မန်စီးတီးနောက်ခံလူ ပါဘလို မာဖီယိုကို ဂျီရိုနာအသင်း (၃)ရာသီဆက် အငှားဖြင့် ခေါ်ယူ

မန်စီးတီးနောက်ခံလူ ပါဘလို မာဖီယိုကို ဂျီရိုနာအသင်း (၃)ရာသီဆက် အငှားဖြင့် ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ယခုနှစ် လာလီဂါတန်းတက် ဂျီရိုနာအသင်းဟာ နောက်ခံလူ ပါဘလို မာဖီယိုကို မန်စီးတီးမှ နောက်ရာသီဆက် အငှားနဲ့ ခေါ်ယူခဲ့ကြောင်း ကလပ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၀ သာရှိနေသေးတဲ့ စပိန်ကစားသမားဟာ ၂၀၁၅-၂၀၁၆ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဂျီရိုနာအသင်းက ပထမတစ်ကြိမ် ပူးပေါင်းခဲ့ပါတယ်။

မာဖီယိုဟာ ပြီးခဲ့တဲ့ ရာသီက ဂျီရိုနာအသင်းဆီ အငှားချခံရပြီး အသင်းကို လာလီဂါသို့ တန်းတက်ရန် ကူညီပေးခဲ့ပါတယ်။

သူဟာ ဂျီရိုနာအသင်းအတွက် ၂၀၁၆-၂၀၁၇ ရာသီမှာ (၂၇)ပွဲ ကစားခဲ့တာကြောင့် စပိန်ကလပ်အသင်းက ၎င်းကို နောက်တစ်ရာသီ အငှားဖြင့် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှာ မွေးတဲ့ မာဖီယိုဟာ ၂၀၁၃-၂၀၁၄ ရာသီမှာ မန်စီးတီးအသင်းသို့ ရောက်ရှိခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags