ရက်ပ်ပါတွေရဲ့ ဆိုဟန် နဲ့ အဝတ်အစားတွေကို လူတွေက အမြင်စောင်းကြတယ်

By YOPE
04 August 2017
ရက်ပ်ပါတွေရဲ့ ဆိုဟန် နဲ့ အဝတ်အစားတွေကို လူတွေက အမြင်စောင်းကြတယ်

မြန်မာနိုင်ငံမှာ ဟစ်ဟော့ဂီတ စတင်ခဲ့သူတွေထဲက တေးသံရှင် အနဂ္ဂနဲ့ ကျွန်မ တွေ့ဆုံတော့မှာပါ။ သူ့အတွက် ကျွန်မ လက်ထဲမှာတော့ YOPE မေးခွန်း ငါးခုရှိနေပါတယ်။

အစ်ကို အနဂ္ဂ မင်္ဂလာပါ။ ညီမတို့ YOPE ကနေပြီးတော့ မေးခွန်း ငါးခု မေးသွားမှာပေါ့့နော်။ ဒါကတော့ နံပါတ်တစ် မေးခွန်းပါ။ ဒီ Acid ဆိုပြီးတော့ နောက်ပိုင်း ဂီတဖန်တီးမှုတွေ သိပ်မတွေ့ရတော့ဘူး ဒီတော့ ဒါဟာ မြန်မာနိုင်ငံမှာ ဟစ်ဟော့ လုပ်ဖို့က အသက်အရွယ် အပိုင်းအခြား ကန့်သတ်ထားတယ်ဆိုတာ မျိုးကြီး ဖြစ်နေတာလား။

Acid ဆိုတဲ့ အရာမှာ သိပ်မတွေ့ဖြစ်တဲ့ အရာမှာ အကြောင်းအရင်းတွေ မျိုးစုံရှိတယ်ပေါ့နော်။ အဖွဲ့လူမစုံတာ ပထမ အကြောင်းတစ်ခု၊ နောက်တစ်ခုက အားလုံးအရွယ်ရောက်လာတဲ့ အချိန်မှာ နေထိုင်တဲ့ ပုံစံလေး နည်းနည်းပြောင်းသွားကြတယ်။ ပြီးတော့ အသက်အရွယ်အပိုင်းအခြားကြောင့် ဟစ်ဟော့ကို ဝင်ပါတာတွေ မပါတာတွေ ဝင်လုပ်တာတွေ မလုပ်တာတွေ ဆိုတာတွေ မဆိုတာတွေကတော့ ဒါကတော့ ကိုယ်ရဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အသက်အရွယ်နဲ့ ဂီတမှာတော့ ကန့်သတ်ချက် မရှိပါဘူး။

ဒါကတော့ နံပါတ် ၂ မေးခွန်းပါ။ နိုင်ငံကျော် အဆိုတော်တစ်ယောက် ဖြစ်ခဲ့တဲ့ အဖေဆီကနေ အစ်ကို ဘာတွေများ သင်ယူခဲ့ရလဲ။ အဖေဆီက ဘာတွေများ ရခဲ့လဲ။

ကျွန်တော့် အဖေနဲ့ပတ်သက်လို့တော့ သူလုပ်တဲ့ ဟာတွေပဲ ဘေးနားက မြင်ခွင့်ရှိတယ်။ ကြားခွင့်ရှိတယ်။ သိခွင့်ရှိတယ်။ ဂီတနဲ့ပတ်သက်တဲ့ဟာတော့ ကျွန်တော့်မှာ ဘာမှ သိခွင့်မရှိဘူး။ ရလိုက်တဲ့ အချက်တွေ အကောင်းဆုံး အချက်တွေကတော့ လေ့လာချင်တဲ့ စိတ်ပေါ့နော်။ လေ့လာချင်တဲ့ စိတ်က ကျွန်တော် ဒီနေ့ ဒီချိန်ထိ တစ်ခုခု အဲလိုမျိုး သဘာဝပတ်ဝန်းကျင် အရေးနဲ့ပဲ ဖြစ်ဖြစ် ဂီတ အရေးနဲ့ပဲ ဖြစ်ဖြစ် ဘာသာရေးနဲ့ပဲ ဖြစ်ဖြစ် အခြားစီးပွားရေးနဲ့ပဲ ဖြစ်ဖြစ် အဲလို နှံနှံစပ်စပ်လေး အသေးစိပ်လေး အဲဒါလေးတွေတော့ လေ့လာဖြစ်တော့ အဲဒါလေးတွေတော့ သူ့ဆီက ရတယ်။ အဲဒါလေးတွေကတော့ အကောင်းဆုံး သူ့ဆီက အမွေပါပဲ။

ဒါတော့ နံပါတ် ၃ မေးခွန်းပါရှင့်။ ဒီ Music ဂီတ ကိရိယာတွေပေါ့နော်။ အဲဒီ ကိရိယာတွေထဲက တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီးတော့ တစ်ခုခု ဖြစ်ခွင့် ရမယ်ဆိုရင် ဘယ်ဟာလို့ ကိုကိုယ့်ကိုယ် ထင်လဲ။

ကိရိယာတွေထဲက တစ်ခုခု ဖြစ်ခွင့် ရမယ်ဆိုရင်တော့ အသံအစုံထွက်လို့ ရတဲ့ဟာကတော့ ဂစ်တာကတော့ အသံစုံ ထွက်လို့ ရပါတယ်။ ဂစ်တာကို သူရဲ့ ၆ကြိုးပဲ တီးတီး Bass ဂစ်တာ ၅ ကြိုးပဲ တီးတီး အဲလို သူကို မတီးဘဲနဲ့ ဂစ်တာအိုးကို ခေါက်လိုက်တဲ့ ဟာကြောင့်လဲ သူက Percussion သဘောမျိုး ဖြစ်သွားတော့ ဂစ်တာက အဖြစ်သင့်ဆုံး တူရိယာအနေနဲ့ ကိုယ့်ဟာကိုယ် သတ်မှတ်ရမှာပဲ။

ဟုတ်ကဲ့ပါ အစ်ကို ဒါက နံပါတ် ၄ မေးခွန်းပါရှင့်။ မြန်မာနိုင်ငံမှာ Rapper ဆိုပြီးတော့ ပြောင်းလိုက်တာနဲ့ လူအများစုက သူတို့ကို မကောင်းတဲ့ အချက်တွေနဲ့ တွဲမြင်ကြတာမျိုး ရှိတယ်။ အစ်ကိုအနေနဲ့ တစ်ချက်လောက် ပြောပေးပါဆိုရင် ဘယ်အချက်ကို ထင်လဲ။

စစချင်းတော့ ကျွန်တော်တို့ စရောက်လာတဲ့ အချိန်တော့ ဖက်ရှင်ပေါ့။ ဒုတိယတစ်ခုကတော့ ကျွန်တော်တို့ စကားပြောသလိုလိုနဲ့ အော်ပြီးတော့ ကျွန်တော်တို့ ရန်ဖြစ်သလိုလို ဆဲသလိုလို အဲလိုမျိုး အိုက်တင်မျိုးနဲ့ အဲလိုမျိုး အသံမျိုးနဲ့ ဆိုတော့ ပြောရမယ်ဆိုရင်တော့ သူနှစ်ခုကလည်း အရမ်းပေါ်လွင်စေတာကိုး နောက်တစ်ခုက Rap ဆိုတဲ့ သူတွေ အကုန်လုံးက အခြားသူတွေက တစ်မျိုး ဆိုတဲ့ အချိန်မှာ သူတို့က လက်အရှေ့ရောက်တာတို့ လက်ကို လှုပ်ရမ်းနေတာက အဲတာတွေကကျတော့ သူရဲ့ movement ထဲမှာလည်း ပါနေတော့ Rap ဆိုနေရင်းနဲ့ သူဟာသူ အလိုလို ဖြစ်သွားတာ အဲဒါတွေကလည်း မျက်စိမွေး စူးစရာ ဖြစ်သွားမှာပဲ။

ဒါကတော့ YOPE ရဲ့ နောက်ဆုံး မေးခွန်းပါရှင့်။ တစ်ချိန်တုန်းက အစ်ကို ဝန်းရံခဲ့တဲ့ ပါတီ ရှိတယ်။ အဲဒီပါတီက အစိုးရ ဖြစ်လာခဲ့ပြီဆိုတော့ အဲဒီအစိုးရပေါ် ပြည်သူတွေ မျှော်လင့်ထားတဲ့ အစိုးရ ဖြစ်လာခဲ့ပြီလို့ ထင်လား။

အဓိက ကျွန်တော်တို့ ဝန်းရံခဲ့တဲ့ ပါတီကို ထောက်ပြသင့်တဲ့ အခြေနေ  ကျွန်တော်တို့ ရောက်တယ်။ ကျွန်တော်တို့ စပြီးတော့ ဝန်းရံခဲ့တုန်းက စပြောခဲ့တာက ဒီပါတီကို ဝန်းရံတယ်ဆိုတာ ဒီပါတီရဲ့ အဆိုးအကောင်း ကျွန်တော်တို့ ထောက်ပြဖို့ အချို့ဟာတွေလည်း ဒီပါတီကနေ မီဒီယာပေါ်တွေကနေ ထောက်ပြတဲ့အကြောင်းအရာလေးတွေ  ပြင်သွားတဲ့ ဟာတွေလည်း ရှိတာပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီပါတီကို ထောက်ခံခဲ့တာလေ။ ဘယ်ဟာမှ ချက်ချင်း Overnight Change မဖြစ်နိုင်ဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့ ဘာဆက်လုပ်ပေးမလဲ။ ဒီပါတီအတွက် မဟုတ်ဘူး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ဘာတွေ ဆက်လုပ်ပေး မလဲ။ အဲဒါ အရမ်းအရေးကြီးဆုံးပဲ။ ပါတီတွေကတော့ အသစ်တွေ အသစ်တွေလည်း လာနေမှာပါ။ ဒီပါတီကတော့ ကျွန်တော်အတွက် အခုလောလောလတ်လတ်ထိ အဆင်ပြေဆုံးပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly