ပခုက္ကူ နည်း​ပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှုစတင်​ပြုလုပ်​

ပခုက္ကူ နည်း​ပညာတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ ဖဲကြိုးပြာလှုပ်ရှားမှုစတင်​ပြုလုပ်​

ပခုက္ကူ ၊ ​ဇူလိုင် ၃၁ ။          ။ ပညာ​ရေးဝန်​ကြီးဌာန၊ အဆင်​့မြင်​့ပညာဦးစီးဌာန လက်​​အောက်​ရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်​များနှင်​့ နည်​းပညာတက္ကသိုလ်​၊ ကွန်​ပြူတာတက္ကသိုလ်​များအကြား ရားထူးတိုး မညီမျှသည်​့အတွက်​ ပခုက္ကူနည်​းပညာတက္ကသိုလ်​မှ ဆရာ၊ ဆရာမများ မှ ဖဲကြိုးပြုလှုပ်​ရှားမှုအား ဇူလိုင်​လ ၃၁ရက်​​နေ့တွင်​ စတင်​ပြုလုပ်​ခဲ့ကြသည်​။

ဖဲကြိုးပြာလှုပ်​ရှားမှုအား ​ကျောင်​းတက်​ရက်​ တနင်္လာ​နေ့မှ ​သောကြာ ​နေ့များတွင်​ ရုံးတက်​ချိန်​မှ စတင်​ကာ ရုံးဆင်​ချိန်​အထိ ပြုလုပ်​သွားမည်​ဖြစ်​သည်​ဟု နည်​းပညာတက္ကသိုလ်​ ဆရာ၊ဆရာမများ ထံမှ သိရသည်​။

"ဖဲကြိုးပြာ လှုပ်​ရှားမှုကို ပြုလုပ်​ရတဲ့ရည်​ရွယ်​ချက်​က ပညာ​ရေးဝန်​ကြီးဌာန အဆင်​့မြင်​့ပညာဦးစီးဌာန ဌာန​အောက်​မှာရှိ​နေတဲ့ ကွန်​ပြူတာတက္ကသိုလ်​ နည်​းပညာတက္ကသိုလ်​က ဆရာ၊ ဆရာမ​တွေရဲ့ ရာထူးတိုးမမျှတမှု၊ ဝန်​ကြီးဌာနတစ်​ခုထဲမှာ ဖြစ်​​နေပါလျှက်​နဲ့ ရာထူးတိုး မူဝါဒ မတူညီမှု​တွေ​ကြောင်​့ ရာထူးတိုးပိုင်​ခွင်​့​တွေ နစ်​နာ​နေတာ​ကြောင်​့ ခုလှုပ်​ရှားမှုကို ပြုလုပ်​တာဖြစ်​ပါတယ်​"ဟု ပခုက္ကူနည်​းပညာတက္ကသိုလ်​ စက်​မှုအင်​ဂျင်​နီယာဌာန ကထိက ဆရာဦးရဲလွင်​က ဆိုသည်​။

အဆိုပါ ဖဲကြိုးပြာ  လှုပ်​ရှားမှုအား နိုင်​ငံတဝှမ်​းရှိ နည်​းပညာတက္ကသိုလ်​၊ ကွန်​ပြူတာ တက္ကသိုလ်​ များမှ တစ်​နိုင်​ငံလုံး အတိုင်​းအတာဖြင်​့ တပြိုင်​နက်​ ပြုလုပ်​ကြခြင်​းဖြစ်​သည်​ ဟု သိရသည်​။

"ဒီဖဲကြိုးပြာလှုပ်​ရှားမှုက ပထမအချက်​ ရာထူးတိုးမျှတ​ရေး၊ ဒုတိယအချက်​ အ​ပြောင်​းအ​ရွှေ့မူ ထိထိ​ရောက်​​ရောကိုင်​တွယ်​​ရေး၊​ နောက်​တချက်​က သက်​ဆိုင်​ရာ ရာထူးအဆင်​့အလိုက်​ ဝိဇ္ဇာသိပ္ပံမှာရှိ​နေတဲ့ ဝန်​​ဆောင်​မှု၊ကွန်​ပြူတာ နည်​းပညာမှာရှိ​နေတဲ့ သက်ဆိုင်ရာ ​​ရာထူးအလိုက်​ ဝန်​​ဆောင်​မှု မျှတ​စွာ ခံစားပိုင်​ခွင်​့ ရရှိ​ရေး တို့ကို အဓိက ​တောင်​းဆိုတာ ဖြစ်​ပါတယ်​"ဟု ဆရာဦးရဲလွင်​က မဇ္ဈိမ သို့​ပြောသည်​။

ယင်​းဖဲကြိုးပြာလှုပ်​ရှားမှုအား ဇူလိုင်​လ ၃၁ရက်​​နေ့မှ ဩဂုတ်​လ ၈ရက်​​နေ့အထိပြုလုပ်​သွားမည်​ဖြစ်​ပြီး ပညာ​ရေးဝန်​ကြီးဌာန တာဝန်​ရှိသူများမှ ​တောင်​းဆိုမှုများအား လျစ်​လျူရှု ​နေမည်​ဆိုပါက တနိုင်​ငံလုံးရှိ နည်​းပညာတက္ကသိုလ်​ ၃၃​ကျောင်​းနှင်​့ ကွန်​ပြူတာတက္ကသိုလ်​ ၂၇​ကျောင်​းမှ ဆရာ၊ ဆရာမ ကိုယ်​စာလှယ်​ ၃ဦး နှုန်​းဖြင်​့ တဆင်​့တက်​​တောင်​းဆိုမှု ဆက်​လုပ်​ပြုလုပ်​သွားမည်​ဟု သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly