ရန်ကုန်တွင် အခြားတုပ်ကွေးလူနာ ၂ ဦး H1N1 ဖြင့် သေဆုံး

ရန်ကုန်တွင် အခြားတုပ်ကွေးလူနာ ၂ ဦး H1N1 ဖြင့် သေဆုံး

ဇူလိုင်လ ၂၅ ။                 ။ တုပ်​​ကွေး​ရောဂါလက္ခဏာဖြင်​့ ဆေးကုသနေရာမှ ယမန်​​နေ့ ဇူလိုင်လ ၂၄ရက်​၌ သေဆုံးသွားသည့် လူနာနှစ်​ဦးအား စစ်ဆေးရာ H1N1 ဖြင်​့ ​သေဆုံးခဲ့ခြင်းဖြစ်သည်ဟု  ရန်​ကုန်​​ဆေးရုံကြီး၏ ဒု​ဆေးရုံအုပ်​ကြီး​ဒေါက်​တာ​ဒေါ်မြင်​့မြင်​့​အေးက ​ပြောသည်​။

"လူနာနှစ်​​ယောက်​က ကျွန်​မ​တို့ကတော့ သေပြီးမှ ယူရတာ​ပေါ​့​နော်​ ။ တစ်​​ယောက်​က ဗဟိုအမျိုးသမီး​ဆေးရုံက"ဟု ​ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှ ဒေါက်​တာ​ဒေါ်မြင်​့မြင်​့​အေးက​ဆိုသည်​။

လက်​ရှိ​ သေဆုံးသူ ၂ ဦးမှာ ဇူလိုင်လ​၂၄ ရက်ညက ဆုံးပါးသွားခဲ့ပြီး​ စစ်ဆေးရာမှ H1N1​တွေ့ရှိရ​ကြောင်​း အမျိုးသားတစ်​ဦး၊ အမျိုးသမီးတစ်​ဦးဖြစ်​ပြီး တစ်​ဦးမှာ ပဲခူးတိုင်းဒေသကြီးမှ ဖြစ်​သည်​။

ရန်​ကုန်​မြို့တွင်​ H1N1 ဖြင့် ကုသမှုခံယူနေသူ ၃ဦးအနက်​ ၂ဦးဖြစ်​​သည်​့ ​မြောက်​ဥက္ကလာမှ အသက်​၃၅နှစ်​အရွယ်​ စာဖိုးမှူး ဦးစိုးနိုင်​နှင့် ဧရာဝတီတိုင်း​ဒေသကြီး အသုတ်မြို့နယ်မှ အသက် ၃၅ နှစ်အရွယ် မဖြိုးဖြိုးသွင်တို့မှာ ရန်​ကုန်​​ဆေးရုံကြီး၌ ​ဆေးကုသမှုခံယူ​နေဆဲဖြစ်​သည်​။

ကျန်​တစ်​ဦးဖြစ်​သည်​့ ပျဉ်းမနားမြို့နယ်​မှ (၂၂) နှစ်​အရွယ်မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသူ သည်​ ရန်​ကုန်​အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ ​ဆေးကုသမှုခံယူ​နေသည်​။

၎င်းလူနာများသည် ​ နှာ​ဆေးခြင်​း၊ ဖျားနာခြင်​း၊ ​ချောင်​းဆိုခြင်​းအပြင်​ အသက်​ရှူရန်​ခက်​ခဲခြင်​းစသည်​့ လက္ခဏာများကို ခံစားခဲ့ရသည်။အဆိုပါလက္ခဏာများကို ဇူလိုင်​လ ၆ရက်​​နေ့နှင်​့ ဇူလိုင်​လ ၈ရက်​​နေ့များတွင်​ လူနာများမှာ အ​စောဆုံးကြံု​တွေ့ခဲ့ရသည်​။

၂၀၀၉ခုနှစ် ​တွင်​ H1N1တုတ်​​ကွေး​ရောဂါအား ကမ႓ာ့​ကပ်​​ရောဂါအဖြစ်​သတ်​မှတ်​ခံခဲ့ရပြီး ၎င်း​နောက်​ပိုင်​နှစ်​များတွင်​ ကပ်​​ရောဂါအဖြစ်​မသတ်​မှတ်​​တော့ပဲ ရာသီတုပ်ကွေးအဖြစ်​သတ်​မှတ်​ခဲ့သည်​။

H1N1နှင့်ပတ်​သက်​၍ ရာသီတုပ်​​ကွေးဖြစ်​​ကြောင်​း ယမန်​​နေ့ဇူလိုင်​၂၄ရက်​ကပြုလုပ်​သည်​့ သတင်​းစာရှင်​းလင်​းပွဲတွင်​ ရန်​ကုန်​တိုင်​းပြည်​သူ့ကျန်​းမာ​ရေးဦးစီးဌာနမှ ဌာနမှူး​ဒေါက်​တာဝင်​းလွင်​က​ပြောကြားခဲ့ပြီး စိုးရိမ်မှုမရှိကြရန် ပြောထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly