ထိုင်းတောင်ပိုင်းမှာ ရေယာဉ်နစ်မြုပ်မှုဖြစ်ပြီး ငါးဦး သေဆုံး

ထိုင်းတောင်ပိုင်းမှာ ရေယာဉ်နစ်မြုပ်မှုဖြစ်ပြီး ငါးဦး သေဆုံး

ဇူလိုင် ၂၇ ။              ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဇူလိုင်လ ၂၆ ရက်ညပိုင်းက စက်တပ်ရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီးနောက် လူငါးဦး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

ယင်းရေယာဉ််ဟာ Siam ပင်လယ်ကွေ့မှာရှိတဲ့ ကျွန်းစုတွေဆီ ခုတ်မောင်းသွားရင်းနဲ့ ယခုလို နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

ယင်း ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်ကတော့ ဘန်ကောက်မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၄၀၀ (၂၄၉ မိုင်) အကွာ Ngam နဲ့ Kalok ကျွန်းတွေအနီး ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရေယာဉ်မှာတော့ လိုက်ပါလာသူ စုစုပေါင်း ၁၆ ဦး အနက် ၁၁ ဦးကတော့ အခင်းဖြစ်ပွားချိန်မှာ အချိန်မီ လွတ်မြောက်လာခဲ့ပေမယ့် ကျန်ငါးဦးကတော့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူငါးဦးကတော့ ပင်လယ်ရေအောက် ဓာတ်ပုံပညာလေ့လာရေးကျောင်းသူ လေးဦးနဲ့ ရေငုပ်သရုပ်ပြဆရာတစ်ဦးတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုဖြစ်စဉ်မှာတော့ ရေယာဉ်ဟာ မုန်တိုင်းမိခဲ့ရာကနေတဆင့် နစ်မြုပ်သွားခဲ့ရတာဖြစ်တယ်လို့လည်း Chumphon ဒေသ အုပ်ချုပ်ရေးမှူး Narong Pollaiad က ပြောပါတုယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly