အမေရိကန် ခရီးစဉ်အပြီး (၃)ရက် အနားယူမည့် ဘာစီလိုနာကစားသမားများ သြဂုတ် ရ ရက်မှာ ရှာပါကွင်းစ်အသင်းနဲ့ ကစားမည်

အမေရိကန် ခရီးစဉ်အပြီး (၃)ရက် အနားယူမည့် ဘာစီလိုနာကစားသမားများ သြဂုတ် ရ ရက်မှာ ရှာပါကွင်းစ်အသင်းနဲ့ ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ အမေရိကန် ရာသီကြိုခြေစမ်းပွဲခရီးစဉ်အပြီးမှာ တနင်္ဂနွေနေ့က မြို့တော် ကာတာလန်ဆီ ပြန်ရောက်ခဲ့ပြီးနောက် ကစားသမားတွေဟာ ဒီအပတ်နှောင်းပိုင်းမှာ လေ့ကျင့်ခန်း မဆင်းခင် (၃)ရက် အနှားရလိမ့်မယ်ဖြစ်ကြောင်း သိရပါတယ်။

နည်းပြ ဗာလ်ဗာဒီရဲ့ အသင်းဟာ ဂျုံးဂမ်းပါမှာ သြဂုတ် ၂ ရက်နေ့မှာ လေ့ကျင့်ရေး အစီအစဉ်ပြုလုပ်ဖို့ ပြန်လည် ရောက်ရှိလာမှာဖြစ်ပါတယ်။

ကာတာလန်အသင်းဟာ အမေရိကန်မှာ ခြေစမ်းပွဲ (၃)ပွဲ အနိုင်ရပြီး International Champions Cup ဖလား ဆွတ်ခူးခဲ့ပြီးနောက် (၃)ရက် အနားရမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ သြဂုတ်လ ရ ရက်မှာ ခြေစမ်းပွဲတစ်ခုဖြစ်တဲ့ Gamper ဖလားအတွက် ဘရာဇီးကလပ် ရှာပါကွင်းစ်အသင်းနဲ့ ပွဲအတွက် ကြိုတင်ပြင်ဆင်မှု စတင်ရပါလိမ့်မယ်။

ဘရာဇီးကလပ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ကြံုတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးကြီးကနေ ပြန်လည်ရုန်းထဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်က ရှာပါကွင်းစ်အသင်းမှ ဘောလုံးသမားများ အများစုလိုက်ပါလာတဲ့ လေယာဉ်ဟာ Sudamericana ဖလားဗိုလ်လုပွဲ ပထမအကျော့အတွက် မက်ဒီလင်းမြို့မှာ ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းနှင့် ကစားဖို့ ခရီးနှင်လာခဲ့စဉ် ကိုလံဘီယာနိုင်ငံမှာ ပျက်ကျပြီး လူ ရ၁ ဦး သေဆုံးခဲ့ပါတယ်။

ဘာကာအသင်းဟာ စပိန်စူပါဖလား ပထမအကျော့အတွက် လာလီဂါချန်ပီယံ ရီးယဲလ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ သြဂုတ်လ ၁၆ ရက်နေ့မှာ အဝေးကွင်းအဖြစ် သွားရောက်ကစားရမှာဖြစ်ပါတယ်။

ဘရာဇီး တိုက်စစ်မှူး နေမာဟာ အသင်းနဲ့အတူ စပိန်ကို လာပါမလာဘဲ မိုင်ယာမီမှ ရှန်ဟိုင်းဆီ ချက်ချင်း ပျံသန်းခဲ့ပါတယ်ယ်။ သူဟာ ရှန်ဟိုင်းမှာ ဘာစီလိုနာကိုယ်စားပြုလုပ်တဲ့ ပရိုမိုးရှင်းအစီအစဉ်တစ်ရပ်အတွက် တနင်္လာနေ့မှာ တက်ရောက်ပါလိမ့်မယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly