ချန်ပီယံဖြစ်ရန်အတွက် အဆုံးသတ်ပိုင်း အားနည်းချက် ကိုပြင်ဆင်နေ ဟုမြန်မာယူ - ၁၆နည်းပြပြော

ချန်ပီယံဖြစ်ရန်အတွက် အဆုံးသတ်ပိုင်း အားနည်းချက် ကိုပြင်ဆင်နေ ဟုမြန်မာယူ - ၁၆နည်းပြပြော
အာဆီယံယူ-၁၆ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် လာအိုတို့ ယှဉ်ပြိုင်ကစားနေစဉ်။

သြဂုတ် ၈၊ ရန်ကုန် ။        ။ မြန်မာယူ-၁၆အသင်းနည်းပြချုပ် အဲရစ်ဝီလျံက ဗိုလ်လုပွဲတွင် ထိုင်းအသင်းကိုအနိုင်ယူပြီး ချန်ပီယံဖြစ်ရန်အတွက် အဆုံးသတ်ပိုင်း အားနည်းချက်များ ကိုပြင်ဆင်နေသည် ဟုပြောသည်။

မြန်မာယူ-၁၆အသင်းမှာ အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ “အသင်းမှာ လိုအပ်နေတာက အဆုံး သတ်ပိုင်းအားနည်းချက်ပါ။ လာအိုနဲ့ပွဲမှာ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပေမယ့် တစ်ဂိုးပဲ ရခဲ့ပါတယ်။ ထိုင်းနဲ့ပွဲမှာတော့မှားတာနဲ့ခံရမှာဖြစ်လို့ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်မှာပါ။”ဟု အဲရစ်ဝီလျံ ကပြောသည်။

မြန်မာယူ-၁၆အသင်းနှင့် ထိုင်းယူ-၁၆အသင်းတို့သည် သြဂုတ်လ ၉ ရက် ညနေ ၆း၀၀နာရီ အချိန်တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly