ကလေးများအပေါ် ကိုယ်ကျိုးရှာ၍ အမြတ်ထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို အန်ဂျလီနာဂျိုလီ ငြင်းဆန်

ကလေးများအပေါ် ကိုယ်ကျိုးရှာ၍ အမြတ်ထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို အန်ဂျလီနာဂျိုလီ ငြင်းဆန်

ဟောလိ၀ုဒ်ကြယ်ပွင့် အန်ဂျလီနာဂျိုလီသည် ကမ္ဘောဒီးယားနိုင်ငံမှ ကလေးသူငယ်များအား ရုပ်ရှင်ရိုက်ကူးစဉ် အတောအတွင်း ကိုယ်ကျိုးရှာ၍ အမြတ်ထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ ငြင်းဆန်ခဲ့သည်။

ဂျိုလီသည် ကမ္ဘောဒီးယား၌ ဇာတ်အိမ်တည်ထားသော သူမဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားသည့် Fist They Killed My Father ရုပ်ရှင်အတွက် ဒေသခံ ကလေးသူငယ်လေးများကို လိုက်လံစုစည်းခဲ့သည်။

ရုပ်ရှင်နှင့် ပက်သက်၍ Vanity Fair မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဂျိုလီက သူမသည် ဆင်းရဲသော ကလေးငယ်များကို ပိုက်ဆံပေးပြီး ထို့နောက်တွင် သူတို့ထံမှ ပိုက်ဆံကို ပြန်လည်တောင်းယူချိန်၌ ဖြစ်ပေါ်သွား သော သူတို့၏မျက်နှာပေါ်မှ ခံစားချက်များကို အမိအရ ရိုက်ကူးခဲ့ပုံအား ပြောပြခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပက်သက်၍ ဂျိုလီသည် ကလေးများကို အသုံးချကာ ကိုယ်ကျိုးရှာ၍ အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲ ခဲ့ကြသည်။

ထို့ကြောင့် ဂျိုလီက ဒါရိုက်တာတစ်ဦးအနေဖြင့် ဆင်းရဲသားရပ်ကွက်နှင့် မိဘမဲ့ကလေးများကြားထဲမှ ရုပ်ရှင် အတွက် သရုပ်ဆောင်များ ရွေးချယ်ရပုံကို ရှင်းပြခဲ့သည်။

“ရရာလေးနဲ့ ဖြစ်အောင်ရိုက်ပြရတဲ့အချိန်မှာ ကျမတို့ဟာ သရုပ်ဆောင်ဖို့ အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။ ဒါကို တကယ့်ဇာတ်ညွှန်းထဲမှာလည်း အဲ့အတိုင်းပဲလို့ ထင်နေကြတဲ့အတွက် ကျမစိတ်ပျက်ရပါတယ်။ ဒီရုပ်ရှင်မှာ အဓိကပြချင်တဲ့အချက်က စစ်ပွဲအတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ မျက်နှာပေါ်က ကြောက်ရွ့ံမှုတွေကိုပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီး ကလေးသူငယ်တွေကို ပိုမိုကာကွယ်ပြီး စောင့်ရှောက်ပေးဖို့ပါ။ သရုပ်ဆောင်အစမ်း လေ့ကျင့်တဲ့အချိန်မှာ ကလေးတွေကို ပိုက်ဆံပေးပြီး ပြန်ယူလိုက်တယ်ဆိုတဲ့အပေါ် မှားယွင်းစွာ ကောက်ချက် ချနေကြပါတယ်” ဟု ဂျိုလီက ရှင်းပြရင်း သူမအပေါ် စွပ်စွဲနေမှုများကို ငြင်းဆန်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly