ပခုက္ကူတွင်​ ပြည်​့တန်​ဆာလုပ်ကိုင်သူ အမျိုးသားများ အပါအဝင် ၂၇ ဦး ဖမ်းဆီး

ပခုက္ကူတွင်​ ပြည်​့တန်​ဆာလုပ်ကိုင်သူ အမျိုးသားများ အပါအဝင် ၂၇ ဦး ဖမ်းဆီး

ပခုက္ကူ၊ဇူလိုင်​၂၆ ။          ။ ပခုက္ကူမြို့တွင်​  ပြည်​့တန်​ဆာလုပ်​ငန်​းဖြင်​့ အသက်​​မွေးဝမ်​း​ကျောင်​း ပြု​နေသူ အမျိုးသား ၄ဦးနှင်​့ အမျိုးသမီး ၂၃ဦးတို့အား ပြည်​့တန်​ဆာမှုဖြင်​့ ဖမ်​းဆီးထား​ကြောင်​း ပခုက္ကူမြို့မရဲစခန်​းမှ သိရသည်​။

ပြည်​့တန်​ဆာမှုဖြင်​့ ဖမ်​းဆီးထားသူများမှာ ပခုက္ကူမြို့ အမှတ်​ ၆ ရပ်​ကွက်​ မြိုင်​သာယာရပ်​မှ ဖြစ်​ပြီး ဇူလိုင်​လ ၂၅ ရက်​​နေ့ ည​နေပိုင်​း က ဖမ်​းဆီးခဲ့ခြင်​း ဖြစ်​သည်​ဟု ပခုက္ကူမြို့မရဲစခန်​းမှ တာဝန်​ကျ ရဲအရာရှိက ဆိုသည်​။

အဆိုပါ ဖြစ်​စဉ်​နှင်​့ ပတ်​သက်​၍ ပြည်​့တန်​ဆာလုပ်​ငန်​းဖြင်​့ အသက်​​မွေး ဝမ်​း​ကြောင်​းပြုလုပ်​သူများအား ပခုက္ကူမြို့မရဲစခန်​းမှ ပြည်​့တန်​ဆာ ပုဒ်​မအရ အ​ရေးယူရန်​စစ်​​ဆေးလျက်​ရှိ​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly