ဂျီရိုနာအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းမှ ကစားသမား (၃)ဦးကို အငှာဖြင့် ခေါ်ယူရရှိခဲ့ကြောင်း စပိန်ကလပ်က အင်္ဂါနေ့က ပြောပါတယ်။
ယခုဒီ လာလီဂါတန်းတက်အသင်းဟာ အသက် ၂၀ အရွယ် ကိုလံဘီယာ တိုက်စစ်မှူး မာလို့စ် မိုရင်နို တစ်ရာသီ စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။
အင်ဒီးအသင်းအတွက် (၈)ပွဲ ကစားထားတဲ့ မိုရင်နိုဟာ ၂၀၁၆ က ကိုလံဘီယာမှ အက်သလက်တီကိုနေရှင်နယ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဒီပို့တီဗိုအသင်းဆီ အငှားဖြင့် သွားရောက် ကစားခဲ့ပါတယ်။
လာလီဂါမှာ ပထမဆုံးအကြိမ်ကစားရမယ့် ဂျီရိုနာအသင်းဟာ မန်စီးတီးအသင်းမှ အငှားဖြင့် ဘရာဇီးကစားသမား ဒေါက်ကလပ် လုခ်နှင့် စပိန်မှ အဲလက် ဂါစီယာတို့ကိုလည်း ခေါ်ယူရရှိခဲ့ပတယ်။
(EFE_EPA)