ဘင်္ဂလားဒေ့ရှ်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထား

ဘင်္ဂလားဒေ့ရှ်က မြန်မာရေဘေးအတွက် ကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထား

မြန်မာရေဘေးသင့်သူများအား ကူညီထောက်ပံ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တတပ်တအား ပါဝင်ကာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈သန်းကို ထောက်ပံ့ရန် လျာထားထားသည်ဟု သိရသည်။

မြန်မာနိုင်ငံက ရေဘေးသင့်သူများအတွက် လုပ်ဆောင်ဆဲ ကယ်ဆယ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများအား ထောက်ပံ့မှုကို တိုးချဲ့ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန်ဒေါ်လာ ဝ.၈သန်းကို လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာရေဘေးသင့် ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်က ဆေးဝါးများ၊ အရေးပေါ်ကိရိယာများ၊ ရေသန့်စက်များ၊ တဲများနှင့် ခြုံဆောင်များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ပထမအသုတ် ဆေးဝါးများကို မကြာမီ လေယာဉ်ဖြင့် တင်ပို့နိုင်မည်ဟု မျှော်လင့်ရသည်။

မိမိတို့နိုင်ငံတွင်လည်း ရေကြီးမှုနှင့် အခြားဆိုးရွားပြင်းထန်သည့် အန္တရာယ်များကို ရင်ဆိုင်နေရသော်လည်း ဘင်္ဂလားဒေ့ရှ်က စိတ်သောကရောက်နေသည့် မြန်မာပြည်သူများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်ရန် ရွေးချယ်ခဲ့သည်။

ရေကြီးမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းများကို ရင်ဆိုင်ခုခံနိုင်ရန် ပြင်ဆင်မှုတွင် ကမ္ဘာနှင့်အဝန်းက ချီးကျူးခြင်းခံရသည့် ဘင်္ဂလားဒေ့ရှ်က ၎င်း၏ အတွေ့အကြုံများကို မြန်မာအား မျှဝေရန် စိတ်အားထက်သန်နေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဇွန်လမှ သြဂုတ်လအတွင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ လူပေါင်း ၃၃၀,၀၀၀ ကျော်ထက်မနည်း ဘေးဒုက္ခကြုံတွေ့နေပြီး သေဆုံးသူပေါင်း ၈၈ ဦးရှိသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly