နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

4R Health Talk Episode (3), Part-1 (ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ ခင်ဗျာ အခုတစ်ပတ် 4R Health Talk ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်မှာ ဖိတ်ခေါ်ထားတဲ့ ဆရာဝန်ကြီးကတော့ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေး ဖြစ်ပါတယ်။ ဆရာကြီးဟာ ဆိုရင် ဝီတိုရီယ ဆေးရုံမှာ ဆေးခန်းထိုင်ပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေပါတယ်။

မဇ္ဈိမ - ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှလုံးရောဂါ ဖြစ်ပွားမှု အခြေကို နည်းနည်းလေး ရှင်းပြပေးပါလား ခင်ဗျာ။ တခြားရောဂါတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းက ဘယ်လောက် ရှိပါသလဲခင်ဗျ။

Prof: MMH - Population နဲ့ သွားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူဦးရေက ၅၂ သန်းရှိပါတယ်။ အသက် ၄၀ ကျော်တဲ့ လူဦးရေက ၁၅ သန်း ရှိပါတယ် ခင်ဗျ။ အဲတော့ နှလုံးသွေကြောအနေနဲ့ စဖြစ်တဲ့ အချိန်ကတော ကျွန်တော်တို့က အမျိုးသားတွေဆိုရင် မြန်မာနိုင်ငံအတွက် ၃၇ နှစ်က စပါတယ်။ အမျိုးသမီးတွေဆို အသက် ၄၂ ၊ ၄၅ လောက်က စပါတယ် ခင်ဗျ။ ဒီ Population ထဲမှာ Risk Factors တွေ ရှိရင်တော့ ကျွန်တော်တို့ ရာခိုင်နှုန်း နည်းနည်းများတာကို တွေ့နိုင်ပါတယ်။ နောက် ကြည့်လိုက်တဲ့ အခါ ကျွန်တော်တို့ Mortality ပေါ့နော်။ Non-Communicable Diseases လို့ ခေါ်ပါတယ်။ အဲဒီထဲမှာ နှလုံးသွေးကြောရောဂါနဲ့ အသက် အသက်ဆုံးရှုံးမှုက ကျွန်တော်တို့ လေးပုံ တစ်ပုံပေါ့။ ၂၅ % ရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ပြန်ကြည့်လိုက်တော့ ၂၀၀၅ ခုနှစ်ရဲ့ Ranking ခေါ်တာပေါ့။ ကျွန်တော်တို့ နှလုံးသွေးကြောကျဉ်း ရောဂါသည် နံပါတ် ၄ အဆင့်မှာ ရှိပြီးတော့ ၂၀၁၅ မှာဆိုရင် နံပါတ် ၂ အဆင့်ကို တက်သွားတာ တွေ့ရတယ်။ နောက် တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အိမ်နီးချင်း နိုင်ငံတွေ ယှဉ်လို့ ရှိရင် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် တို့ထက် ပိုများတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကမ္ဘာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖြစ်ပွားမှု အမျိုးသမီးကော အမျိုးသားရောက ကျွန်တော်တို့ အနီရောင် အဆင့်ပေါ့နော်။ အနီရောင်အဆင့်ဆိုတော့ များတဲ့ အထဲမှာ ပါတာ တွေ့ရပါတယ်။

မဇ္ဈိမ - အမျိုးသားရော အမျိုးသမီးရောဆို ကမ္ဘာမှာ တော်တော်များတဲ့ အနေထားပေါ့နော်။ ကျွန်တော်တို့ တစ်ကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောတာပေါ့နော်။

Prof: MMH - ဟုတ်ပါတယ် ခင်ဗျ။

မဇ္ဈိမ - အမျိုးသမီးတွေနဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်လို့ ရှိရင် ဘာဖြစ်လို့ အမျိုးသားတွေက ပိုပြီးတော့ များရတာလဲ ခင်ဗျ။

Prof: MMH - ကျွန်တော်တို့ အမျိုးသမီးတွေကတော့ ဓမ္မတာ မဆုံးခင်ထိ အမျိုးသမီး ဟော်မုန်း ရှိပါတယ်။ အဲဒီ အမျိုးသမီးဟော်မုန်းက နှလုံးသွေးကြော ရောဂါ အခိုက်အတန့်မှာ အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က အမျိုးသားတွေမှာ ပိုများတာ တွေ့ရပါတယ်။

မဇ္ဈိမ - ဆရာကြီး Slide 10 မှာ ဆိုရင်လည်း ဆရာကြီး ပြောထားတာ ရှိပါတယ်။ အဲဒါလေး နဲ့ ပတ်သက်ပြီး နည်းနည်း ရှင်းပြ ပေးပါအုံး။

Prof: MMH - ကျွန်တော်တို့ နှလုံးသွေးကြော ရောဂါ ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ Risk Factors တွေ လိုပါတယ်။ အဲဒါကို ကျွန်တော်တို့ WHO ကနေပြီးတော့ ရှာထားတဲ့အထဲမှာ ကျွန်တော်တို့ ၂၀၀၁ ခုနှစ်မှာ Current Tobacco Smoking က ၂၂% လောက် ရှိပါတယ်။ Raised Blood Pressure က ၂၈.၉ % Obesity က ၄% ဒါက WHO က ရှာတာပါ။ နောက် ကျွန်တော်တို့ ASCC ပေါ့။Asian Federation Of Cardiology ပေါ့။ Myanmar Cardiology Society ပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံ နှလုံးဆရာဝန် အသင်းက နေပြီးတော့ ၂၀၁၆ ခု ကျွန်တော်တို့ နိုဗိုတယ်မှာ ကြေငြာတာကတော့ ကျွန်တော်တို့ အခုက ပြောတဲ့ Hypertension က Popolution မှာ ၂၅-၃၀ % ထိ။ ဒါက အသက် ၄၀ ကျော်မှာ ဆိုလိုတာက ၃ ယောက်မှာ တစ်ယောက်၊ သွေးတိုး ဖြစ်တယ်လို့   ပြောပါတယ်။   နောက်တစ်ခုက ကျွန်တော်တို့ Cholesterol ပေါ့ High Cholesterol က ဘယ်လောက်ထိ ဖြစ်သလဲဆိုရင် 50% ထိ ဖြစ်ပါတယ်။ ဆိုလိုတာက နှစ်ယောက်မှာ တစ်ယောက်ဟာ Cholesterol များနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာ။ နောက် ဆီးချိုကတော့ 12% ရှိပါတယ်။ Smoking ဆေးလိပ်သောက်တာကတော့ ကျွန်တော်တို့ 15% ရှိတယ်။ အဲတော့ သွေးတိုးရောဂါ ဖြစ်တဲ့ သူတွေမှာ ပိုပြီးတော့ အဓိက အရေးကြီးတာက ကျွန်တော်တို့ ဆီးချိုက 30% ထိ တွဲဖက် ရှိပါတယ်။ High Cholesterol က ကျွန်တော်တို့ Cholesterol များတာက 60% ထိ ရှိပါတယ်။ အဲတော့ ဒီ Risk Factors တွေ အားလုံး ပေါင်းလိုက်လို့ ရှိရင် ကျွန်တော်တို့ နှလုံးသွေးကြော ရောဂါဖြစ်ဖို့ ပိုများပါတယ်။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ် ဆရာ။ အဲတော့ ကျွန်တော်တို့ အသက်အရွယ် အပိုင်းအခြားလိုက် ပြန်ပြီးတော့မှ ဘယ်အရွယ်တွေမှာ ပိုပြီးတော့မှ ဖြစ်တတ်သလဲ။ ဘယ်အသက်အပိုင်းအခြားမှာ အမျိုးသား အမျိုးသမီး ခွဲခြားပြီးတော့ ပြောမယ်ဆိုရင် ဘယ်လောက်ထိ ဖြစ်နိုင်သလဲ။

Prof: MMH - ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နှလုံးသွေးကြော ရောဂါကို ပြောမယ်ဆိုရင် အသက်နဲ့ ကျွန်တော်တို့ သုတေသန လုပ်ထားတာက အမျိုးသားတွေမှာဆိုရင် အသက် ၃၇ မှာ စပြီးတော့ အဖြစ်များပါတယ်။ အမျိုးသမီးတွေက နည်းနည်းလေး နောက်ကျပါတယ်ခင်ဗျ။ ၄၀ နှင့် ၄၅ကြားမှာ စပြီးတော့ ဖြစ်ပါပြီ။ ဒါကြောင့်မို့လို့ ကျွန်တော် အကြံပေးချင်တာက အမျိုးသားတွေဆို ၃၇ လောက်မှာ စပြီးတော့ Screening ခေါ်တာပေါ့။ စမ်းသပ်မှုတွေ စသင့်ပါပြီ။ အမျိုးသမီးတွေဆို အသက် ၄၂၊ ၄၃ စပြီးတော့ စမ်းသပ်သင့်ပါပြီ။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ် ဆရာကြီး အဲလိုမျိုး Screening လုပ်တဲ့ အခါမှာ ဘာတွေ လိုအပ်သလဲခင်ဗျ။

Prof: MMH - အဲတော့ Screening လုပ်ပြီးဆိုရင် ကျွန်တော်တို့ အရေးအကြီးအဆုံးပေါ့ Family History လို့ ခေါ်တာပေါ့။ အမျိုးထဲမှာ ကျွန်တော်တို့ နှလုံးသွေးကြောရောဂါနှင့် အသက်ငယ်ငယ်နဲ့ ဖြစ်ဖူးသလား။ ဆုံးသွားသလား ဒါက အရေးကြီးပါတယ်ခင်ဗျ။ နောက်တစ်ခုက အခုဖြစ်တဲ့ ရောဂါပေါ့။ ဆီးချိုတို့ သွေးတိုးတို့  Cholesterol များတာတို့ ဆေးလိပ်သောက်တာတို့ အဲလို ကျောက်ကပ်မကောင်းတဲ့ ဟာမျိုးတွေ ဒါမျိုးဆိုရင် နှလုံးသွေးကြောရောဂါ ဖြစ်မယ့် Chances     များပါတယ်ခင်ဗျ။ အဲတော့ အဲဒါကို ပြန်ကြည့်မယ်ဆိုရင် Group လေးတွေ ခွဲလိုက်ပါတယ်။ လွယ်အောင်ပေါ့နော်။ ပထမ Group ကတော့ Family history ရှိတာပေါ့။ Family History ရှိတယ်ဆိုရင် ဒီဟာတွေက ပိုပြီးတော့ ဂရုစိုက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပုံမှန်ဆိုရင် အသက် ၃၇ လောက်မှာ နှလုံးသွေးကြောရောဂါ Screening စသော်လည်းဘဲ ဒီလိုမျိုး Family History ရှိတယ်ဆိုရင် ကျွန်တော်တို့က အသက် ၃၀ မှာ စပြီးတော့ ဆိုလိုတာက ၁၀နှစ်ပေါ့။ ကျွန်တော်တို့ ၁၀နှစ်ကြိုပြီးတော့ စပြီးတော့ စမ်းသပ် လုပ်သင့်ပါတယ်။ အဲဒီမှာ ကြည့်လိုက်ရင်တော့ ကျွန်တော်တို့Early Onset of CAD ပေါ့နော်။ အမျိုးသားတွေဆိုရင် သူတို့နိုင်ငံရဲ့ အနေထား အသက် ၅၅နှစ်အောက်၊ အမျိုးသမီးတွေ အမျိုးထဲမှာ ၆၅နှစ်အောက် ဖြစ်တယ်ဆိုလို့ ရှိရင် ဒါ ကျွန်တော်တို့ နှလုံးသွေးကြောရောဂါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံအနေနဲ့တော့ အမျိုးသားတွေကို ၄၅နှစ်အောက် အမျိုးသမီး ၅၅ နှစ်အောက် ဖြစ်တယ်ဆိုရင် ဒါ ကျွန်တော်တို့ Family History ရှိတယ်လို့ ယူဆပါတယ်။

မဇ္ဈိမ - အဲတော့  ကျွန်တော်တို့ ဒီ Family History မရှိတဲ့ သူတွေကျရင်ရော ဆရာကြီး။

Prof: MMH - Family history မရှိရင်တော့ ကျွန်တော်တို့ Second Group ပေါ့နော်။ No Family History ဆိုရင်တော့ Public Screening For Asymptomatic Patients ပေါ့နော်။ ကျွန်တော်တို့ လက္ခဏာမရှိတဲ့ သူတွေရဲ့ Public ဆိုရင်တော့ အခုနက ပြောသလိုပဲ ကျွန်တော်တို့ အသက် ၄၀ ကျော် ပတ်ဝန်းကျင် အမျိုးသားဆိုရင် ၃၇ လောက်မှာ စသင့်ပါပြီ။ အမျိုးသမီးဆိုရင် ၄၀ ကျော်ကျော် ၄၂၊ ၄၃ လောက်မှာ စသင့်ပါပြီ။ လုပ်သင့်တာတွေကတော့ Cholesterol Lipid Profile တဲ့ HBA1C လုပ်သင့်ပါတယ်။ နောက်တစ်ခါ Metabolic Syndrome ပေါ့။ ဝပြီးတော့ ဒါမျိုးတွေ ရှိလား ကြည့်သင့်ပါတယ်။ နောက် ASCVD Atherosclerotic-Cardiovascular-Disease Risk Score လို့ ခေါ်တာပေါ့။ ၂၀၁၃ခုနှစ် အမေရိကန် နှလုံးဆရာဝန် အသင်းကနေပြီးတော့ ပြောပြထားတာ ကျွန်တော်တို့ Risk Score တွေ လုပ်သင့်ပါတယ်။ နောက် Framingham Risk Score တွေ လုပ်သင့်ပါတယ်။ နောက်တစ်ခါ လိုအပ်မယ်ဆိုရင်တော့ Calcium Score ပေါ့ အဲဒါကတော့ ကျွန်တော်တို့ အာရှနိုင်ငံမှာတော့ အသက် ၄၀ ကျော်ရင်တော့ လုပ်သင့်ပါတယ်။ နောက် Exercise Stress Test Echocardiography ပေါ့ ဒါမျိုးတွေနဲ့ စမ်းသပ်မယ်ဆိုရင် ကျွန်တော်တို့ Early Decision သိနိုင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခြားအုပ်စုတွေရော မရှိနိုင်ဘူးလား ဆရာကြီး။

Prof: MMH - အခြားအုပ်စုကတော့ ကျွန်တော်အနေနဲ့ Third Group အနေနဲ့ ခွဲထားပါတယ် ခင်ဗျ။ အဲတာတွေကတော့ Hight Risk  ပါ ခင်ဗျ။ Hight Risk  ဆိုတာက အခုနက ကျွန်တော်တို့ FamilyHistory ရှိသလိုပါပဲ။ သူက ဒါမျိုးရှိတယ်ဆိုရင် နှလုံးသွေးကြောရောဂါ အဖြစ်များပါတယ်။ သာမန်လူတွေထက် ပိုများတယ်ပေါ့။ အဲဒါတွေကတော့ ကျွန်တော်တို့ Metabolic Syndrome  လို့ ခေါ်ပါတယ်။ အဲတော့ အဲဒီမှာ ဘာတွေ တွေ့နိုင်လဲဆိုတော့ ကျွန်တော်တို့ Central Abdominal Obesity  လို့ ခေါ်တာပေါ့။ နောက် ဆီးချို သို့မဟုတ် အဲဒါနဲ့ တွဲနိုင်ပါတယ်။ နောက်   သွေးတိုးရှိနိုင်ပါတယ်။  နောက် Cholesrerol တွေ တက်နိုင်ပါတယ်။ နောက် HDL က နည်းနေနိုင်ပါတယ်။ နောက် LDL ဆိုတဲ့ Cholesrerol ကတော့ Normal ဖြစ်နေနိုင်ပါတယ်။ ဒီလိုမျိုး Group တွေဆိုရင်တော့ ကျွန်တော်တို့က Hight Risk လို့ ခေါ်ပါတယ်။ အခုနက ပြောတဲ့ Risk Score တွေ တွက်စရာ မလိုပါဘူး။ နောက် သေသေချာချာ ကုသဖို့ လိုအပ်ပါတယ်။

မဇ္ဈိမ - ဒါဆိုရင်တော့ လွယ်လွယ်သိနိုင်တဲ့ အချက်တွေပေါ့နော်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး။

Prof: MMH - ဒါကတော့ နှလုံးသွေးကြော ဖြတ်ပိုင်းတွေပါ။ ဒီမှာဆိုရင် ဒါတွေ RPCလို့ ခေါ်တဲ့ အနီလေးတွေပါ။ အဝါလေးတွေကတော့ ဒါ Cholesrerol တွေပါ။ Cholesrerol တွေဟာ အသက်အရွယ် ရလာတာနဲ့ အမျှ ကျွန်တော်တို့ သွေးကြောနံရံမှာ တစ်ဖြည်းဖြည်းနဲ့ စပြီး ပုံလာပါတယ်။ ဒါဆိုရင် သွေးကြောရောဂါ ဖြစ်တည်စ အချိန်တွေပါ။ အဲတော့ အဲဒီကနေပြီးတော့ ၅၀% ပိတ်သွားလို့ ရှိရင် သွေးကြောရောဂါ ရှိသော်လည်း လက္ခဏာ မပြပါဘူး။ အဲတော့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ကြားဖူးမှာပါ။ ဘာမှလည်း မဖြစ်ဘူး ကောင်းတယ် ပြီးလို့ ရှိရင် ရုတ်တရက် ဆုံးရှံုးသွားတယ်ဆိုတာ ဒီ ၅၀% ကနေပြီးတော့ ရုတ်တရက် Heart Attack ရတာ။ အဲဒီကနေပြီးတော့ ဒီဟာက ရ၀% ပေါ့။ ဒီလိုများသွားတဲ့ အချိန်မျိုးဆိုရင် လမ်းလျှောက်ရင် ရင်ဘတ်အောင့်မယ် လမ်းလျှောက်ရင် မောမယ်။ နားလိုက်လို့ ရှိရင် သက်သာသွားမယ်။ အဲဒီအဆင့်ကို Stable  ဖြစ်နေရမယ်။ ဒါကတော့ ၅၀ % ပေါ့။ ဒါက Heart Attack မဟုတ်သေးဘူး ခင်ဗျ။ Heart Attack က ဒီဟာက ကွဲသွားတယ် ခင်ဗျ။ Realogy လို့ ခေါ်တာပေါ့။ အဲတော့ စိတ််လှုပ်ရှားမှုသော်လည်း တစ်ခုခုမှာ ကွဲသွားတယ်။ ကွဲသွားရင် ကျွန်တော်တို့ ကွဲသွားရင် ဒီနေရာ လျိုဒါလို့ ခေါ်တယ်။ ဒီမှာ ကွဲသွားရင် အဲဒီနေရာ Group  ထဲမှာ ဒါကို Heart Attack လို့ ခေါ်တယ်။ Heart Attack ဆိုရင် ဒီလောက်လေးပဲ ရှိတယ်ဆိုရင် ဒါက မိုင်နာ Heart Attack ပေါ့။ အရေးကြီးပါတယ်။ ဆေးရုံကို သွားပြီးတော့ ကုသဖို့ လိုပါတယ်။ အသက် အန္တရာယ်ကတော့ ရှိနေပါသေးတယ်။ ဒီကနေ တစ်ဆင့် ဆိုးတဲ့ ကွဲတဲ့ဟာမျိုးဆိုရင် လုံးဝ ပိတ်သွားတယ်။ ဒါမျိုးဆိုရင် MajorHeart Attack ပေါ့။ အဲဒါဆိုရင်တော့ သုံးနာရီ အတောအတွင်း မြန်နိုင်သမျှ မြန်မြန် ဒီသွေးကြောကြီးကို ဖွင့်ပြီးတော့ အထဲထဲမှာ ဒေါက်တိုင်ထည့်ဖို့ လိုပါတယ်။ အဲတော့ ကျွန်တော်တို့က ဒီဟာကို နှစ်ခု ခွဲပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ ဒီ Stable Coronary Artery Disease နောက်တစ်ခု ဒီဟာကို Unstable Coronary Heart Attack ဒီရောဂါက တစ်ခုတည်းပါပဲ။ ဒါပေမယ့် သဏ္ဍန်အနေနဲ့ တစ်ခုတည်း ရှိနေပါတယ်။

မဇ္ဈိမ - နှလုံးရောဂါ ရနိုင်တဲ့ သူတစ်ယောက်ရဲ့ အသွင်အပြင် လက္ခာ လို့ ပြောရမလား အဲဒါဆိုရင် ဘယ်လို ပြလဲ ခင်ဗျ။

Prof: MMH - ဒီဟာကတော့ ကျွန်တော်တို့ Heart Attack Warning Sings ဆိုတဲ့ အခုနက ပြောတဲ့ Heart Attack ပါ။ Stable ဘက် မဟုတ်ပါဘူး။ Unstable  လို့ ခေါ်ပါတယ်။ အဲဒါမျိုးဆိုရင် ရုတ်တရက် ဖြစ်ပါမယ်။ ပြီးတဲ့အခါမှာ ရင်ဘတ်မှာ အောင့်တယ်ပေါ့။ ကျွန်တော်တို့ ဖိထားသလိုမျိုး နာတာပေါ့လေ။ နောက်တစ်ခုက ကျွန်တော်တို့ ဒီ Referred Pain လို့ ခေါ်တာပေါ့။ အခုနက ပြောတဲ့ နာတာသည် ဘယ်ဘက်လက် လည်ပင်းတို့ နောက် ဘယ်ဘက်လက်တို့ ဘယ်ဘက်ကျောကုန်းတို့ အဲဒီဘက်ကိုလည်း သွားနိုင်ပါတယ်။ တစ်ခါတလေမှာလည်း ညာဘက်ကို သွားနိုင်ပါတယ်။ လူနာကလည်း တစ်ခါတလေကျရင် အန်တာတို့ မောတာတို့ ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက် အသက်ရှူမဝတာပေါ့ အဲဒါတွေ အားလုံးက ရုတ်တရက် ဖြစ်တာပါ။ အခုနက ပြောသလို ရုတ်တရက်ဖြစ်တယ် နေရာက ပေါက်သွားပြီးတော့ သွေးခဲတဲ့ အတွက်ကြောင့်မို့လို့ ဒီပြဿနာတွေ ချက်ချင်း ဖြစ်တယ်ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူသင့်ပါတယ်။

မဇ္ဈိမ - အမျိုးသမီးနှင့် အမျိုးသာ လက္ခဏာ ကွဲပြားတယ်လို့ ထင်ပါတယ်။ အဲတော့ ဆရာကြီး အဲတာလေးလည်း နည်းနည်း ပရိသတ်အတွက် ပြောပြပေးပါအုံး။

Prof: MMH -အမျိုးသားနှင့် အမျိုးသမီးပေါ့ ကျွန်တော်တို့ Heart Attack ပေါ။့ တူတာလေးတွေလည်း ရှိပါတယ်။ မတူတာလေးလည်း နည်းနည်းရှိပါတယ်။ တူတာကတော့ ရင်ဘတ်အောင့်တာပေါ့။ ရင်ဘတ်မှာ Discomfort မသက်သာတာတို့ ဖိမိတာတို့ ဒါတွေ နှစ်ခုလုံးက တူပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာ ပိုပြီးတော့ Common  ဖြစ်တာတော့ အသက်ရှူမဝတာတို့ အန်တာတို့ အခုနက ပြောတဲ့ ပျို့တာတို့ နောက်အခုနပြောတဲ့ Back,Neck,Arm,Jaw Pain ဒီ ရင်ဘတ်အောင့်တာ လည်ပင်းမှာ အောင့်တာ တစ်ခါတလေဆိုလို့ရှိရင် သူတို့က အစာမကြေတာနဲ့ လာတတ်ပါတယ်။ နှလုံးရဲ့ အောက်ပိုင်းမှာ သွားပြီးတော့ ပိတ်လို့ ရှိရင် အစာမကြေတာမျိုးနဲ့ လာတတ်ပါတယ်။ တစ်ခါတလေကျရင် တုတ်ကွေးလိုမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အသက်ကြီးတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဖြစ်ပြီးတော့ နည်းနည်းကွာတာ တွေ့ပါတယ်။ တစ်ခု အရေးကြီးတာက ဘာလဲဆိုတော့ အမျိုးသားမှာ ဖြစ်တဲ့ နှလုံးသွေးကြော ပိတ်တာနဲ့ အမျိုးသမီးမှာ ပိတ်တာ အမျိုးသမီးမှာ ပိုဆိုးပါတယ်။ ပိုပြီးတော့ အသက်အန္တရာယ်လည်း ပိုများပါတယ်။ အဲတော့ အမျိုးသားတွေထက် ပိုပြီးတော့ ဆိုးတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးဖြစ်တယ်ဆိုရင် မပေါ့ဖို့ပေါ့။ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မဇ္ဈိမ - အခုနက ဆရာကြီး ပြောသွားတဲ့ အချက်အလက်တွေကို ကျွန်တော် ပြန်ချံု့မယ် ဆိုရင် ဒီ နှလုံးရောဂါဟာ မြန်မာနိုင်ငံမှာ ကမ္ဘာနှင့် ယှဉ်ရင်လည်း များတယ်လို့ ပြောတယ်။ အနီတောင် ပြနေတယ်။ အဲတော့ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ ရောဂါတစ်ခုထဲမှာ ပါမယ်လို့ ထင်ပါတယ်။ နှလုံးရော မဖြစ်အောင် ပြန်မဖြစ်အောင် ထိန်းသိမ်းရမယ့် အချက်တွေကို ပြောပြပေးပါ ဆရာ။

Prof: MMH - ကျွန်တော်တို့ မဖြစ်အောင် ပြန်ပြီးတော့ ထိန်းသိမ်းရမယ့် အချက်ကတော့ Healthy Heart for Life ကျွန်တော်တို့ ဌာနရဲ့ ဆောင်ပုဒ်ပါ။ အဲမှာ ဘာတွေ လုပ်ဖို့ လိုလဲဆိုတော့ ကျန်တာကတော့ American College Of Cardiology က သတ်မှတ်ထားတဲ့ ရချက်ပါ။ အဲဒါကတော့ နံပါတ်တစ်က Get Active ပါ။ လှုပ်လှုပ်ရှားရှားနေရမယ်။ ဘယ်လောက် လှုပ်လှုပ်ရှားရှားနေရမယ်ဆိုရင် ကျွန်တော်တို့ တစ်ရက်ကို နာရီဝက် လမ်းလျှောက်မယ်။ ဒါမှမဟုတ်ရင် ဂျောကီပေါ့။ အဲဒါလေး လုပ်မယ်ဆိုရင် လုံလောက်ပါတယ်။ နောက်တစ်ခုကတော့ Control Cholesteral ပေါ့။ ဒီတစ်ခုက မြန်မာနိုင်ငံအတွက် သိပ်ပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၅၀% ၆၀% က Cholesteral တွေ တော်တော်များနေတယ်။ လူနှစ်ယောက်မှာ တစ်ယောက်က Cholesteral တော်တော်များနေတဲ့ အတွက် Cholesteral ကို လျော့စားဖို့ လျော့စားရင်လည်း ကျွန်တော်တို့က ကြက်သားစားမယ်ဆိုရင် ပေါင်တို့ တောင်ပံတို့က များပါတယ်။ ရင်ဘုံသားလို့ ဟာမျိုး စားမယ်ဆိုရင်တော့ Cholesteral နည်းတယ်ပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Sea Fruit  လို့ ခေါ်တာပေါ့။ ငါးဆိုရင်တော့ ကြိုက်သလောက် စားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Eat Healthy ပေါ့့။ အသီးအရွက်တွေ များများစားဖို့ လိုပါတယ်။ ရေများများသောက်မယ် ဒါမျိုးဆိုရင်တော့ ဒီ Cholesteral တွေ ကျသွားမယ်ပေါ့နော်။ နောက်တစ်ခု အရေးကြီးတဲ့ နံပါတ် လေး အချက်ကတော့ Quit Smoking ပေါ့ ဆေးလိပ်ကို ဖြတ်ရမယ်။ ဘာအရေးကြီးလဲဆိုတော့ ဆေးလိပ်သောက်လို့ ရှိရင် ဆေးလိပ် ဖြတ်လိုက်ရင်ပေါ့ တစ်နှစ်ကြာမှ ပုံမှန်အခြေနေကို ပြန်ရောက်တာပါ။ သောက်ထားပြီးတော့ အဲဒီအချိန်က တစ်နှစ်အတွင်းမှာ နှလုံးသွေးကြောရောဂါ ဆက်ဖြစ်နေတယ်။ ဒါက အရေးကြီးတယ်ပေါ့။ အဲဒီအချိန်တိုင်းမှာလည်း   ဆေးလိပ်ဖြတ်ပြီးသော်လည်း  ဆယ်နှစ်ကြာပြီးမှ အဆုတ်ကင်ဆာ ဖြစ်တာက ပုံမှန်အခြေနေကို ပြန်ရောက်သွားပါတယ်။ အဲဒီတော့ ဆေးလိပ်က စောစောဖြတ်လေ   ကောင်းလေပေါ့နော်။   နောက်တစ်ခုကတော့ ကျွန်တော်တို့ Control Blood Pressure ပေါ့နော်။ သွေးပေါင်ချိန်တိုင်းဖို့ သွေးပေါင်ချိန်အားလုံးကို  ပုံမှန်ဖြစ်ဖို့ ကုသဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အသက် ၄၀ ကျော်ရင် သုံးယောက်မှာ တစ်ယောက်က သွေးတိုးဖြစ်နေတယ် ဆိုတော့ ကျွန်တော်တို့ သေချာကုဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ Lose Weight ပေါ့ ကျွန်တော်တို့ နိုင်ငံနေနဲ့ လူမျိုးအတွက် Lose ဆိုရင် ကျွန်တော်တို့ BMI နဲ့ တိုင်းပါတယ်။ BMI က ၂၃ နဲ့ ၂၅ ဆိုတော့ ဝိတ်လျှော့ဖို့ လိုပါတယ်။ နောက်ဆုံးကတော့ Reduce Blood Sugar ပေါ့။ ဆီးချိုရှိတဲ့ သူတွေအတွက်လည်း အချိုလျှော့စားမယ်။ ဆီးချိုကို သေချာကုမယ်။ ဝတဲ့သူတွေလည်း လျှော့စားဖို့ လိုပါတယ်။ ကင်ဆာ ကာကွယ်ပြီးသားလည်း ဖြစ်သွားမယ်ပေါ့လေ။ ဒီအချက် ရချက်က American College of Cardiology အဲဒီက အမေရိကန် ဆရာဝန်အသင်းက နေပြီးတော့ ဒါ minor changes ပေါ့ သို့သော်လည်း Major effects ဖြစ်တယ်ဆိုပြီးတော့ ဒါလေးတွေက ပြောထားတယ် ခင်ဗျ။ ဒါလေးတွေကို လိုက်နာမယ်ဆိုရင် ကျွန်တော်တို့က Reduce Your Risk of Heart Attack တွေ လျော့သွားမယ်လို့ ယူဆပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဆရာ။ နောက်နေ့တွေမှာလည်း နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဌေးနဲ့ တိုက်ရိုက် မေးမြန်းထားတာတွေကို ပြန်လည် ထုတ်လွှင့်ပေးပါ့မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly