အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် နှင့် တွေ့ဆုံခြင်း အပိုင်း ၄

အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် နှင့် တွေ့ဆုံခြင်း အပိုင်း ၄

အစာအိမ်ရောဂါရှိသူများနှင့် ကလေးငယ်များအတွက် အထူးကု ဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် တိုက်ရိုက် ဖြေကြားမှုများကို ပြန်လည်း ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။

ဟုတ်ကဲ့ပါ ဆရာမကြီး ခင်ဗျာ။ အစာအိမ်ရောဂါရှိသူတွေ အနေနဲ့ ရှောင်ရမယ့် အစားအစာ ဆောင်ရမယ့် အစားစာ ဆရာကြီး နည်းနည်းရှင်းပြပေးပါအုံး။

ဟုတ်ကဲ့ရှင့်။ အစာအိမ်ရောဂါရှိ်သူတွေကတော့ အဓိက Main ကတော့ ခပ်ပျော့ပျော့ စားပေးရမှာပေါ့။ အဲတော့ အဓိက ရှောင်ရန်ကတော့ ကောက်ညှင်း မစားရပါဘူး။ ဆီထမင်းတို့ ထမင်းနဲ တို့ အဲဒါတွေရှောင်ရမယ်။ နောက်ပြီးတော့ လက်လုပ်ချဉ်တွေပေါ့နော်။ ဥပမာ မုန့်ညှင်းချဉ်တို့ ကင်ချီတို့လိုမျိုး ဒါတွေ လုံးဝ မစားရပါဘူး။ နောက်ပြီးတော့ ကဖိန်းများတဲ့ဟာမျိုး ကော်ဖီ၊ လက်ဖက်ရည် ဒါမျိုးလေးတွေ အရက်တို့ ဘီယာတို့ ထည့်လိုက်တာပေါ့နော်။ ဒါတွေက အဓိက ရှောင်ရမယ့်ဟာပါ။

စားရမယ့်ဟာကတော့ အချိန်မှန်မှန်စားရမှာပေါ့နော်။ အကယ်၍များ အစာအိမ်သာ ရှိခဲ့မယ်ဆိုရင် နွားနို့ သောက်လို့ ရပါတယ်လို့။ ဒိန်ချဉ်လည်း သောက်လို့ ရတယ်။ နွားနို့က တစ်ချို့သူတွေ နွားနို့ သောက်လိုက်ခြင်း အားဖြင့် အစာအိမ်က တော်တော် သက်သာတယ်။ ဒါပေမယ့် တစ်ချို့သောသူတွေမှာဆို နွားနို့သောက်လိုက် တာနဲ့ ဝမ်းလျှောတယ်ပေါ့။ အဲလိုရှိတဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေ အားလုံးဟာ ဆိုလို့ရှိရင် နွားနို့လည်း သောက်နိုင်တယ်။ ဒါမှ မဟုတ်ရင် ဒိန်ချဉ်လည်း သောက်လို့ ရပါတယ်လို့။ နောက်ပြီးတော့ အစာလေးကို ပျော့ပျော့စားပါ။ အသားဆိုရင်လည်း မာတာတွေ ရှောင်ရမယ် ကြော်စားတာထက်စာရင် ပြုတ်စားတာမျိုး ပေါင်းပြီးတော့ စားတာမျိုး အဲလိုဆိုရင်တော့ စားလို့ ရပါတယ်။ အဓိက Main ကတော့ လက်လုပ်ချဉ် ရှောင်ဖို့ လိုပါတယ်လို့။

ကျေးဇူးတင်ပါတယ်။ ဆရာမကြီး နောက်ထပ် မေးခွန်းတစ်ခုကတော့ ကြည်ကြည်ဝင်းတဲ့ ကျွန်တော်တို့ မဇ္စျိမ ပရိသတ်တစ်ယောက်က မေးလာပါတယ်။ သူက ဘာမေးလည်း ဆိုတော့ ကျွန်မ သမီးလေးက တစ်နှစ်ခွဲလောက် ရှိပြီ ထမင်းကျွေးတာ လုံးဝ မစားလို့တဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။

အခုကလေးတွေ တော်တော်များများမှာ တစ်နှစ်ခွဲ နှစ်နှစ်အတွင်းမှာ ကျွေးရတာ။ သူတို့ရဲ့ အဖြေအားလုံးက No ပဲ။ ဘာလို့ဆို သူတို့က မစားဘူး။ ဆော့တာလေ။ အဲတော့ အရမး်ဆော့နေတဲ့ အချိန်မှာဆို သူတို့က မစားပါဘူးလို့။ အဲတော့ သူက ထမင်းမစားဘူးဆိုရင် သူကြိုက်တဲ့စာကို ကျွေးပေးဖို့ လိုပါတယ်။ ဥပမာဆိုရင် ကျွန်မတို့က ထမင်းစားမှ အဟာရ ဖြစ်တာ မဟုတ်ဘူး။ အဲဒီ Consent လေးတွေကို အဘွားတွေ အားလုံးကို သိဖို့ လိုပါတယ်။ ထမင်းမစားရင်လည်း ခေါက်ဆွဲစားလို့ ရပါတယ်။ ပေါင်မုန့်စားလို့ ရပါတယ်။ နောက်ပြီးတော့ ဂျာပါတီတို့ ပူလီတို့ပေါ့နော်။ အဲလို Carbohydrates အုပ်စုထဲက ဖြစ်တဲ့ အစားအစာ အုပ်စု တစ်မျိုးမျိုးကို ရွေးပြီး စားလို့ ရတယ်။

နောက်ပြီးတော့ ဒီကလေးလေး ကြီးထွားဖို့အတွက် ကြက်ဥတွေ ကျွေးမယ်။ အသားတွေ ကျွေးမယ်။ နောက်ပြီးတော့ အသီးအနှံတွေ ကျွေးမယ်။ နို့တွေ တိုက်မယ်ဆို ထမင်းမစားရင်လည်း ကိစ္စမရှိပါဘူး။ အသားကိုသာ ပိုကျွေးပေးလိုက်ပါလို့။

မောင်ရဲထွန်း မေးလာတဲ့ မေးခွန်းကတော့ ဆရာမကြီးစောပိုင်းက ဖြေသွားပြီးပြီဆိုတော့ ပြန်ကြည့်လို့ ရပါတယ်။ ကျွန်တော်တို့ မဇ္စျိမက နေပြီးတော့ နောက်ပိုင်းကျရင် အပိုင်းလိုက် ခွဲပြီးတော့ အဝလွန်နေတာကို ဘယ်လို လုပ်ရမလဲဆိုတာကို နောက်ပိုင်း ပြန်တင်ပေးမှာ ဖြစ်ပါတယ်။ အဲတော့ မဇ္စျိမကို စောင့်ပြီးတော့ ကြည့်ပေးစေချင်ပါတယ်။ ဒီတစ်ရက် နှစ်ရက်တွင်းမှာ ပြန်ပြီးတော့ တင်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မေးခွန်းနောက်တစ်ခုတော့ မေးလို့ ရမှာ ဖြစ်ပါတယ်။ ကျွန်တော် မစ္စတာဂျန်ကို လွဲပေးပါ့မယ်။ သူက မေးခွန်း တစ်ခုခု ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတစ်ခုခု ပြောချင်တယ် ထင်ပါရဲ့။ အဲတော့ မစ္စတာဂျန်က ပြောပါလိမ့်မယ်။ ကျွန်တော်ပြီးတော့ ဘာသာပြန်ပေးပါ့မယ် ခင်ဗျ။

Mr.Ravindra Jain

အဲတော့ Mr.Ravindra Jain ပြောသွားတာလေးကို ဘာသာ ပြန်ပြပါ့မယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ သူဘဝမှာ ဘယ်လိုနေပျော်တဲ့ ဘဝကို ဖန်တီးမလဲဆိုတဲ့ အချက် သုံးချက် နည်းနာ သုံးခုကို သူပြောခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူပုံပြင်လေး တစ်ပုဒ် ပြောချင်ပါတယ်တဲ့။ အဲဒါက အိန္ဒိယမှာ သူငယ်ချင်း လေးယောက် ရှိတယ်ပေါ့နော်။ သူတို့ဟာ အမေရိကန်မှာ သွားပြီးတော့ ပညာသင်တယ်။။ ဘာပညာသင်လည်းဆိုတော့ အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ ပညာတွေ သင်လာခဲ့တယ်။ သင်လာပြီးတော့ အိန္ဒိယ ပြန်ရောက်တဲ့ အခါမှာ သူတို့ အလုပ်အကိုင် ကောင်းကောင်းရတယ်။ သူတို့လိုချင်တာတွေ ရတယ်။ ဥပမာဆိုရင် ကားလိုချင် ကားရတယ်ပေါ့။ ငွေကြေးကလည်း တော်တော်ချမ်းသာလာတယ်လို့ ပြောလို့ ရတယ်ပေါ့။ ဒါပေမယ့် သူတို့မှာ ပြဿနာ တစ်ခု ရှိတာက သူတို့ မပျော်ဘူးတဲ့။ မပျော်ဘူးဆိုတဲ့ အခါကျတော့ ဘယ်လို လုပ်ရမလဲဆိုတဲ့ဟာကို စဉ်းစားတဲ့ အခါမှာ သူတို့ရဲ့ ဒီကျောင်းဆရာဟောင်းကြီး ပရောဖက်ဆာနဲ့ သွားတွေ့တဲ့အခါမှာ အဲဒါဆိုရင် ဟုတ်ပြီ မင်းတို့ကို ဘယ်လို နေထိုင်သင့်လဲဆိုတာ ပြောမယ်။ ခဏစောင့်ပါ ဆိုတော့ ကော်ဖီ ငါးခွက် ကိုင်လာတယ်။ အဲဒီ ငါးခွက်က ဘာလဲဆိုရင် ကျောင်းသား လေးယောက်က တစ်ယောက်တစ်ခွက်ပေါ့နော်။ ဆရာကြီးက တော့ တစ်ခွက်ပေါ့နော်။ အဲဒီ ကော်ဖီ ငါးခွက်မှာ တစ်ခွက်ကတော့ အကောင်းဆုံး ကော်ဖီ ပေါ့နော်။ ရွှေနဲ့ လုပ်ထားတဲ့ ခွက်၊ ဒုတိယ အခွက်ဟာဆိုရင် ငွေနဲ့ လုပ်ထားတဲ့ခွက်၊ အစရှိသဖြင့် အဲဒါမျိုး ကော်ဖီ ဖျော်လာတယ်ပေါ့။ ပရော်ဖက်ဆာကြီးက သူတို့ကို တိုက်တယ်။ တိုက်တဲ့ အခါမှာ ကျောင်းသားတွေက ဘာလုပ်လဲဆိုတော့ အကောင်းဆုံးခွက် အလှဆုံးအခွက် စျေးအကြီးဆုံး အခွက်ကို ယူပြီးတော့ သောက်တယ်။ သောက်ပြီးတော့ စကားလေးဘာလေး ပြောတယ်ပေါ့နော်။ ပြောရင်းနဲ့ ဟုတ်ပြီး ကော်ဖီ အရသာ ဘယ်လို ရှိလဲလို့ ပရော်ဖက်ဆာက မေးတယ်။ ဟာ ကော်ဖီကတော့ တော်တော်ကောင်းတာပဲ။ ဟုတ်ပြီ ငါ့ကော်ဖီလည်း ကောင်းတာပဲ။ ကျောင်းသားတွေက အကောင်းဆုံး ကော်ဖီခွက်ကို ယူပေမယ့် ပရော်ဖက်ဆာက စျေးနည်းနည်း သက်သာတဲ့ ကော်ဖီခွက်ပေါ့နော်။ စျေးမကြီးတဲ့ အခွက်ကိုပဲ ယူသောက်တယ်။ သောက်ပြီးတော့ ကျောင်းသားတွေကို ငါ့ကော်ဖီလည်း ကောင်းတာပဲလို့ ပြောတယ်။ ဒါဆိုရင် ပရော်ဖက်ဆာက မေးတယ်။ မင်းတို့ ဘာလို့ ဒီခွက်ကို ဒီခွက် အကောင်းစားတွေကို ယူပြီးတော့ သောက်သလဲပေါ့နော်။ ကော်ဖီကတော့ ကော်ဖီပဲ။ ဒါပေမယ့် ဒီဟာတွေဟာ စျေးကြီးတယ်ပေါ့နော်။ အဲဒါဆိုရင် မင်းတို့ ဘဝမှာ နေပျော်တဲ့ ဘဝကို ဖန်တီးချင်တယ်ဆိုရင် ဘယ်တော့မှ အကောင်းဆုံးကို မရွေးပါနဲ့တဲ့။ ဒီနေ့ မင်းအကောင်းဆုံး တစ်ခုကို ရွေးတယ်ဆိုရင် နောက်တစ်နေ့ကျရင် ဒါထက်ကောင်းတာ ထပ်ပေါ်လာအုံးမယ်။ အဲတော့ နေပျော်တဲ့ ဘဝကို ရွေးချင်တယ်ဆိုလို့ ရှိရင် ဘယ်တော့မှ အကောင်းဆုံးကို မရွေးပါနဲ့။ ကိုယ် အာရုံစိုက်သင့်တဲ့ အပေါ်မှာပဲ အာရုံစိုက်ပါ။ ကော်ဖီကို အာရုံစိုက်တယ်ဆိုရင် ကော်ဖီကိုပဲ အာရုံစိုက်ပါ။ ခွက်ကိုသွားပြီးတော့ အာရုံမစိုက်နဲ့။ အရည်က အတူတူပဲ ဆိုတာ အဲတော့ အခုနက ပြောတဲ့ သင်ခန်းစာကတော့ အကောင်းဆုံးကို အမြဲတမ်း မရွေးနဲ့ပေါ့နော်။ သင့်တင့်တာ ရွေးမယ်ဆိုရင် ပျော်ရွင်တဲ့ ဘဝကို ရနိုင်မယ်လို့ Mr.Ravindra Jain က ပြောခဲ့တာ ဖြစ်ပါတယ်။

အဲတော့ ဆရာမကြီးကို နောက်ထပ် အဟာရနဲ့ ပတ်သက်တဲ့ အဆုံးသတ်လေးပါပဲ ဆရာမ။ အဲအဆုံးသတ်လေး ပြောပြီးရင်တော့ ဒီစကားဝိုင်းလေးကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ မဇ္စျိမ ပရိတ်သတ်များကို ကျေးဇူးတင်ပါတယ် ခင်ဗျ။ သားနဲ့ သမီးက တစ်နှစ်ပြည့်တော့မယ် ဒိန်ချဉ်တို့ နွားနို့တို့ တိုက််လို့ ရပါသလားတဲ့။ ဒီမေးခွန်းလေးနဲ့ပဲ ကျွန်တော်တို့ ပိတ်ပါရစေခင်ဗျာ။

၈လဆိုရင်တောင် စပြီး တိုက်လို့ ရတဲ့အတွက် တိုက်လို့ ရပါတယ်လို့။ တစ်နှစ်ပြည့်သွားတဲ့ အတွက်ကြောင့်မို့ နို့လည်း တိုက်လို့ရတယ်။ ဒိန်ချဉ်လည်း သောက်လို့ ရတယ်။ နောက် တစ်နှစ်ကျော်သွားတဲ့ အတွက်ကြောင့်မို့လို့ ဆားလေးနည်းနည်းထည့်လို့ ရမယ်။ သကြားလေးနည်းနည်း ထည့်လို့ ရမယ်။ ဥပမာ ဒိန်ချဉ်တိုက်တယ်ဆိုရင် ပျားရည်လေး နည်းနည်း ထည့်တိုက်တာမျိုးပေါ့နော်။ တစ်နှစ်ကျော်သွားပြီဆိုရင် ရပါပြီလို့။ တစ်နှစ်အောက်မှာဆိုရင် ဒိန်ချဉ်ကို ပလိန်းမကျွေးပါနဲ့လို့။ တစ်နှစ်ကျော်သွားရင်တော့ ပျားရည်လေး ထည့်လို့လည်း  ရပါတယ်။ သကြားလေး နည်းနည်းထည့်လို့လဲ ရပါတယ်။ နောက် တစ်နှစ်အောက်ပါဆိုရင် ဒိန်ချဉ်ကို လုံးဝ မကျွေးပါနဲ့လို့။

အဟာရနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ထည့်ဖြည့်ပြောချင်တာ ရှိရင် ပြောပါအုံး။

အားလုံးဟာ ရွေးချယ်ပြီးမှ စားသောက်တတ်ဖို့ အရေးကြီးပါတယ်လို့ လူတိုင်း လူတိုင်း မှန်မှန်ကန်ကန်နဲ့ ရွေးချယ် စားသောက်နိုင်ပါစေလို့ပဲ ဆန္ဒပြုပါတယ်။

အင်တာဗျုးအပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/29789

အင်တာဗျုးအပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/29883

အင်တာဗျုးအပိုင်း(၃)အား ကြည့်ရန်-http://www.mizzimaburmese.com/article/29934

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly