PSG ကြောင့် အသင်းကနေ ထွက်ခွာသွားနေပြီဖြစ်ကြောင်း ဘာစီလိုနာ အသင်းဖော်များကို နေမာ ပြော

PSG ကြောင့် အသင်းကနေ ထွက်ခွာသွားနေပြီဖြစ်ကြောင်း ဘာစီလိုနာ အသင်းဖော်များကို နေမာ ပြော
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ စပိန်ကလပ် ဘာစီလိုနာရှိ အသင်းဖော်များကို ၎င်းဟာ အသင်းကနေ ထွက်ခွာသွားနေဖြစ်ကြောင်း ဒီကနေ့ သြဂုတ် ၂ ရက်၊ ဗုဒ္ဓဟူးနေ့က ကလပ်အသင်းရဲ့ သတင်းရင်းမြစ်များမှ အီးအက်ဖ်အီးအေဂျင်စီကို ပြောခဲ့တယ်လို့ သိရပါတယ်။

သတင်းများအရ နေမာဟာ ဘာစီလိုနာရဲ့ Joan Gamper sports စီးတီးဆီ မနက်ပိုင်းက ရောက်ရှိလာခဲ့ပေမယ့် ၎င်းဟာ လေ့ကျင့်ခန်းမဆင်းဘဲ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးနောက် မကြာခင်မှာပဲ ပြန်လည်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

"နေမာဟာ နည်းပြရဲ့ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန်း ဆင်းမှာမဟုတ်ဘဲ ၎င်းရဲ့ အနာဂတ်ကို ဖြေရှင်းဖို့ ပေးထားပါတယ်"လို့ ကလပ်အသင်းရဲ့ ရင်းမြစ်များက ပြောပါတယ်။

အသက် ၂၅ နှစ်ရှိ နေမာဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုအသင်းသို့ ယူရို ၈၆.၂ သန်းဖြင့် ရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ၁၈၆ ပွဲ ကစားပြီး ၁၀၅ ဂိုး သွင်းယူခဲ့ပါတယ်။

နေမာရဲ့ ဘာစီလိုနာနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးငွေ ယူရို ၂၂၂ သန်းက ၎င်းကို ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားဖြစ်စေမှာဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာ ဘရာဇီးတိုက်စစ်မှူးနေမာနဲ့ PSG အသင်းတို့ လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ ပြင်သစ်နာမည်ကြီး မီဒီယာ လိခီပယ် (L'Équipe) ကလည်း ဖော်ပြထားပြီး PSG က စာချုပ်ပါလျော်ကြေးငွေအတိုင်း ယူရို ၂၂၂ သန်းပေးချေပြီး ခေါ်ယူမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags