီး ကနဦး (၅)နှစ် စာချုပ်အတွက် စုစုပေါင်း ပေါင်သန်း (၄၀၀) ရရှိမှာဖြစ်ပြီး တစ်နှစ်လုပ်ခလစာမှာ ယူရို ၄၅ သန်း (ပေါင် ၄၀.၇ သန်း) ဖြစ်ကာ တစ်ပတ်လျှင် ယူရို ၈၆၅,၀၀၀ (ပေါင် ရ၈၂,၀၀၀) ဝင်ငွေ ရရှိပါတယ်။

လူတွေက ကျနော်ကို ငွေနောက်လိုက်တယ်လို့ ပြောနေတဲ့အသံတွေကြားတော့ "အရမ်းဝမ်းနည်းမိပါတယ်"လို့ နေမာက သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

Ref; BBC, Mail Online

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags