ပြည်ပလက်နက်တင်သွင်းမှုကို အားထားနေရခြင်းအား လျှော့ချရန် နိုင်ဂျီးရီးယားနိုင်ငံက ကိုယ်ပိုင်လက်နက်စက်ရုံ တည်ဆောက်မည်

ပြည်ပလက်နက်တင်သွင်းမှုကို အားထားနေရခြင်းအား လျှော့ချရန် နိုင်ဂျီးရီးယားနိုင်ငံက ကိုယ်ပိုင်လက်နက်စက်ရုံ တည်ဆောက်မည်

နိုင်ဂျီးရီးယားနိုင်ငံအနေဖြင့် ပြည်ပမှ လက်နက်တင်သွင်းနေ ရသည့်အပေါ်မှာ အားပြုနေရခြင်းကို လျှော့ချနိုင်ရေးအတွက် ကိုယ်ပိုင်လက်နက်စက်ရုံတည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သမ္မတ မူဟာမတ်ဒူဘူဟာရီက ပြောသည်။

မေလတွင် အာဏာရရှိလာသည့် သမ္မတဘူဟာရီက ကာကွယ်ရေးဝန်ကြီးဌာနသို့ ခေတ်မီလက်နက်စက်ရုံတည်ဆောက်ရေးအတွက် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ဘိုကိုဟာရမ်အစ္စလာမ်အစွန်းရောက်များ၏ တိုက်ခိုက်မှုများကို ခြောက်နှစ်ကျော်တိုင်အောင် ရင်ဆိုင်နေရသည့် နိုင်ငံလည်းဖြစ်သည်။

နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်ဆိုကာ အမေရိကန်၏ လက်နက်ရောင်းချခြင်းကိုလည်း ငြင်းဆန်ခံထားရသည့် နိုင်ငံဖြစ်သည်။

ပြည်ပလက်နက်အပေါ်မှာသာ အားထားနေရသည်ကို ပြောင်းလဲပစ်ရန်အတွက် သမ္မတဘူဟာရီက ပညာတတ်စစ်အရာရှိသစ်များနှင့် တွေ့ဆုံကာ ပြောဆိုညွန်ကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက အမေရိကန်သို့ သမ္မတဘူဟာရီအလည်အပတ်ရောက်ရှိခဲ့ပြီး မိမိတို့နိုင်ငံအား လက်နက်မရောင်းချပဲ နေခြင်းဖြင့် အမေရိကန်က ဘိုကိုဟာရမ်အဖွဲ့အတွက် အားပေးအားမြှောက်ပြုလုပ်ပေး တာသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်၏ ဥပဒေတွင် လူအခွင့်အရေးချိုးဖောက်မှုရှိသည့် နိုင်ငံများသို့ လက်နက်ရောင်းချခြင်းများ မပြုရန် တားမြစ်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly