ထိုင်းဝန်ကြီးချုပ် စင်ကာပူသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်

ထိုင်းဝန်ကြီးချုပ် စင်ကာပူသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၏နှစ် ၅၀ပြည့် အမျိုးသားနေ့အခမ်းအနားသို့တက်ရောက်ရန် သြဂုတ် ၈ ရက်ကဘန်ကောက်မြို့ဒေါင်မောင်း ရှိစစ်တပ် လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် ၎င်းအား လေဆိပ်တွင် စောင့်ဆိုင်းနေသည့် သတင်းထောက်များကို အင်တာဗျူးခွင့် မပေးခဲ့ပေ။

ထိုင်းအစိုးရအဖွဲ့  လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဝီရာချွန်ဆူခွန်ဒါပါတီပက်က အစိုးရကိုယ်စားလှယ်အဖွဲ့တွင် အနီရောင်တီရှပ်များ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ၏ အမျိုးသားနေ့အတွက် အိမ်ရှင်နိုင်ငံအား ဂုဏ်ပြုသောအားဖြင့် ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၁၁ နာရီ ၂၀ မိနစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly