ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ အတူတကွတက်ရောက်မည့် မက်ဒေမွန်နှင့် ဂျော့ကလူးနေး

ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ အတူတကွတက်ရောက်မည့် မက်ဒေမွန်နှင့် ဂျော့ကလူးနေး

ဟောလိ၀ုဒ်ကြယ်ပွင့်များဖြစ်ကြသော သရုပ်ဆောင် မက်ဒေမွန်နှင့် ဂျော့ကလူးနေးတို့သည် ယခုနှစ်တွင် ကျင်းပ မည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ အတူတကွတက်ရောက်မည်ဖြစ်ပြီး သူတို့ရိုက်ကူးထားသော ရုပ်ရှင်ကားတစ်ကား ကို ပြသသွားရန် စီစဉ်ထားကြသည်။

The Ocean’s Eleven ဇာတ်ကား၏ သရုပ်ဆောင်များဖြစ်ကြသော မက်ဒေမွန်နှင့် ဂျော့ကလူးနေးတို့သည် ထိုပွဲတော်၌ မှုခင်းဟာသဇာတ်ကား Suburbicon ကို အထူးပွဲအနေဖြင့် ပြသသွားမည်ဖြစ်ပြီး ထိုဇာတ်ကားတွင် ဒေမွန်က သရုပ်ဆောင်ထားကာ ကလူးနေးက ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည်။

ဒါ့အပြင် မက်ဒေမွန်သည် အဆိုပါပွဲတော်၏ အဖွင့်ပွဲတွင်ပြသမည့် ဒါရိုက်တာအလက်ဇန္ဒားပိန်း ရိုက်ကူးထား သည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Downsizing တွင်လည်း ပါ၀င်သရုပ်ဆောင်ထားသည်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော ဇာတ်ကားများသည် အော်စကာဆုပေးပွဲ၌ သုံးနှစ်ဆက်တိုက် ဆုများ ဆွတ်ခူးထားနိုင်သောကြောင့် အနုပညာသမားများအတွက် ကံကောင်းခြင်းများ ယူဆောင်ပေးနိုင်သည့် ပွဲတော် တစ်ခုအဖြစ် ထင်ရှားသည်။

မကြာသေးခင်နှစ်များက ထိုပွဲတော်၌ ပွဲဦးထွက်ပြသခဲ့သော Birdman နှင့် Spotlight ရုပ်ရှင်များသည် အော်စကာဆုပေးပွဲ၌ အကောင်းဆုံးဇာတ်ကားဆုကို ဆွတ်ခူးနိုင်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly