ချစ်သောသူများအတွက် နေကောင်းကျန်းမာလာတဲ့ စုလင်းရှိန်

ချစ်သောသူများအတွက် နေကောင်းကျန်းမာလာတဲ့ စုလင်းရှိန်
Phto-Su Lin Shein

သြဂုတ်၁ ။             ။ H1N1 ကြောင့် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသခံမှုခံယူနေတဲ့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က “ချစ်သောသူများအတွက်   နေကောင်းကျန်းမာပါကြောင်း” သူ့ဓာတ်ပုံလေးတွေနဲ့ ဇူလိုင်လ ၂၉ ရက်က သူ့လူမှုကွန်ရက်အကောင့်ကနေတဆင့် အသိပေးထားပါတယ်။

မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က နေပြည်တော်၊ ရေဆင်းက မွေးမြူရေးတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ်   နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့တောကြောင့် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင် ကုသမှု ခံယူနေရတာ ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသနေတာ ၂ ပတ်ကျော်နီးပါး ရှိနေပါပြီ။

ဒီနောက် ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တယ်လို့ ဇူလိုင်လ ၂၄ ရက်က အတည်ပြုခဲ့တာဖြစ်ပြီး သက်သာလာပေမယ့် ဆေးရုံကတော့ မဆင်းရသေးပါဘူး။

မြောက်​ဥက္ကလာ အထူးကု​ဆေးရုံတွင်​ A(H1N1)ဖြင်​့ ကုသမှုခံယူ​နေသည်​့ ဆရာဝန်​တစ်​ဦးနဲ့ ဇနီးတို့ကတော့ ဇူလိုင်​ ၃၁ ည​နေတွင်​ ​​ရောဂါကုသ​ပျောက်​ကင်​း၍ ဆေးရုံမှ ဆင်​းနိုင်​ပြီဖြစ်​​ပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ H1N1 လူနာ ၆၂ ဦးရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags