မိုးညှင်းတွင် စိတ်မကျန်းမာသူက နေအိမ်ကို မီးရှို့မှု ဖြစ်ပွား

မိုးညှင်းတွင် စိတ်မကျန်းမာသူက နေအိမ်ကို မီးရှို့မှု ဖြစ်ပွား

မိုးညှင်း ဇူလိုင် ၃၀ ။           ။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မောဟန်ကျေးရွာ ဘူတာစုရပ်ကွက်တွင် စိတ်မကျန်းမာသူ တစ်ဦး က နေအိမ်ကိုမီးရှို့ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဇူလိုင် ၃၀ရက် နေ့လည်(၁)နာရီခွဲ အချိန်ခန့်က မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ဘူတာစုကွက်သစ်ရပ်ကွက်ရှိ မောင်တို(ခ)ကျော်အောင်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မောင်တို(ခ) ကျော်အောင်မှ နေအိမ်ပေါ်ရှိမိခင်ဖြစ်သူ ဒေါ်သန်းခင်၏ အိပ်ခန်းအတွင်းရှိ စောင်အားမီးရှို့ခဲ့၍ မီး လောင်ကျွမ်းမှုကြောင့် ၎င်းတွင် မီးလောင်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး (၃×၂)ခန်းသွပ်မိုး ပျဉ်ကာပျဉ်ခင်းနေအိမ်တစ်လုံးနှင့် (၂)ခန်းပတ်လည်သွပ်မိုး ထရံကာ   ပျဉ်ခင်း (စပါးတင်း-၅၀ပါ) စပါးကျီတစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် နေအိမ်အားမီး ရှို့သူတရားခံ မောင်တို(ခ)ကျော်အောင် ၄၄နှစ်(ဘ) ဦးချစ်မောင် တောင်သူ ဘူတာစုကွက်သစ်ရပ်ကွက် မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ်နေသူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly