ပြင်သစ်သရုပ်ဆောင်ကြယ်ပွင့် ဂျင်းမော်ရို အသက် ၈၉နှစ်အရွယ်တွင် ကွယ်လွန်

ပြင်သစ်သရုပ်ဆောင်ကြယ်ပွင့် ဂျင်းမော်ရို အသက် ၈၉နှစ်အရွယ်တွင် ကွယ်လွန်

လွန်ခဲ့သောနှစ်ပေါင်း ၆၀ က ပြင်သစ်ရုပ်ရှင်လောက၏ ကြီးကျယ်ခမ်းနားသော သရုပ်ဆောင်ကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်သော မင်းသမီးကြီး ဂျင်းမော်ရိုသည် အသက် ၈၉နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

သူမသည် ၁၉၆၂ ခုနှစ်ကထွက်ရှိခဲ့သော နာမည်ကျော်ရုပ်ရှင် Jules et Jim တွင် မင်းသားကြီး ဖရန်ဆွာတရူဖော့တ် နှင့်အတူ ပါ၀င်သရုပ်ဆောင်ရင်း လူသိများလာခဲ့သူဖြစ်သည်။

သူမသည် ၁၉၆၀ ခုနှစ်က ထွက်ရှိခဲ့သော Seven Days..Seven Nights ဇာတ်ကားဖြင့် ကိန်းရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအပါအဝင် အခြားဆုပေါင်းများစွာကို သူမ၏ အနုပညာသက်တမ်း အတွင်း ဆွတ်ခူးခဲ့သူဖြစ်သည်။

သူမသည် သရုပ်ဆောင် အော်ဆန်ဝဲလ်လက်စ်နှင့်အတူ ရုပ်ရှင်အများအပြား၌ တွဲဖက်သရုပ်ဆောင်ရင်း ၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့သော Viva Maria ဇာတ်ကားဖြင့် Bafta ဆုပေးပွဲ၌ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့သည်။

မော်ရိုကို ပဲရစ်မြို့ရှိ သူမ၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ခရိုင်မြို့တော်ဝန်က သတင်းဌာန များသို့ ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly