ပီအက်စ်ဂျီအသင်းမှာ နေမာနှင့် သဘောတူညီမှု ရရှိထားပြီး ဘာစီလိုနာနှင့် ဆက်လက်ညှိနှိုင်းနေရခြင်းဟု သတင်းများထွက်ပေါ်

ပီအက်စ်ဂျီအသင်းမှာ နေမာနှင့် သဘောတူညီမှု ရရှိထားပြီး ဘာစီလိုနာနှင့် ဆက်လက်ညှိနှိုင်းနေရခြင်းဟု သတင်းများထွက်ပေါ်

ဇူလိုင် ၂၇၊ ပြင်သစ် ။             ။ ပီအက်စ်ဂျီအသင်းသည် ဘရာဇီးတိုက်စစ်မှူးနေမာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိပြီးဖြစ်သော်လည်း ဘာစီလိုနာအသင်းနှင့် ဆက်လက်ဆွေးနွေးနေရခြင်း  ဖြစ်သည်ဟု ပြင်သစ်မီဒီယာ L’Equipe က ဖော်ပြလိုက်သည်။

လက်ရှိတွင် နေမာ၏ ပြောင်းရွှေ့ကြေးပမာဏမှာ ယူရို ၂၂၂ သန်းဟု သတင်းများထွက်ပေါ်နေပြီး ပီအက်စ်ဂျီအသင်းက ပြောင်းရွှေ့ကြေးပမာဏလျှော့ချနိုင်ရန် ဘာစီလိုနာအသင်းနှင့်   ဆွေးနွေးနေခြင်းဖြစ်သည်ဟု L’Equipe က ဆိုသည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် နေမာ၏ အပြောင်းအရွှေ့ကို ဖြစ်နိုင်သမျှ အခွန်နှုန်းထား လျှော့ချနိုင်ရန် အလိုရှိနေပြီး ထိုအချက်ကို အဓိကထားကာ ဘာစီလိုနာနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် နေမာကို တစ်နှစ်လစာငွေ ယူရိုသန်း ၃၀ ပေးချေမည်ဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။ အပြောင်းအရွှေ့ဖြစ်မြောက်လာပါက ကမ္ဘာ့စျေးအကြီးဆုံး အပြောင်းအရွှေ့ဖြစ်လာမည်ဖြစ်ပြီး နေမာမှာလည်း ကမ္ဘာပေါ်တွင် လစာငွေအများဆုံး ကစားသမား ဖြစ်လာမည် ဖြစ်သည်။

နေမာသည် လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် အတူ အမေရိကန်၌ ရာသီကြို ခြေစမ်းပွဲကစားလျက်ရှိပြီး မန်ယူကို ၁-၀ ဂိုးဖြင့် နိုင်သည့်ပွဲတွင် ခြေစွမ်းပြကာ အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

ရည်ညွှန်း L’Equipe

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags