ဘာလို့ ကိုယ့်ကိုကိုယ် သတ်သေကြတာလဲ

ဘာလို့ ကိုယ့်ကိုကိုယ် သတ်သေကြတာလဲ

မင်္ဂလာပါ YOPE သူငယ်ချင်းတို့ရေ အခုလက်ရှိ အင်တာနက် စာမျက်နှာပေါ်မှာ သေကြောင်းကြံစည်တာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ရပ်တွေ အများကြီး ဖြစ်ပေါ်နေပါတယ်။ ကျွန်တေ်ာတို့ လက်ရှိ ပတ်ဝန်းကျင်မှာလည်း ဒီလိုဖြစ်ရပ်တွေ ရှိနေနိုင်ပါတယ်။ ဒီတော့ ကျွန်တော်သူငယ်ချင်းတွေကို ဒီ သေကြောင်းကြံစည်တာနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့အမြင်တွေ ဘယ်လိုရှိမလဲဆိုတာကို လိုက်မေးကြည့်လိုက်ပါတယ််။

ဆယ်တန်းကျောင်းသားလေးတစ်ယောက် စာမေးပွဲ မအောင်လို့ဆိုပြီးတော့ ရေကူးကန်ထဲမှာ ကိုယ့်ကိုကိုယ် သတ်သေတာကို ကြားဖူးတယ်ခင်ဗျ။ ဘယ်လိုပြောရမလဲ လူက ကိုယ့်ဘာသာကိုယ် အရမ်း မွနး်ကျပ်လာတဲ့အချိန် ကိစ္စတစ်ခုကို သူ့ရဲ့ဦးနှောက်ထဲမှာ ဖြေရှင်းနိုင်စွမ်း မရှိတော့တဲ့အချိန်တော့ လုံးဝ အရမ်း ရုန်းထွက်ချင်တယ် အဲဒီကိစ္စကြီးကို သူ ရင်မဆိုင်ရဲဘူး။ ရင်မဆိုင်ရဲတဲ့အချိန်မှာ အဲဒီကိစ္စကနေ ရုန်းထွက်အောင်ဆိုပြီးတော့ တွေးမိတွေးရာ အရမ်းကို စိတ်ညစ်လာတဲ့အချိန်မှာ လုပ်လိုက်တဲ့ အပြုအမူလေးတစ်ခုပေါ့။

 

 

ကောင်မလေးက မချစ်တော့တဲ့အခါကျတော့ မချစ်တော့တာကို အရမး်ပဲ ဒေါသထွက်ပြီးတော့ သူ့ကိုယ်သူ လုပ်မိလုပ်ရာ လုပ်ခဲ့တယ်။ သူ့ကိုယ်သူ ဓါးနဲ့ ရင်ဘက်ကို ထိုးပြီးတော့ အဆုံးစီရင်ခဲ့တယ်။

 

 

 

မုဒိမ်းမှုနဲ့ပတ်သက်ပြီးတော့ ကြားဖူးတယ်ပေါ့နော်။ စိတ်တွေလှုပ်ရှားပြီးတော့ ကြောက်ရွံ့ပြီးတော့ အထိတ်တလန့်နဲ့ ဇွဲကြိုးချပြီးတော့ သေဆုံးတာတွေတော့ ကြံုဖူးပါတယ်။

 

 

 

ဘာအကြောင်းကိစ္စနဲ့မှ အဲလိုမျိုး လုပ်စရာတော့ မလိုဘူးပေါ့နော်။ တစ်ခုခု ဝမ်းနည်းစရာတွေရှိရင်တောင်မှ ခံစားစရာတွေရှိရင် အကောင်းဆုံး ပြန်ကြိုးစားပေါ့။ ပတ်ဝန်းကျင်မှာ ကိုယ်စိတ်ညစ်တာတွေ ရှိရင်လည်း တိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။

 

 

 

တကယ်တမ်းကျတော့ အဲဒါက စိတ္တဇပုံစံ ဆန်လွန်းတယ်။ ပြောရမယ်ဆိုရင် တချို့ကကျတော့ လုပ်ကြံမှုတွေဘာတွေ ရှိတယ်။ တချို့ကကျတော့ စိတ်ခံစားချက်တွေကြောင့် ထွက်ပေါက်ရှာတဲ့ သဘောမျိုး ဖြစ်ရင်လည်း ဖြစ်မှာပေါ့။

 

 

 

ဘယ်လိုပြောရမလဲဆိုတော့ အဲလိုနဲ့ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်မှာတော့ မြင်တွေ့ရတာတော့ မရှိဖူးဘူးပေါ့။ ဒီဟာက နည်းနည်း စိတ်နဲ့ပတ်သက်တဲ့ ဆိုက်ကို နည်းနည်းလေး ရှိနေတဲ့ လူတွေ တော်တော်များများမှာ ရှိနေတက်တဲ့ အလေ့အထလို့ ထင်မိတယ်။

 

 

 

ဒါကတော့ သေကြောင်းကြံစည်မှုအကြောင်း သူငယ်ချင်းတွေ ပြောပြသွားတာဖြစ်ပါတယ်။ သေကြောင်းကြံစည်မှုဆိုတာ နောက်ဆုံးထွက်ပေါက် မဟုတ်ပါဘူး။ သေကြောင်းကြံစည်မှုနဲ့ ပတ်သက်ပြီးတော့ သူငယ်ချင်းတို့မှာ တခြားအတွေ့အကြံု အဖြစ်အပျက်တို့ ရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ Website မှာ လာပြီးတော့ Share ခဲ့ပေးပါဦးခင်ဗျာ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly