ချက်စတာဘန်နင်တွန်အား Linkin Park အဖွဲ့ ရည်စူးဂုဏ်ပြု

ချက်စတာဘန်နင်တွန်အား Linkin Park အဖွဲ့ ရည်စူးဂုဏ်ပြု

လွန်ခဲ့သောအပတ်က ကွယ်လွန်ခဲ့သော ဦးဆောင်အဆိုတော် ချက်စတာဘန်နင်တွန်အား ရည်စူးကာ Linkin Park အဖွဲ့သည် ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲ၌ “ကျနော်တို့ရဲ့ အသည်းနှလုံးတွေ ကွဲကြေရပါတယ်။ ၀မ်းနည်းတုန်လှုပ်မှုတွေနဲ့ အခြေအနေကို လက်မခံနိုင်မှုတွေဟာ ကျနော်တို့ရဲ့ မိသားစုတွေအပေါ် ရိုက်ခတ်နေဆဲဖြစ်ပါတယ်” ဟု ဖော်ပြ ထားသည်။

ဒါ့အပြင် “ မင်းဟာ လူတိုင်းရဲ့နှလုံးသားကို ကိုင်လှုပ်လိုက်တာပါပဲ။ မင်းထင်ထားတာထက်တောင် ပိုများတဲ့ လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်လိုက်တာပါပဲ” ဟု ချက်စတာကို ရည်ညွှန်းကာ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြ ခဲ့သည်။

ချက်စတာဘန်နင်တွန်သည် လွန်ခဲ့သော ကြာသာပတေးနေ့က လော့စ်အိန်ဂျယ်လိစ်မြို့ရှိ သူ၏နေအိမ်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

သူသည် မကြာသေးခင်တုန်းက ဆေးစွဲနေမှုကြောင့် ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ဘီဘီစီသတင်းဌာနသို့လည်း သူကြံုတွေ့နေရသည့် စိတ်ကျရောဂါနှင့် မိမိကိုယ်ကိုသေကြောင်းကြံစည်မှု အကြောင်းကို ပြောဆိုခဲ့ဖူးသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်ထဲတွင် “ မကြာသေးခင်ရက်များက တစ်ကမ္ဘာမှာလုံးမှာရှိတဲ့ သူတွေက သူတို့ရဲ့ မေတ္တာတွေနဲ့ အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တာလင်ဒါနဲ့ ကျန်ရစ်သူမိသားစုဟာ ဒီအတွက် ကျေနပ်နေ ကြမှာပါ။ မင်းဟာ အကောင်းဆုံး ခင်ပွန်း၊ သားနဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။ မင်းမရှိပဲနဲ့ မိသားစုဟာ ဘယ်တော့မှ ပြန်လည် ပြည့်စုံတော့မှာ မဟုတ်ပါဘူး” ဟု ရေးသားကာ ချက်စတာအား ရည်စူးဂုဏ်ပြုခဲ့သည်။

အသက် ၄၁နှစ်အရွယ်ရှိ ချက်စတာဘန်နင်တွန်သည် ကွယ်လွန်ချိန်တွင် ဇနီးတာလင်ဒါနှင့် သားသမီး ၆ဦးခန့် ကျန်ရှိခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly