ပန်းထိမ်ငိုစိုက်ပျိုးခြင်း အပိုင်း (၂)

03 August 2017
ပန်းထိမ်ငိုစိုက်ပျိုးခြင်း အပိုင်း (၂)

အခု စိုက်ထားတာကတော့ ဥကို စိုက်ထားတာပါ၊ မိုးမကျခင်လောက်ကစပြီး စိုက်ထားတာပါ ဒီအပင်တွေကတော့ မိုးကုန်တဲ့အခါမှာ အပင်တွေကျသွားပေမယ့် ဥတွေကတော့ မြေကြီးထဲမှာ ကျန်နေပါတယ်။ ဒါကြောင့် နွေရောက်ရင် ဥတွေပြန်ဖော်ပြီး မိုးဦးကျမှာ ပြန်စိုက်လို့ရပါတယ်။

မြေပေါတယ်ဆိုရင်တော့ ဥတွေကို မဖော်ပဲထားပြီး မိုးကျတဲ့အခါမှာ ပြန်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲလို ပေါက်လာရင်တော့ အပင်တွေက ပိုကောင်းလာမှာပဲ ဖြစ်ပါတယ်။ စိုက်တဲ့အခါမှာတော့ ဥအရွယ်ကို လိုက်ပြီး တစ်ပင်နဲ့တစ်ပင်ကို ၁ပေ သို့မဟုတ် ၂ ပေခန့်ခွာပြီး စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။

စိုက်ဘောင်တစ်ဘောင်နဲ့ တစ်ဘောင်ကိုတော့ ၄ပေခန့် ခွာထားပေါ်ရမှာ ဖြစ်ပါတယ်။ စထွက်လာတဲ့ အခါမှာတော့ တစ်ကျင်းကို ၃ပင်လောက် ထွက်လာပေမယ့် အပင်က ပန်းပွင့်လာလို့ အပင်ကိုဖြတ်လိုက် နောက်ထပ်အပင်တွေ ဆက်ထွက်လာတယ် ဒါကြောင့် တစ်ကျင်းကိုတော့ ၁၀ပင် လောက်ရပါတယ်။

 မြေသြဇာ အနေနဲ့ကတော့ စိုက်ဘောင် အလည်ထဲကို ကြက်ချေး၊ အာမို စာတွေကိုထည့်အပေါ်က မြေဖုံးပြီးထည့်ပေးရပါမယ်။ အပင်ပေါက်လေးများ စထွက်လာပြီး ရင်တော့ ကြက်ချေးထည့်ပြီး ပေါင်းလိုက်ပေးရမှာပါ။ စိုက်ပြီး ၂လခန့် အကြာမှာတော့ ပန်းများကို စတင် ခူးဆွတ်နိုင်မှာလဲ ဖြစ်ပါတယ်။ ပန်းများကိုတော့ မိုးတွင်းတစ်တွင်းလုံး ခူးဆွတ်နိုင်ပါတယ်။

အပိုင်း ၂ အားကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/30057

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly