မန်စီးတီးအသင်းမှ ကစားသမား (၃)ဦးကို အငှားဖြင့် ဂျီရိုနာအသင်း ရရှိ

မန်စီးတီးအသင်းမှ ကစားသမား (၃)ဦးကို အငှားဖြင့် ဂျီရိုနာအသင်း ရရှိ
ဘရာဇီးကစားသမား ဒေါက်ကလပ် လုခ် (ဝဲ)(ဓာတ်ပုံ - အီးပီအေ)

ဂျီရိုနာအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းမှ ကစားသမား (၃)ဦးကို အငှာဖြင့် ခေါ်ယူရရှိခဲ့ကြောင်း စပိန်ကလပ်က အင်္ဂါနေ့က ပြောပါတယ်။

ယခုဒီ လာလီဂါတန်းတက်အသင်းဟာ အသက် ၂၀ အရွယ် ကိုလံဘီယာ တိုက်စစ်မှူး မာလို့စ် မိုရင်နို တစ်ရာသီ စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

အင်ဒီးအသင်းအတွက် (၈)ပွဲ ကစားထားတဲ့ မိုရင်နိုဟာ ၂၀၁၆ က ကိုလံဘီယာမှ အက်သလက်တီကိုနေရှင်နယ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဒီပို့တီဗိုအသင်းဆီ အငှားဖြင့် သွားရောက် ကစားခဲ့ပါတယ်။

လာလီဂါမှာ ပထမဆုံးအကြိမ်ကစားရမယ့် ဂျီရိုနာအသင်းဟာ မန်စီးတီးအသင်းမှ အငှားဖြင့် ဘရာဇီးကစားသမား ဒေါက်ကလပ် လုခ်နှင့် စပိန်မှ အဲလက် ဂါစီယာတို့ကိုလည်း ခေါ်ယူရရှိခဲ့ပတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly