မန္တလေးတွင် စုံတွဲတစ်တွဲအား ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအား ဖမ်းမိ

မန္တလေးတွင် စုံတွဲတစ်တွဲအား ဓားထောက်လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအား ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ ၃၁ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စန္ဒာမုနိဘုရား အရှေ့ဘက်လမ်းကြားတွင် စုံတွဲတစ်တွဲအား ဓားထောက်လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇူလိုင်လ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လုယက်မှုကျူးလွန်ထားကြောင်း သတင်းအရ ဇူလိုင်လ ၃ဝ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် ချမ်းမြသာစည် မြို့မရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ စုံးစမ်းရှာဖွေစဉ် သံသယရှိသူများဖြစ်သည့် အမရပူရမြို့နယ်၊ အေးဇရပ် ရပ်ကွက်ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၁ နှစ်အရွယ် ရန်နောင်စိုး(ခ)ဖိုးစတားဆိုသူနှင့် နယ်မြေ (၃)တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် စိုးဝင်းကျော်ဆိုသူတို့ကို တွေ့ရှိ၍ စစ်ဆေးမေးမြန်းရာမှ အမှုအား ကျူးလွန်ထားကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်ဦးအား ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့ရာတွင် ၎င်းတို့နှစ်ဦးက ဇူလိုင်လ ၁၃ ရက်၊ ည ၆ နာရီခွဲအချိန် စန္ဒာမုနိဘုရားအရှေ့ဘက်လမ်းကြားတွင် စုံတွဲတစ်တွဲအား ဓားဖြင့်ထောက်ပြီး အလေးချိန် ၂ ပဲရှိ သံကြိုးပုံ ရွှေဆွဲကြိုး တစ်ကုံးအားလုယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဓားထောက်လုယက်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရန်နောင်စိုး(ခ) ဖိုးစတားနှင့် စိုးဝင်း ကျော်ဆိုသူတို့အား ချမ်းမြသာစည်မြို့မရဲစခန်းတွင် ၃၁၂/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ အရအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly