ညာဘက် တံတောင်ဆစ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဂျိုကိုဗစ်

ညာဘက် တံတောင်ဆစ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ဂျိုကိုဗစ်
(ဓာတ်ပုံ - အီးပီအေ)

နာမည်ကြီး ဆာဗီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ညာဘက် တံတောင်ဆစ် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

၎င်းက ဆရာဝန်များနဲ့ တိုင်ပင်ခဲ့ပြီး ဒီဒဏ်ရာမှ ပျောက်ကင်းဖို့ အချိန်လိုအပ်မယ်လို့ သူ့ကို အကြောင်းကြားခဲ့ကြောင်း ယခင် ကမ္ဘာ့နံပါတ် ၁ တန်းနစ်သမားက ဖေ့ဘုတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှ ပြောကြားသွားပါတယ်။

"ဆရာဝန်အားလုံးနဲ့ ကျနော် တိုင်ပင်ပြီးခဲ့ပြီး ကျနော် ဆားဘီးယားနှင့် ကမ္ဘာတလွှားရှိ အထူးကုဆရာဝန်များဆီကို သွားရောက်ခဲ့ပြီး သူတို့အားလုံးက ဒီဒဏ်ရာကနေ ပျောက်ကင်းသက်သာဖို့ အချိန်လိုအပ်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။"လို့ ဂရင်းဆလင်း (၁၂)ကြိမ်ရ ဂျိုကိုဗစ်က ပြောပါတယ်။

အသက် ၃၀ နှစ်ရှိ ကစားသမားဟာ ၂၀၁၇ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ချက်မှ သောမတ်စ် ဘာဒက်ချ်နဲ့ တွေ့ဆုံရင်ဆိုင်တဲ့ ပွဲချိန်အတွင်း အဆိုပါ ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

၂၀၁၆ မှာ ပြင်သစ်အိုပင်း ချန်ပီယံဆုသာ ရရှိခဲ့တဲ့နောက်ပိုင်း ရုန်းကန်နေရသူ ဂျိုကိုဗစ်က ၎င်းရဲ့ ဇနီးဟာ ဒုတိယ ရင်သွေး ရရှိနေကြောင်း မျှော်လင့်ရကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags