ပခုက္ကူတွင်​ H1N1 Flu နှင်​့ပတ်​သက်​၍ အသိပညာ​ပေးလုပ်​ငန်​းများပြုလုပ်​

ပခုက္ကူတွင်​ H1N1 Flu နှင်​့ပတ်​သက်​၍ အသိပညာ​ပေးလုပ်​ငန်​းများပြုလုပ်​

ပခုက္ကူ ၊ ဩဂုတ်​ ၂ ။               ။ ပခုက္ကူတွင်​ H1N1 Flu နှင်​့ပတ်​သက်​၍ လူထုကြား အသိပညာ​ပေး လုပ်​ငန်​းများအား ပခုက္ကူမြို့ရှိ လူငယ်​များက ဦး​ဆောင်​ကာ ဩဂုတ်​လ ၂ရက်​​နေ့က ပြုလုပ်​ခဲ့ကြသည်​။

အသိပညာ​ပေး လုပ်​ငန်​းများ အ​နေဖြင်​့ မြို့တွင်​းလူစည်​းကာရာ​နေရာများဖြစ်​သည်​့ မြို့မ​စျေးနှင်​့ လမ်​းမကြီးများ တ​လျှောက်​  H1N1 Flu နှင်​့ပတ်​သက်​သည်​့ ​လက်​ကမ်​းစာ​စောင်​များ နှင်​့ ဗီနိုင်​းများ ဖြန်​့​ဝေခြင်​း၊နှာ​ခေါင်​းစည်​းများ ဖြန်​့​ဝေခြင်​း စသည်​့ လုပ်​ငန်​းများ ​ဆောင်​ရွက်​ခြင်​း ဖြစ်​သည်​ဟု သိရသည်​။

"ကျွန်​​တော်​တို့ လှုပ်​ရှားရတဲ့ ရည်​ရွယ်​ချက်​က ပခုက္ကူမှာ H1N1 Flu နဲ့ပတ်​သက်​ပြီး လူထုကြားမှာက အသိပညာ​နည်​း​သေးတဲ့အတွက်​ အသိပညာရရှိ​စေခြင်​တဲ့ ရည်​ရွယ်​ချက်​ နဲ့ ခုလို လုပ်​ရခြင်​း ဖြစ်​ပါတယ်​"ဟု ဦး​ဆောင်​လှုပ်​ရှားသူ လူငယ်​တစ်​ဦးဖြစ်​တဲ့ ကိုထွန်​း​အောင်​လွင်​က မဇ္ဈိမ သို့​ပြောသည်​။

အဆိုပါ လှုပ်​ရှားမှုအား ဩဂုတ်​လ ၂ရက်​​နေ့နှင်​့ ၃ရက်​​နေ့ ၂ရက်​တာပြုလုပ်​သွားမည်​ဖြစ်​ပြီး အသိပညာ​ပေး လက်​ကမ်​းစာ​စောင်​ ၅​သောင်​းနှင်​့ နှာ​ခေါင်​းစည်​း ၂​သောင်​း ဖြန်​့​ဝေသွားမည်​ဟု သိရသည်​။

"​ရောဂါအ​ခြေအ​နေက တအားကြီး ဆိုးဝါးတဲ့ အ​ခြေအ​နေ​တော့ မဟုတ်​​ပေမယ်​့ လျစ်​လျူရှု လို့မရဘူးဆိုတာ ပြည်​သူလူထုကို သိရှိ​စေချင်​လို့ ခုလို လုပ်​ရတာဖြစ်​ပါတယ် " ကိုထွန်း​​အောင်လွင်က ဆိုသည်​။

ပခုက္ကူမြို့တွင် ​တက္ကသိုလ်​​ကျောင်​းသား၊​ကျောင်​းသူများ၊အရပ်​ဖက်​အဖွဲ့အစည်​းများ၊ ဌာနဆိုင်​ရာများ မှ H1N1 Flu နှင်​့ပတ်​သက်​သည်​့ အသိပညာ​ပေးလုပ်​ငန်​းများ အင်​တိုက်​အားတိုက်​ လုပ်​​ဆောင်​လျှက်​ရှိပြီး လက်​ရှိ အချိန်​အထိ ပခုက္ကူမြို့တွင်​ H1N1​ရောဂါ​တွေ့ရှိသူ မရှိ​သေးဟု ပခုက္ကူ​ဆေးရုံတာဝန်​ရှိသူတစ်​ဦးက ဆိုသည်​။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) ဖြစ်ပွားမှုမှာ ယမန်နေ့ သြဂုတ်လ ၁ ရက်တွင် အတည်ပြုလူနာ စုစုပေါင်း ရ၆ ဦး အထိ ရှိလာပြီး ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly