ရဲဘက်ပြေးကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိ

ရဲဘက်ပြေးကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ် ၃ ။              ။ ​မူးယစ်​​ဆေးမှုဖြင်​့ ​ထောင်​ဒဏ်​၆နှစ်​ ကျခံရပြီး ၂၀၁၇​ ဖေ​ဖော်​ဝါရီလတွင်​ ရဲဘက်​စခန်​းမှထွက်​​ပြေးလာသူကို မူးယစ်​​ဆေးနှင်​့အတူ ဇူလိုင်​၃၁ရက်​​၌ ဖမ်​းဆီးရမိခဲ့​ကြောင်​း ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့က ထုတ်​ပြန်​ထားသည်​။

ဖြစ်စဉ်​မှာ ရဲဘက်ပြေးဖြစ်ကြောင်း သတင်းရရှိထားသူ သံခဲ (ခ)မျိုးမြင့်ကို မရမ်းကုန်မြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်၌ ဇူလိုင်​၃၁​က ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့က တွေ့ရှိဖမ်းဆီးရမိခဲ့သည်​။

စစ်​​ဆေးရာတွင်​ Red Ruby စီးကရက်ဘူးခွံအတွင်း ပလပ်စတစ်အကြည်ရောင်အိတ်ငယ်ဖြင့် ထည့်ထားသည့် ဆေးခြောက်ဟုယူဆရသော အရိုးအရွက်ခြောက် ၂.၀၁ ဂရမ်၊ မီးခြစ်တစ်လုံး၊ နှင်းဆီတံဆိပ်   ဆေးပေါ့လိပ်အတွင်း ထည့်ထားသည့်   ဆေးခြောက်ဟု ယူဆရသော အရိုးအရွက်ခြောက် ၀.၈၃ ဂရမ်တို့အား ​တွေ့ရှိခဲ့သည်​။

ထို့ ​ကြောင်​့ ဘုရင့်နောင်နယ်မြေရဲစခန်းမှ မယ(ပ)၉/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဖမ်းဆီးရမိသူ သံခဲ(ခ)မျိုးမြင့်သည်​ ၂၀၁၅ ခုနှစ်က လှိုင်မြို့မရဲစခန်း မယ(ပ)၈/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆/(ဂ)/၂၁ ဖြင့်   ထောင်ဒဏ်(၆)   နှစ်ချမှတ်ခံရပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ရွှေသူဌေး စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းမှ ထွက်ပြေးလာသည့် ရဲဘက်ပြေးဖြစ်​သည်​။

လက်ရှိအချိန်​တွင်​ မူးယစ်​​ဆေးမှု​ဖြင်​့ အမှုဖွင်​့ထားပြီး ရဲဘက်​​ပြေးအဖြစ်​ အ​ရေးယူနိုင်​ရန်​ ​ဆောင်​ရွက်​​နေ​ကြောင်​း ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့မှ ထုတ်​ပြန်​ထားသည်​။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly