ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် လူထုသဘောထားစစ်တမ်းများကောက်ယူ

ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် လူထုသဘောထားစစ်တမ်းများကောက်ယူ

သထုံ၊  ဇူလိုင်၊  ၃၀ ။            ။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိမ်းသိမ်းနိုင်ရန်အတွက်  ဇူလိုင်လနောက်ဆုံးပတ်တွင် "သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူထုသဘောထားအမြင်"စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒေသအတွင်း သဘာဝသယံဇာတများကို စနစ်တကျ စည်းကမ်းရှိရှိ ထုတ်ယူသုံးစွဲလာကြစေရေးအတွက် ကျုံက အခြေစိုက် "လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်"မှ  ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကို ဇူလိုင်လ၂၀မှ သြဂုတ်လ ၁၅ရက်အထိ ကောက်ယူမည် ဖြစ်ပြီး ကွင်းဆင်း Surveyကောက်ယူခဲ့သော ပေါင်မြို့နယ်ရှိ ကျေးရွာ အုပ်စုပေါင်း (၁၂)ရွာမှ ဒေသခံများ ပါဝင်ခဲ့ကြသည်။

ထို စစ်တမ်းများကို သက်ဆိုင်ရာ ဌာနအသီးသီးသို့တင်ပြသွားမည်ဟု စစ်တမ်းကောက်ယူသူ တာဝန်ခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

"ဒေသတွင်းမှာတော့ ထိခိုက်နစ်နာမှုတွေကအများကြီးပါပဲ။ အဲ့ဒီအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျွန်မတို့မေတ္တာရပ်ခံတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒတွေပြသူတွေကလည်း ပြကြတယ်။ ဒါပေမယ့် အခုချိန်ထိ ဥပဒေ၊ နည်းဥပဒေနဲ့အညီ သဘာဝသယံဇာတတွေကို စနစ်တကျ ထုတ်ယူသုံးစွဲတယ်လို့ကို မရှိသေးဘူး။ ဒီတော့ ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝသယံဇာတအပေါ်   ဒေသခံ ပြည်သူတွေရဲ့ တန်ဖိုးထားမှု၊ သဘောဆန္ဒကို တာဝန်ရှိ ဌာနဆိုင်ရာတွေက အသိအမှတ်ပြုပြီး အလေးအနက် စဉ်းစားပေးလာအောင်တင်ပြသွားဖို့ အခုလိုစစ်တမ်းကောက်ယူနေတာပါ"ဟု လူမှုဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးကွန်ရက်မှ မဇွန်ပန်း(Project Coordinator) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly