နာတာလီပေါ့မန်း၏ ဇာတ်ကားသစ် Annihilation ၏ ရုံတင်ရက်ကိုကြေညာ

နာတာလီပေါ့မန်း၏ ဇာတ်ကားသစ် Annihilation ၏ ရုံတင်ရက်ကိုကြေညာ

အော်စကာဆုရမင်းသမီး နာတာလီပေါ့မန်း ပါ၀င်သရုပ်ဆောင်ထားသည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Annihilation ကို လာမည့် ၂၀၁၈ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း Paramount ရုပ်ရှင်စတူဒီယိုက ကြေညာခဲ့သည်။

ကနဦးက ထိုရက်တွင်ပြသရန် စီစဉ်ထားသော Legendary နှင့် Universal တို့မှ ပူးပေါင်းထုတ်လုပ်သည့် Pacific Rim Uprising သည် ပြသရက်ရွှေ့ဆိုင်းလိုက်သောကြောင့် ၄င်း၏နေရာတွင် အစားထိုးကာ Annihilation ကို ပြသသွားမည်ဖြစ်ကြောင်း စတူဒီယိုက ကြေညာခဲ့သည်။

အဆိုပါရုပ်ရှင်သည် ဂျက်ဖ်ဗန်ဒါမီးရား၏ ၀တ္ထုကိုအခြေခံထားပြီး ဒါရိုက်တာအဲလက်ဂါလန်းက ဇာတ်ညွန်းကို ကိုယ်တိုင်ရေးသားကာ ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုဇာတ်လမ်းထဲတွင် ပေါ့မန်းသည် ပျောက်ဆုံးနေသော ခင်ပွန်းဖြစ်သူကို ရှာဖွေရန်အတွက် လူ့အဖွဲ့အစည်းနှင့် အဆက်အသွယ်ဖြတ်ထားသော နယ်မြေထဲသို့ဝင်ရောက်သွားသည့် ဇီဝဗေဒပညာရှင် တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

ထိုနယ်မြေထဲသို့ ရောက်ရှိချိန်တွင် သူမသည် ရောဂါပိုးမွှားများ၊ ပျောက်ဆုံးနေသော မိတ်ဆွေဟောင်းများ၊ အန္တရာယ်ပေးနိုင်သော တိရစ္ဆာန်များနှင့် သတ္တဝါဆန်းကြီးများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ပေါ့မန်း၏ခင်ပွန်းအဖြစ် အော်စကာအိုင်းဆက်က သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များဖြစ်ကြသော ဂျီနာရိုဒရီဂွက်ဇ်၊ တီဆာသွန်ဆင်နှင့် ဂျနီဖာဂျေဆန်လိုင်က်တို့ကလည်း ထိုဇာတ်ကားတွင် ပါ၀င်အားဖြည့်ထား ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly