စင်ကာပူအမျိုးသားနေ့ နှစ် ၅၀ ရွှေရတုအခမ်းအနားကို သြဂုတ် ၈ ရက်က ခမ်းနားစွာ ကျင်းပ

စင်ကာပူအမျိုးသားနေ့ နှစ် ၅၀ ရွှေရတုအခမ်းအနားကို သြဂုတ် ၈ ရက်က ခမ်းနားစွာ ကျင်းပ
 နှစ် ၅၀ ပြည့် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား အစမ်းလေ့ကျင့်မှုအား သြဂုတ် ၁ ရက်က တွေ့ရစဉ် ( စထရိတိုင်းမ်)

စင်ကာပူနိုင်ငံ အမျိုးသားနေ့ နှစ် ၅၀ ရွှေရတုအခမ်းအနားကို သြဂုတ် ၈ ရက်က ခမ်းနားစွာ ကျင်းပခဲ့ရာ တက်ရောက်သူ သောင်းပေါင်းများစွာ ရှိကြောင်း သိရသည်။

ဗြိတိသျှတို့၏ ကိုလိုနီဖြစ်ခဲ့သော စင်ကာပူနိုင်ငံသည် လူထုအုံကြွမှုဖြစ်ပေါ်ပြီးနောက် မလေးဖက်ဒရေးရှင်းမှ လွန်ခဲ့သော နှစ် ၅၀ ခန့်က ခွဲထွက်ခဲ့ ပြီးနောက် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်။

သို့သော် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် နိုင်ငံရေးနယ်ပယ်တွင် တင်းကျပ်သော ထိန်းချုပ်မှုများ ရှိခဲ့ကြောင်း ဝေဖန်သူများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly