စားသုံးသင့်သည့် အာဟာရများနှင့် ပတ်သက်ပြီး အထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားချက်များ အပိုင်း ၃

စားသုံးသင့်သည့် အာဟာရများနှင့် ပတ်သက်ပြီး အထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားချက်များ အပိုင်း ၃

ဆီးချို နှင့် ကင်ဆာ ဝေဒနာရှင်များ၊ ကလေးငယ်များ၊ ကိုယ်အလေးချိန် လျော့ချလိုသူများနှင့် အသက်အရွယ်  အလိုက် စားသုံးသင့်သည့် အာဟာရများနှင့် ပတ်သက်ပြီး အထူးကုဆရာဝန်ကြီး   ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားချက်များကို ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။

မဇ္ဈိမ - အာဟာရနဲ့ ပတ်သက်ရင် ကလေးတွေရဲ့ အခြေနေကိုလည်း မမေးလို့ မဖြစ်ဘူးပေါ့နော်။ အသက်အရွယ် အပိုင်းခြားလိုက်ပေါ့။ တစ်နှစ်ကနေ နှစ်နှစ်၊ သုံးနှစ်ကနေ ငါးနှစ်ကြားကို တချို့ကလည်း ရက် ၁၀၀၀ အာဟာရ တိုက်ကျွေးမှု အစီအစဉ်လို့လဲ ခေါ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ဖြေပေးပါဦး။

Prof: WWM - ဒီရက် ၁၀၀၀ က အခုက တစ်ကမ္ဘာလုံးမှာ လုပ်တာပေါ့နော်။ အဲဒါ ဘယ်က စသလဲဆိုရင် ကိုယ်ဝန်ကတည်းကပေါ့နော်။ ဗိုက်ထဲမှာရှိတဲ့ ကလေးလေးဟာဆိုရင် သူရဲ့ အဓိကတော့ ဦးနှောက်ဖွံ့ဖြိုးမှုပေါ့။ သူက ဗိုက်ထဲမှာ အမေရဲ့ ဗိုက်ထဲမှာ နေတယ်။ နောက်ပြီးတော့ သူရဲ့ ဦးနှောက်တွေက တဖြည်းဖြည်း ကြီးလာတယ်ပေါ့။ အဲတော့ မွေးတဲ့အချိန်မှာလည်း ၃၅၀ ဂရမ်လောက် ရှိတယ်။ အဲတော့ ဗိုက်ထဲကနေ ဦးနှောက်ရေးရာ ဖွံ့ဖြိုးလာတယ်။ ပြီးတဲ့အခါကျရင်အလုပ်လည်း စလုပ်လာတယ်ပေါ့။ အလုပ်ကတော့ အာရုံကြောနှင့် နဗ်ကြောတွေပေါ့နော်။ အဲလို လုပ်ဖို့ဆိုရင် သူက ဗိုက်ထဲမှာ နေကတည်းက သူက အာဟာရ ပြည့်ဝနေရမယ်။ အဲတော့ ဘာလုပ်လဲဆိုရင် ကိုယ်ဝန်ဆောင်သည်တွေပေါ့နော်။ အဲမှာဆိုရင် ဦးနှောက်ပြည့်ဝဖို့ အဓိကကတော့ Omega 3 ပေါ့။ Omega 3 Fatty Acid များတဲ့ အစားစာတွေ စားပေးရမယ်။ အဲတော့ အမေတွေ ဘာစားရမလဲဆိုရင် ဥပမာ ဆော်လမွန်ငါးစားတာတို့ ၊ ဆားဒင်းငါး စားတာတို့ ထောပတ်သီး စားတာတို့ နောက် ကြက်ဥ စားရမယ်။ ဒါလေးတွေဟာ ကိုယ်ဝန်ဆောင်ကတည်းကိုက စားရမယ့် အာဟာရလေးတွေပေါ့။ နောက် ကြက်ဥဆိုရင်လည်း မဖြစ်မနေ စားပါလို့ ၊ ဘာလို့လဲဆိုရင် ကြက်ဥထဲမှာ ကိုလင်းဆိုတဲ့ ဓာတ်တစ်ခု ပါတယ်။  ကိုလင်းဓာတ် ပါမှသာလျှင် မွေးလာတဲ့ ကလေးဟာ ဦးနှောက်လည်း ဖွံ့ဖြိုးမယ်။ နောက် မျက်စိအမြင်အားလည်း ကောင်းမယ်ပေါ့။ နောက်တစ်ခုက ဆိုရင် Folic ပေါ့နော်။ Folic ကဆိုလို့ရှိရင်လည်း အရေးကြီးတယ်။ ဒါက အာရုံကြောတွေရဲ့ နာ့ဗ်ကြောတွေရဲ့ Spinal Cord ပေါ့နော်။ ဆေးအနေနဲ့လည်း Folic Acid တိုက်တယ်ပေါ့နော်။ အစားအသောက် အနေနဲ့ ဆိုလို့ရှိရင် ကျွန်မတို့က အစိမ်းရောင်ရှိတဲ့ အသီးအရွက်လိုမျိုး ပေါ့နော်။ အဲဒါမျိုးလေးတွေ များများစားမယ်ဆိုရင် ဒါဟာ ကိုယ်ဝန်ဆောင်မှာ ပြီးသွားတယ်။ ပြီးတော့မှ ကလေး တစ်နှစ်ကနေ နှစ်နှစ်ပေါ့နော်။ အဲဒီ နှစ်နှစ်အတွင်းမှာ လည်း ကျွန်မတို့က ၆လကတော့ မိခင်နို့ပေါ့နော်။ အဓိက ကတော့ မိခင်နို့ပဲ တိုက်စေချင်တယ်ပေါ့။ ၆လလုံး မိခင်နို့ တိုက်လိုက်ခြင်းအားဖြင့် မိခင်နို့ရဲ့ ကောင်းကျိုးတွေဟာ အများကြီး ရှိတယ်ပေါ့နော်။ အဲတော့ နံပါတ် ၁ အရေးအကြီးဆုံးက ဘာလဲဆိုရင် မိခင်ရဲ့ Anti-body ကို ကလေးတွေက ရတယ်ပေါ့နော်။ မိခင်နို့ တိုက်မယ်ဆိုရင် Anti-body ပေါ့။ ဥပမာ သူများ နှာစီးရင် ကိုယ်နှာမစီးဘူးပေါ့။ သူများချောင်းဆိုးရင် ကလေးက မဆိုးဘူးပေါ့။ အဲဒီလိုမျိုး Anti-Body တွေ ရစေချင်တဲ့ အတွက်ကြောင့်မို့လို့ အစ်မတို့တွေက ကလေးတွေကို အမေတို့ပဲ ရအောင် တိုက်ပါလို့ ပြောတာပေါ့နော်။ နောက်တစ်ချက်က Anti- body ရစေချင်တာ တစ်ချက်ရယ်။ နောက်တစ်ခုက ကလေးတွေဟာ အမေနို့တိုက်လိုက်ခြင်း အားဖြင့် အိပ်တာ ပိုကောင်းတယ်။ သူက တကယ့် Strong Sleep ရတယ်ပေါ့နော်။ Strong Sleep ရတဲ့ အခါကျရင် ကလေးတွေရဲ့ Growth ဟော်မုန်းက များသောအားဖြင့် ထွက်တာ ညမှ ထွက်တာ ည ၁၂နာရီလောက်မှ ထွက်တာပေါ့။ အဲတော့ အမေနို့ထဲမှာ ပါတဲ့ Albumin တစ်မျိုးပေါ့။ အဲဒီ Albumin က ကလေးကို ကောင်းကောင်း အိပ်စေတဲ့ အတွက်ကြောင့် အဲဒီ Growth ဟော်မုန်းကလည်း ကောင်းကောင်း အလုပ်လုပ်တယ်ပေါ့။ အဲဒါကြောင့်မို့ ကလေးတွေကလည်း ပြီးတော့မှ Well Developed ဖြစ်တယ်ပေါ့။ အဲဒါအရေးကြီးတယ်ပေါ့။ အဲကြောင့် အဓိက ၆လအတွင်းမှာဆို အမေနို့ပဲ အဓိက တိုက်ပါပေါ့နော်။ အမေနို့တိုက်ပြီး ၆လပြည့်တာနဲ့ ဖြည့်စွက်စာ တွေ စပြီပေါ့နော်။ ဖြည့်စွက်စာ စားတဲ့ အခါမှာလည်း တစ်ရက်ကို လေးကြိမ်လောက် စားလို့ ရတယ်ပေါ့။ မနက် Breakfast ဆိုရင်လည်း Cereal နဲ့ စားလို့ရတယ်။ နေ့လည်ဆိုရင်တော့ ဆန်ပြုတ်ပေါ့နော်။ ကိုယ့်ရဲ့ ရိုးရာ ဆန်ပြုတ်တွေ ကျွေးတယ်။ နောက် တစ်ရက်ကို လေးကြိမ် အစာကျွေးဖို့ လိုတယ်။ နောက်ပြီးတော့ အမေနို့လည်း ဆက်တိုက်ရအုံးမှာပဲ။ အမေနို့ကတော့ တစ်ရက်ကို ၆ ကြိမ်လောက် ဆက်တိုက်မယ်ပေါ့နော်။ ပြီးတဲ့အခါ ညအိပ်ခါမှာလည်း အမေနို့ ဆက်တိုက်မယ်ပေါ့။ အဲလို တိုက်ဖို့ဆို အမေကလည်း အဟာရပြည့်ဖို့ လိုတာပေါ့နော်။ ဒီကလေးတစ်ယောက် ကို နို့ကောင်းကောင်း တိုက်ပြီ ဆိုကတည်းက အမေနို့မကောင်းဘဲနဲ့ ဘယ်လိုနည်းနဲ့မှ ဒီ ကွာလတီ ကောင်းတဲ့ နို့ မရလာနိုင်ဘူး။ အဲဒါလည်း အရေးကြီးပါတယ်လို့။ အမေက ရေတွေပဲ သောက်နေမယ်။ ကလေးမွေးပြီးတာနဲ့ ဟင်းချိုရည်နှင့် ငါးခြောက်ဖုတ်ပဲ စားနေမယ်ဆိုရင်တော့ ဒီနို့ဟာ ဘာအာဟာရမှ ဖြစ်မှာ မဟုတ်ဘူးပေါ့နော်။ အဲဒါကိုလည်း ကျွန်မတို့တွေက အဓိက ပြောပါတယ်။ ကလေးမွေး မွေးပြီးခြင်းမှာ ကလေးမွေးတဲ့ အမေတစ်ယောက်ဟာ သေချာသောက်ပါ။ ဘာမှ ရှောင်စရာမလိုဘူး။ အဓိက ရှောင်ရမှာ ဘာလဲဆိုတော့ Pepsi ၊ ကိုလာ၊ လစ်ပို တို့ ကျွဲရိုင်းတို့ အဲလို Chemical ပါတဲ့ Soft drink တွေ ရှောင်ရမယ်။ အရက် ဘီယာရှောင်ရမယ်။ ကျန်တဲ့ ငါးခြောက်ဖုတ်တို့ ငါးပိကြော်တို့ လက်ဖက်တို့ ဒါတွေ ရှောင်ရမယ်။ အနည်းဆုံး စွတ်ပြုတ်ရည်ကို ၆ခွက်လောက် သောက်ရမယ်။ ၆ခွက် မနက် ၂ခွက် နေ့လည် ၂ခွက် ည ၂ခွက် သောက်ရမယ်။ အသားကိုလည်း တစ်နေ့ကို ၂၀သား မွေးမွေးပြီးချင်းမှာပေါ့နော်။ အဲဒါလေးတွေက အာဟာရ ပြည့်ဝအောင် စားမှ သူရဲ့နို့ကလည်း အပြည့်ရမယ်။ အဲဒါမှလည်း ကလေးကို ၆လ အပြည့်နို့တိုက်နိုင်မယ်။ ပြီးတဲ့အခါ အစ်မတို့က ဖြည့်စွက်စာ စားပေးပေါ့နော်။ အဲဒါ တစ်နှစ်ထိ စားရမယ်။ အဲလိုပဲ ဆန်ပြုတ်ကိုလည်း တစ်ဖြည်းဖြည်းနဲ့ ပျစ်ရမှာပေါ့နော်။ အဲဒါပြီးမှာ ၈လလောက် ရောက်ရင်တော့ ကလေးတွေကို ဒိန်ချဉ် စကျွေးစေချင်တယ်။ ဘာလို့ဆိုတော့ ဝမ်းလျှော ဝမ်းပျက်လည်း ကြောက်ရတယ်ဆိုတော့လေ အဲတော့ ဒိန်ချဉ်လေးလည်း စကျွေးထားစေချင်တယ်ပေါ့။ ကလေးတွေရဲ့ အစာတွေနဲ့ အူလမ်းကြောင်း ကောင်းတာပေါ့။ နောက် နေပူလှန်းခိုင်းစေချင်သေးတယ်။ နေပူလှန်းမှလည်း ဗီတာမင် D ကလည်း အရိုးကိုလည်း သန်မာစေတယ်။ နောက်တစ်ခုကလည်း ဒီအစာအိမ်နဲ့ အူလမ်းကြောင်းပေ့ါ။ သူက Resistor တွေနဲ့ အလုပ် လုပ်တာဆိုတော့ အဲဒါလည်း ကောင်းစေချင်တော့ ဆရာမတို့တွေက မနက် ၆နာရီခွဲကနေ ၈ နာရီခွဲထိ နေပူလှန်းဖြစ်အောင် လှန်းပါလို့ အဲဒါလေးပဲ ပြောချင်ပါတယ်။ အာဟာရတွေကတော့ ပြောရမယ်ဆို အများကြီးပဲ။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ်။ ဒီမှာ မေးထားတာ ဝိတ်ချတဲ့ ကိစ္စပေါ့နော်။ အချို့တွေက ပြောတယ်တဲ့ သံပရာသီးကို ရေနွေးနဲ့ စိမ်သောက်ရင် အဆီကျတယ်တဲ့။ အဲဒါကိုလည်း သင့်တော် သလားပေါ့။

Prof: WWM - သောက်မယ်ဆို သောက်လို့ ရပါတယ်လို့နော်။

မဇ္ဈိမ - အချို့တွေက ဝိတ်ချဖို့ လိမ်းဆေးတွေ သုံးကြတယ်တဲ့။ ဆိုတော့ ဘယ်လိမ်းဆေးက ကောင်းနိုင်သလဲပေါ့နော်။ ဆရာမကြီးဖြေကြားပေးပါ။

Prof: WWM - လိမ်းဆေးအနေနဲ့ကတော့ သူက များများပွတ်တိုက်လိုက်ရင် ပူသွားပြီးတော့ လောင်ကျွမ်းတာတော့ ရှိတယ်ပေါ့။ အခုက နောက်ပိုင်းကတော့ ဆေးတွေတော့ ပေါ်တယ်ပေါ့။ အချို့ကတော့ အဆီကျတဲ့ ဆေး Step တွေလိုမျိုး ဟော်လစ်ပေါ့ အခုနောက်ပိုင်းတော့ သောက်နေကြတယ်ပေါ့နော်။ အဲဒါကလည်း အဓိက ဘာလဲဆိုရင် အစားစားလိုက်တဲ့သူတွေ ဥပမာ အဆီများများ စားလိုက်တဲ့ သူတွေ ဥပမာ ဟင်းအနှစ်ကြိုက်တဲ့သူတို့ ဝက်သားစားတဲ့သူ အဲလိုမျိုး ကြိုက်တဲ့သူဆို ဒီလိုမျိုး ပိန်ဆေးရည်ကို သောက်တယ်ဆိုရင်တော့လည်း သူက အဆီတွေ ထွက်သွားမှာပဲ။ ဥပမာဆိုရင် လူတစ်ယောက်က ထမင်းတွေကြီးပဲ တအားစားတယ်ဆိုလို့ ရှိရင် Allie Step တို့လိုမျိုး အဲဒါတွေက သိပ် ဆိုးကျိုးမရှိဘူးလို့ ပြောလို့ ရတယ်။

မဇ္ဈိမ - ဒီမှာ တစ်ယောက်က မေးလာတာက အချို့တွေက ပြောကြတယ်တဲ့ ထမင်း သုံးကြိမ်စားပြီး အသီးအနှံနဲ့ အပိုအစားစာတွေကို ထမင်းစားပြီးနောက်မှာ ရောစားဖို့ ပြောတယ်။ သပ်သပ်ခွဲစားဖို့ မလိုဘူးလို့ ပြောတယ်။ ဆရာမကတော့ တစ်နေ့ ၆ကြိမ် စားဖို့ ပြောတယ်။ ဆိုတော့ ဘယ်လိုကွာခြားလဲ သိချင်ပါတယ်။

Prof: WWM - အသီးအနှံတွေကတော့ များများစားနိုင်လေ ကောင်းလေပဲပေါ့။ အဲတော့ ထမင်းစားပြီးတာနဲ့ အသီးစားမယ်ဆို ဗိုက်ချန်ထားပေါ့။ ထမင်းကို အများကြီး စားလိုက်မယ်ဆို ဗိုက်ကလည်း မဆန့်တော့ဘူးပေါ့နော်။ အဲတော့ ဖြစ်နိုင်လို့ ရှိရင် ထမင်းစားပြီးရင်လည်း အသီးစားလို့ ရပါတယ်။ နောက် ၆ ကြိမ်စားတဲ့ အခါမှာလည်း ကြားထဲက Snacks တွေကိုလည်း အခြား အသားကို ရွေးမယ့်အစား ဒီလို အသီးနဲ့ ရွေးမယ်ဆိုရင် Healthy Diet ဖြစ်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ ဒီကြားတွေထဲမှာ အသီးလေးတွေကို ရွေးပြီးတော့မှ  စားတာ ပိုကြိုက်တယ်လို့ ပြောချင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်က မေးလာတာကတော့ အိပ်မပျော်တဲ့ ပြဿနာ သူ့မှာ ရှိနေပါတယ်။ အဲတော့ အိပ်ပျော်အောင် ဘယ်လို အစားစာတွေ စားသင့်သလဲလို့ မေးလာပါတယ်။

Prof: WWM - ညမှာ အိပ်ပျော်ချင်ရင် တစ်ခုတော့ ရှိတာပေါ့နော်။ သူရဲ့ Course ပေါ့နော်။ သူရဲ့ Course က သူဟာ ငယ်တုန်းလား အသက်လည်း မူတည်တယ်ပေါ့နော်။ ဥပမာ အသက် ၄၀ ကျော်လား ၅၀ ကျော်လား ပေါ့နော်။ အကယ်၍ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုများတယ်။ အသက် ၅၀ နားနီးပြီဆိုရင် အဲဒီအမျိုးသမီးတွေဟာ သူက အိပ်မပျော်တာ များတယ်ပေါ့။ အဲလိုသမားတွေဆို ဘာလုပ်ရမလဲဆိုတော့ ဥပမာ ညဆိုရင် ယောဂလေး ကစားတာမျိုး အားကစားလေး တစ်ခု ကစားလိုက်မယ်။ ပြီးတော့ ရေနွေးနဲ့ ရေချိုးမယ်ပေါ့နော်။ ရေနွေးနဲ့ ရေချိုးပြီးရင် ဥပမာ နို့သောက်တာမျိုး အဲအချိန်မှာ သကြားလေး နည်းနည်း ထည့်သောက်လိုက်။ အဲဆိုရင် Glucose လည်း တက်သွားတယ်။ တက်သွားပြီးရင် အိပ်ပျော်တာ များတယ်ပေါ့။ အဲဒါလေး လုပ်လို့ ရတယ်။ နောက် တစ်ခုက ဆေးသောက်တာပေါ့။ တစ်ချို့က ကျွန်မတို့ကတော့ Supplement တစ်ခု ပေးတယ်။ Melatonin ပေါ့။ Melatonin ကကျတော့ အိပ်ဆေးတော့ မဟုတ်သေးဘူး။ ဟော်မုန်းလေးတွေ ထွက်တဲ့ဆေးဆိုတော့ အဲလိုမျိုးလေးတွေလည်း သောက်လို့ ရတယ်။ ဒါက တစ်ခုပေါ့နော်။ ဒါပေမယ့် အချို့ အငယ်တွေမှာကျတော့ သူတို့က Stress တွေပဲ သိပ်များလို့ ဖြစ်တာလားပေါ့။ အဲတော့ stress သိပ်များတယ်ဆိုရင်တော့ အဓိက ကတော့ Stress ကို လျော့ရမယ်။ နောက်တစ်ခုက အချိုများများသောက်ပေါ့။ သူတို့က အချိုစားလည်း ပြဿနာ မရှိဘူးဆိုတော့ နို့၊ မိုင်လို ကြိုက်တာ သောက်လို့ရတယ်။ အဲဒါကို သကြားလေး ထည့်သောက်လို့ ရတယ်။ နောက်ပြီးတော့မှ ကော်ဖီ လက်ဖက်ရည် မသောက်နဲ့ပေါ့။ ည ၆နာရီ နောက်ပိုင်းမှာပေါ့နော်။ အဲလို Course ကတော့ ရှိပါတယ်။

မဇ္ဈိမ - နောက်တစ်ခုက ကျွန်တော်တို့ ဆီးချိုကျဆေး သောက်လို့ ရှိရင် ရုတ်တရက် ထိုးကျတတ်လားတဲ့။ အဲလို ကျသွားတယ် ဆိုလို့ ရှိရင် ပြန်ပြီးတော့ သက်သာဖို့ ဘယ်အစားစားကို အမြန်ဆုံး စားသင့်ပါသလဲတဲ့။

Prof: WWM - ဟုတ်တယ် ရှိတယ်။ အဲဒါလည်း တော်တော် အရေးကြီးတယ်ပေါ့။ ကိုယ်က ဆီးချိုသမားပေါ့။ ဆီးချိုဆေး သောက်နေတယ်။ ရုတ်တရက်ကြီး အကြောင်းတစ်ခုခုကြောင့် အရမ်းကြီး ကျသွားတာပေါ့။ သူက ဂယောင်ခြောက်ခြား ဖြစ်တယ်။ ကတုန်ကယင် ဖြစ်တယ်ဆိုရင် အဓိက ချိုချဉ်လေး ဆောင်ထားပေးပါလို့။ အမြန်ဆုံးပဲ ချိုချဉ်ဆောင်ထားလို့ ရတယ်။ အချိုရည် ဆောင်ထားလို့ ရတယ်။ ဒါပေမယ့် ဆီးချိုသမားတွေကို များသောအားဖြင့် အချိုရည် မတိုက်တော့ဘူးလေ။ မတိုက်တဲ့အခါကျတော့ သူတို့မှာ အဆင်သင့် မရှိဘူးပေါ့။ အဲတော့ ချိုချဉ်လေး တစ်လုံးနှစ်လုံးတော့ အိတ်ထဲ ဆောင်ထားလို့ ရပါတယ်လို့ ပြောချင်ပါတယ်။

Mr.Ravindra Jain. 4R Condultancy (အင်္ဂလိပ်လို မေးမြန်းမှု)

မဇ္ဈိမ - Mr.Ravindra Jain မေးသွားတာတော့။ သူက ဒီမှာနေတာ ၈ နှစ် ၊ ၉ နှစ်လောက် ရှိပြီတဲ့။ အချို့တွေဆို ငါးကြီးဆီက ရတဲ့ ပုံစံမျိုး အဲဒါတွေ သောက်ကြတယ်ပေါ့။ အဲဒါကို သူတို့ Body အတွက် ဘာကောင်းကျိုးရှိနိုင်လဲ ဆိုတာ မေးသွား ဖြစ်ပါတယ်။

Prof: WWM - Cod Liver Oil ပေါ့ ။ ဒါကတော့ သောက်ကြပါတယ်။ အဓိကတော့ Omega 3 နဲ့ ပတ်သက်ပြီး သောက်ကြတာပေါ့နော်။ အဲတော့ ဒီအဆီကို သောက်မယ်ဆိုရင် ကျွန်မတို့က တစ်ရက်ကို တစ်လုံး သောက်လို့ ရပါတယ်။ Cod Liver Oil သောက်လိုက်ခြင်းအားဖြင့် ကိုလက်စထရောကိုလည်း ကျစေတယ်ပေါ့နော်။ ပြီးတဲ့အခါ သူက မကောင်းတဲ့ ကိုလစ်ထရောကို ကျစေတဲ့အတွက် ကောင်းတဲ့ ကိုလက်စထရောကိုလည်း ပျက်စေပါတယ်လို့ အကယ်၍ သောက်မယ်ဆိုရင်တော့ Capsule သောက်ရင်တော့ လွယ်တာပေါ့။ နောက် ငယ်ငယ်လေးတွေမှာဆိုရင် ကလေးတွေမှာလည်း Cod Liver Oil ငါးကြီးဆီ လေးတွေ အဲဒါတွေလည်း သောက်ကြပါတယ်။ အဲတော့ အထူးသဖြင့် ကိုလက်စထရော တက်နေသူတွေရယ် နောက်တစ်ခုက နှလုံးရောဂါ ရှိတဲ့သူတွေ နောက်ပြီးတော့ NDN များတဲ့သူတွေ ဝတဲ့သူတွေလည်း သောက်လို့ ရပါတယ်။ အဲဒါ တစ်ချက်ပေါ့နော်။ နောက်တစ်ချက်က ကျတော့ အသားအရည်နဲ့ ပတ်သက်ပြီးတော့ ဒါကတော့ Omega 3 အမျိုးအစားတွေပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေက အသားအရည်ကိုလည်း ကောင်းစေတယ်။ အရေပြား ခြောက်သွေ့တာတို့ ဘာတို့ မရှိတော့ဘူးပေါ့နော်။ သောက်ချင်တယ်ဆိုရင်တော့ သောက်လို့ ရပါတယ်လို့။

မဇ္ဈိမ - နောက်တစ်ခုက ဒီမှာ တစ်ယောက်က စောစောက မေးသွားတာ မဖြေလို့တဲ့ ကျောက်ကပ်မှာ ကျောက်တည်ရင် မခွဲဘဲ ကျောက်ကျအောင် အစားအသောက်တွေ ဘယ်လို စားသောက်လို့ ရနိုင်ပါသလဲတဲ့။

Prof: WWM - အဲဒါတွေက ကျောက်ကျအောင် မြန်မာတွေက ဘယ်လိုစားလဲဆိုရင် ငါးပြေမနဲ့ ကျောက်ဖရုံသီးနဲ့ စားတယ်ပေါ့နော်။ အဲဒါတော့ ကျွန်မတို့တွေက ငါးပြေမတော့ အတိအကျ မသိဘူး ။ ကျောက််ဖရုံတော့ စားလို့ ရတယ်ပေါ့နော်။ ဒီကျောက်ဖရုံသီး စားလိုက်ခြင်းအားဖြင့် ယူရီယာပေါ့နော် ။ အဲမှာ ရှိတာတွေကတော့ ကျတာ သေချာတယ်။ အဲတော့ ကျောက်ဖရုံသီးတို့ သခွားသီးတို့လိုမျိုး ဘူးသီးတို့လိုမျိုး အဲဒါမျိုး စားတယ်ဆိုလို့ ရှိရင် ခန္ဓာကိုယ်မှာ အဆိပ်ဖြစ်တာကို လျော့သွားစေတယ်ပေါ့။ အဲတော့ အဲဒါမျိုးတွေ စားပါ ဆေးလည်း သောက်ပါ။ သေးတဲ့ ကျောက်ဆိုရင်တော့ ကျောက်က အမျိုးအစား အများကြီး ရှိတာပေါ့လေ။ ဥပမာဆိုရင် တစ်ချို့ကျောက်တွေက အမွှားလေးတွေ ဖြစ်ပြီးတော့ ပြုတ်ကျသွားတာပေါ့။ အချို့ကျောက်ဆိုလည်း တအားကြီး ခဲနေတာမျိုးကျ မလွယ်ဘူးပေါ့။ အဲလိုမလွယ်ဘူးဆိုတာကျတော့ တစ်ဖြေးဖြေးနည်းနည်းကျအောင် ရေလေးသောက်မယ်။ ပြီးတော့ ကျောက်ဖရုံသီး စားလို့ ရတယ်ပေါ့။ လူတွေက ကျောက်ဖရုံသီးကို ဒီအတိုင်းစားလို့ မရတော့ ငါးပြေမနဲ့ ရောစားတာပေါ့လေ။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

အင်တာဗျုးအပိုင်း(၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/29789
အင်တာဗျုးအပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/29883

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly