နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး နှင့် တွေ့ဆုံခြင်း အပိုင်း (၄)

နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး နှင့် တွေ့ဆုံခြင်း အပိုင်း (၄)

4R Health Talk Episode (3), Part-4 (ကျန်းမာရေးရာအဖြေရှာအစီအစဉ်)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ 4R Health Talk ကျန်းမာရေးရာအဖြေရှာအစီအစဉ်ရဲ့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုအပိုင်း၄အနေနဲ့ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပါဝင် ဖြေကြားပေးမယ့် ဆရာဝန်ကြီးကတော့ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး ဖြစ်ပါတယ်။

မဇ္ဈိမ -နောက်တစ်ပတ်တွေမှာလည်း ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဆွေးနွေးပွဲ အစီအစဉ်တွေကို အပတ်စဉ်တိုင်း ကျွန်တော်တို့ တင်ဆက်သွားမှာဖြစ်ပါတယ်။ Mizzima ပရိသတ်တွေလည်း မေးခွန်းတွေ မေးမြန်းကြဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ကျွန်တေ်ာတို့ 4R Health Talk အစီအစဉ်ကို ကမကထလုပ်ပေးတဲ့ Mr. Ravindra Jain ကနေပြီးတော့ သူမေးချင်တာလည်း နည်းနည်းရှိပါတယ်။ ကျွန်တော် ဘာသာပြန်ပေးပါမယ်ခင်ဗျ။

သူမေးတဲ့မေးခွန်းကတော့ ဆရာကြီးကို မေးခွန်းနှစ်ခု မေးချင်ပါတယ်တဲ့။ အဲ့တာက လူတစ်ယောက်က ကျန်းမာရေးစစ်ဆေးမှုကို ဘယ်အသက်အရွယ်မှာ လုပ်သင့်သလဲ။ ၃၅ မှာလုပ်သင့်လား ၄၀ မှာလုပ်သင့်လား ဒါက ပထမမေးခွန်းပေါ့နော်။

ဒုတိယမေးခွန်းက လူတစ်ယောက်က အလုပ်ဘယ်လောက် လုပ်သင့်လဲ။ လူတစ်ယောက်က တစ်နေ့ကိုလမ်းဘယ်လောက် လျှောက်သင့်လဲပေါ့။

Prof: MMH -အဲတော့ ပထမ ကျွန်တော်တို့ ပြောထားတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံမှာ နှလုံးသွေးကြောရောဂါ စဖြစ်တာအမျိုးသားဆိုရင် ၃၇ မှာစဖြစ်ပါတယ်။ အမျိုးသမီးဆိုရင်တော့ ၄၂ နဲ့ ၄၅ ကြားပေါ့။ အမျိုးသားဆိုရင်တော့ ၃၇ ကနေစပြီးတော့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ စလုပ်သင့်ပါတယ်။ အမျိုးသမီးဆိုရင်တော့ ၄၂ နဲ့ ၄၅ ကြားပေါ့။ အဲဒီလောက်ကနေစပြီးတော့ စစ်ဆေးသင့်ပါတယ်။ ဒါကပထမမေးခွန်းအတွက်ပါ။

ဒုတိယမေးခွန်းက ကျွန်တော်တို့ ဘယ်လောက်ထိ လေးကျင့်ခန်းလုပ်သင့်တယ်ဆိုတာက ခုနက ကျွန်တော်တို့ ပြောထားသလိုပဲ တစ်ရက်ကို ခြေလှမ်းတစ်သောင်း တစ်ပတ်ကိုငါးရက် ဒါမှမဟုတ် ခြေလှမ်းတစ်သောင်း မရေဘူးဆိုရင်လည်း ရပါတယ်။ ကျွန်တော်တို့ နာရီဝက်ပေါ့။ တစ်ရက်ကိုနာရီဝက် လမ်းလျှောက်မယ် တစ်ပတ်ကိုငါးရက်ဆိုရင် နှလုံးကျန်းမာရေးကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ်။ ဆရာကြီးကခုနကမေးတဲ့ မေးခွန်းနှစ်ခုကို ပြန်ဖြေပေးသွားတာ ဖြစ်ပါတယ်။

နောက်ထပ်သူပြောထားတာက ကျွန်တော်တို့ ပထမဆုံး Episode မှာ ဘဝကို ဘယ်လိုမျိုးနေပျော်အောင် ဘယ်လိုနေမလဲဆိုတဲ့ ဖော်မြူလာတွေနဲ့ ပတ်သက်ပြီးတော့ သူပြောခဲ့ပြီးပြီပေါ့နော်။ အဲတော့ ဘာလဲဆိုလို့ရှိရင် ပထမဆုံး 4R Health Talk ကနေ ပထမဆုံး Episode မှာဆိုရင် သူများနဲ့ မနှိုင်းယှဉ်နဲ့ပေါ့။ ဥပမာဆိုကြပါစို့ သူများကားကောင်းကောငး်ကြီးစီးလို့ ကိုယ်ကလည်း ကားကောင်းကောင်းကြီး စီးမယ်ဆိုတဲ့ဟာမျိုး ဒါမျိုးကို မနှိုင်းယှဉ်နဲ့ ကိုယ်ရတဲ့ဘဝမှာပဲ ပျော်ပျော်နေဖို့ကို သူပြောခဲ့တယ်ပေါ့နော်။ သူများနဲ့ မနှိုင်းယှဉ်နဲ့ အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာကလည်း ကော်ဖီခွက်ကို ဥပမာပေးပြီးတော့ ပြောခဲ့ပါတယ်။

အဲဒါက ဘာလဲဆိုတာကို ကျွန်တော် နည်းနည်းလေး အစပြန်ဖော်ပြီးတော့ ပြောရမယ်ဆိုရင် ရွှေနဲ့ လုပ်ထားတဲ့ခွက် ငွေနဲ့လုပ်ထားတဲ့ခွက် စသည်အားဖြင့် သိပ်စျေးမကြီးတဲ့ခွက်ပေါ့။ အဲတော့ ဒီပုံပြင်မှာဆိုလို့ရှိရင် တစ်ယောက်က ရွှေနဲ့လုပ်ထားတဲ့ခွက်ကိုသောက်တယ် နောက်တစ်ယောက်က ငွေနဲ့လုပ်ထားတဲ့ခွက်ကို သောက်တယ်။ နောက်တစ်ယောက်က သိပ်စျေးမကြီးတဲ့ ခွက်ကိုသောက်တယ်။ ဒါပေမယ့် ဒီခွက်ထဲမှာထည့်ထားတဲ့ ကော်ဖီကတော့ အရသာ တူတူပဲပေါ့နော်။ ကိုယ်လုပ်သင့်တဲ့ဟာ ဒါမှမဟုတ် လို့ရှိရင် ကိုယ်လုပ်မယ်ဆိုတဲ့ ဟာတစ်ခုကိုပဲ အာရုံစိုက်ရမယ်ဆိုတဲ့ ဟာမျိုးဒါဆိုလ်ို့ရှိရင် ဘဝမှာနေပျော်မယ်လို့ ပြောပါတယ်။ ဒီနေ့ သူပြောတာကတော့ ဘဝမှာ ဘယ်လိုမျိုးနေပျော်အောင် နေမလဲဆိုတဲ့နဲ့ သုံးခုမြောက်ပြောသွားတဲ့ ဥပမာ ကတော့ ဒီနေ့အတွက် ပဲစဉ်းစားပါတဲ့။ နောက်နေ့အတွက် မစဉ်းစားပါနဲ့လို့ ပြောသွားပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်း ၆၄ သန်းဟာနေ့စဉ် သေနေတယ်ပေါ့။ သူတို့ဟာ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတဲ့ဟာကိုသူတို့ မသိခဲ့ကြပါဘူးတဲ့။ အဲဒါဆိုရင်တော့ ကိုယ်ကိုတိုင်ကလည်း ဒီနေ့အတွက်ပဲ စဉ်းစားပါတဲ့။ အနားယူပါ ပျော်ပျော်ရွှင်ရွှင်နေပါ။ 4R Health Talk ကို ကြည့်ပါတဲ့။ 4R Health Talk က ကျွန်တော်တို့ မဇ္ဈိမ ပရိသတ်တွေအတွက် ကျန်းမာရေး အစီအစဉ်တစ်ခုအဖြစ် ရှိနေပါပြီ ပျော်ပျော်ရွှင်ရွှင်နေပါပေါ့နော်။

သြဂုတ်လထဲမှာတော့ ဆရာဝန်တစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်။ ဆရာကြီးဒေါက်တာခင်မောင်ဝင်း ဖြစ်ပါတယ်။ အသည်းရောဂါ အထူးကုဆရာဝန်ကြီးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆရာကြီးဒေါက်တာဦးချစ်စိုး၊ ဒေါက်တာမောင်မောင်ခိုင်နဲ့ ပရော်ဖက်ဆာစိုင်းတို့ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီ သြဂုတ်လထဲမှာ ဒီဆရာဝန်တွေကနေပြီးတော့ 4R Health Talk ကိုလာပြီးတော့မှ ကျန်းမာရေး အသိပညာပေးပါမယ်။

မဇ္ဈိမ ပရိသတ်တွေလည်း သိလိုတဲ့ဟာတွေကို မေးနိုင်ပါတယ်။ ရက်ကိုအတိအကျသိရင်တော့ ကျွန်တော်တို့ ထပ်ပြီးတော့ ကြေညာပါ့မယ်။ ဒါပေမယ့် စနေနေ့ကတော့ အပတ်စဉ်ဖြစ်ပါတယ်။ ဘယ်ဆရာဝန်တွေ ဆွေးနွေးမယ်ဆိုတာကိုတော့ ထပ်ပြီးတော့ ပြောပြပေးပါမယ်ခင်ဗျာ။ ဆရာကြီး အနေနဲ့ရောဘာများ ဖြည့်ပြောစရာရှိသေးလဲ မသိဘူးခင်ဗျ။

Prof: MMH - ဖြည့်ပြောချင်တာကတော့ တစ်ခုပါ။ အဲဒါက ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေါ့။ အခုလောလောဆယ်တော့ ကျွန်တော်တို့ Government ကနေပြီးတော့ Public Hospital တွေဘာတွေနဲ့ သွားတော့ ကျွန်တော်တို့ လောလောဆယ်တော့ Private ကလည်း တိုးတက်အောင် လုပ်နေပြီပေါ့။ အဲတော့ လောလောဆယ် ကျွန်တော်တို့ Request ပေါ့ တာဝန်ရှိတဲ့သူတွေ အနေနဲ့ Medical Insurance ဆိုပြီးတော့ ကျွန်တော်တို့ စတန့်လေးထည့်လို့ရအောင်ကို မြန်မြန်လေးလုပ်ပေးပါပေါ့ အဲဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကိုရီးယားသွားတဲ့အချိန်မှာ Insurance  ရှိပါတယ်။ ရှိတော့ လူနာတစ်ယောက် လာလို့ရှိရင် ကျွန်တော်တို့ စတန့် ၂ ချောင်းထည့်လို့ရပါတယ်။ သုံးချောင်းဆိုရင်တော့ လူနာကနောက်ဆုံးတစ်ချောင်းဖိုးကိုပေးရတာပါ။ အဲဒါကြောင့်မို့ ဒီလိုမျိုး Insurance ကို မြန်မြန် လုပ်ပေးလို့ရှိရင် နှလုံးရောဂါ ၂၅ ရာခိုင်နှုန်း အသက်ဆုံးရှုံးတာတွေအားလုံး တော်တော်များများ ကယ်နိုင်မယ်ပေါ့နော်။ လောက်လောဆယ်တော့ Insurance ကို မြန်မြန်လေးလုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲတော့ မဇ္ဈိမ ပရိသတ်များခင်ဗျား ကျွန်တော်တို့ 4R Health Talk အစီအစဉ်က အချိန်လေးလည်းနည်းနည်းလင့်သွားပြီ မဇ္ဈိမပရိသတ်တွေ   မေးထားတဲ့ မေးခွန်းလေးတွေလည်း တော်တော်များများကို ဖြေပြီးပြီဆိုတော့လည်း ဒီအစီအစဉ်လေးကို ဒီမှာပဲရပ်နားခွင့်ပြုပါ။ နောက်တစ်ပတ် စနေနေ့မှာ ကျွန်တော်တို့ ပြန်ဆုံပါ့မယ်။ သိလိုတဲ့ မေးခွန်းတွေရှိရင် မေးမြန်းနိုင်ပါတယ်။ ဆရာဝန်ကြီးတွေနဲ့ ကျွန်တော် ချိတ်ဆက်ပြီးတော့မှ မေးခွန်းတွေကိုမေးပေးမယ်။ ဆရာဝန်ကြီးတွေကဖြေပေးမှာပါ။ ကျေးဇူးတင်ပါတယ်။

အင်တာဗျုး ပထမပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30174

အင်တာဗျုး ဒုတိယပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30217

အင်တာဗျုး တတိယပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30218

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly