ကော်တင်ဟိုသည် ရောင်းရန်မဟုတ်ဟု ဂျာဂန် ကလော့ပ်သတိပေး

ကော်တင်ဟိုသည် ရောင်းရန်မဟုတ်ဟု ဂျာဂန် ကလော့ပ်သတိပေး

သြဂုတ် ၁၊ လီဗာပူးလ်။            ။ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသော်လည်း လီဗာပူးလ်အသင်း ကွင်းလယ်ဖန်တီးရှင် ဖိလစ်ကော်တင်ဟိုသည် ရောင်းရန် မဟုတ်ဟု နည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။

ဘရာဇီးကစားသမားကို ပေါင် ရ၂ သန်းဖြင့် ကမ်းလှမ်းလာမှုကို ဇူလိုင်လအတွင်း ပယ်ချခဲ့သည်ဟု သတင်းထွက်လာပြီးနောက် လီဗာပူးလ်သည် ကစားသမားရောင်းချသည့်အသင်း မဟုတ်ဟု ကလော့ပ်ကပြောသည်။

စာချုပ်ဖျက်သိမ်းကြေးပေါင် ၁၉၈ သန်းရှိသည့် နေမာကို ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းပါက ဘာစီလိုနာအသင်းတိုင်ကြားမည် ဟူသောသတင်းများကြားမှ ကော်တင်ဟို၏ သတင်းလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ အရွယ်ကော်တင်ဟိုသည် စနေနေ့က ဟာသာဘာလင်ကို ၃-၀ ဂိုးဖြင့်နိုင်သည့် ပွဲတွင် လီဗာပူးလ်အသင်း ခေါင်းဆောင်အဖြစ်ကစားပေးခဲ့သည်။

ယမန်နှစ်က ၁၄ ဂိုးသွင်းခဲ့သလို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ခြောက်ပတ်နားခဲ့ရသည့် ကော်တင်ဟိုသည် ဇန်နဝါရီကမှ ငါးနှစ် စာချုပ် ချုပ်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly