လမ်းအသုံးပြုခကောက်ခံဂိတ်အနီး ယာဉ်မောင်းသူ လွှင့်ပစ်ခဲ့သော အထုပ်ထဲမှ WY ဆေးပြား ဖမ်းမိ

လမ်းအသုံးပြုခကောက်ခံဂိတ်အနီး ယာဉ်မောင်းသူ လွှင့်ပစ်ခဲ့သော အထုပ်ထဲမှ WY ဆေးပြား ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ ၂၆ ။            ။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မိုးမိတ် - သပိတ်ကျင်းကားလမ်း၊ ရ မိုင်ရွာအဝင်လမ်း အသုံးပြုခ ကောက်ခံရေးဂိတ်အနီးတွင် ယာဉ်မောင်းသူ လွှင့်ပစ်ခဲ့သောအထုပ်ထဲမှ WY စာတမ်းပါ ဆေးပြား ၁၇ဝ ဖမ်း ဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးမူးယစ်တပ်ဖွဲ့စု ၁၆ မှ ရဲတပ်ဖွဲ့ဝင်များနှင့် သပိတ်ကျင်းမြို့မရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင်လ ၂၅ ရက်၊ ည ၁ဝ နာရီအချိန်တွင် ရ မိုင်ရွာအဝင်လမ်း အသုံးပြုခကောက်ခံ ရေးဂိတ်၌ သက်သေများနှင့် အတူစောင့်ဆိုင်းနေစဉ် အသက် ၃ဝ အရွယ် သက်နိုင်ဦး(ခ) ဖိုးသားဆိုသူ မောင်း နှင်ပြီး ၄င်းဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် မရွှေယဉ်နန်း လိုက်ပါစီးနှင်လာသည့် Honda Fit ယာဉ်အား ရပ်တန့် စစ်ဆေးရာမှ အဆိုပါ ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် သက်နိုင်ဦးဆိုသူက အထုပ်တစ်ထုပ်အား ကားရှေ့ပေါက်ယာ ဘက် ဘေးအနီးသို့ လွှင့်ပစ်ခဲ့သည်ကို ရဲတပ်ဖွဲ့မှ မြင်တွေ့ခဲ့သဖြင့် သက်သေများရှေ့တွင် ပြန်လည်ကောက်ယူ ခိုင်း၍ ဖွင့်ဖောက်စစ် ဆေးရာ ကာလတန်ဖိုး ကျပ် ၅ သိန်းကျော်တန်ဖိုးရှိ အဆိုပါ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူး သွပ်ဆေးပြား ၁၇ဝ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ သက်နိုင်ဦး(ခ) ဖိုးသားဆိုသူနှင့် ၄င်းဇနီးဖြစ်သူ မရွှေယဉ်နန်းတို့ကို သပိတ်ကျင်းမြို့မ ရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly