လာမယ့်ပတ်အတွင်း ပေါင် (၁၉၇)သန်းနဲ့ PSG အသင်းသို့ နေမာ ပြောင်းရွှေ့ဖွယ်ရှိ

လာမယ့်ပတ်အတွင်း ပေါင် (၁၉၇)သန်းနဲ့ PSG အသင်းသို့ နေမာ ပြောင်းရွှေ့ဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

အသက် ၂၅ နှစ်ရှိ ဘာစီလိုနာနှင့် ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပဲရစ်စိန့်ဂျာမိန်း PSG နှင့် (၅)နှစ် စာချုပ်ဖို့ သဘောတူညီမှု ရရှိထားပြီး လာမယ့် အပတ်အတွင်း ကစားသမားဟာ ပေါင် (၁၉၇)သန်းနဲ့ ပြင်သစ်ကလပ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

နေမာဟာ စိန်ခေါ်မှုသစ်တွေအတွက် ဘာစီလိုနာကနေ ထွက်ခွာလိုတယ်လို့ သတင်းများက ဖော်ပြလာခဲ့တဲ့နောက် မကြာသေးမီရက်သတ္တပတ်များမှာ ဘရာဇီးကစားသမားရဲ့ အနာဂတ် ထင်ကြေးတွေဟာလည်း အများကြီး ထွက်ပေါ်လာပါတယ်။

နေမာရဲ့ ဖခင်ဟာ PSG အသင်းနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ယခုအခါ ၎င်းရဲ့ သားဟာ အခွန်ဆောင်ပြီး တစ်နှစ်ဝင်ငွေ ပေါင် (၂၇)သန်းနီးပါး ရရှိမယ့် (၅)နှစ် စာချုပ်ကို လက်မှတ်ရေးထိုးလိမ့်မယ်လို့ ဆိုပါတယ်။

PSG အသင်းက နေမာရဲ့ စာချုပ်လျော်ကြေး ပေါင် (၁၉၇)သန်း ပေးချေမှာဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဘောလုံးသမိုင်းတစ်လျှောက် ကြေးအမြင့်ဆုံး ဖြစ်လာဖွယ်ရှိနေပါတယ်။ နှစ်ဖက်အသင်းဟာလည်း ဒီအပြောင်းအရွှေ့အတွက် သဘောညီမှု ရရှိဖို့ အဆုံးသတ်ဖို့ပဲရှိနေပါတယ်။

နေမာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုပေမယ့် အနာဂတ်ကို ဘရာဇီးတိုက်စစ်မှူးကသာ ဆုံးဖြတ်လိ့မ်မယ်ဖြစ်တယ်လို့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောဆိုခဲ့ပါတယ်။

“ကစားသမားတွေက သူတို့အသင်းကထွက်ခွာသွားချင်ရင် ဆုံးဖြတ်နိုင်တယ်ဆိုတာ ခင်ဗျားတို့သိလား။ သူတို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကတော့ နေမာကို ဆက်လက်ထိန်းသိမ်းလိုပါတယ်။ သူ့ကို ဘာစီလိုနာက လိုအပ်ပါတယ်။ ကျနော်တို့ ချန်ပီယံဆုတွေကို ရယူချင်တယ်ဆိုရင် ဖြစ်နိုင်သလောက် ကစားသမားကောင်းတွေ ရဖို့ လိုပါတယ်"လို့ ဘာတိုမြူက ပြောဆိုခဲ့ပါတယ်။

နေမာဟာ မနေ့က အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော် ကစားသမားသစ် နယ်ဆင် ဆီမီဒိုနဲ့ အချင်းများခဲ့ပြီးနောက် ၎င်းရဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမို ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags