မိဘတွေအနေနဲ့ အကောင်းဆုံး International school ကို ဘယ်လိုရွေးချယ်မလဲ

မိဘတွေအနေနဲ့ အကောင်းဆုံး International school ကို ဘယ်လိုရွေးချယ်မလဲ

မိမိကလေးငယ်ရဲ့ ပညာရေးအတွက် International School တစ်ခုကို ရွေးချယ်တဲ့အခါ မိဘတွေ စဉ်းစားသင့်တဲ့ အချက်တချို့ကတော့ -

  • မူကြိုကနေ ကောလိပ်ဝင်တန်းအထိ ပါဝင်ရဲ့လား?
  • ကမ္ဘာ့အဆင့်မီ သင်ရိုးနဲ့ ဆရာကောင်းတွေရှိရဲ့လား?
  • ဘယ်လို Facilities တွေ ပါဝင်လဲ?

ဒီလိုမေးခွန်းတွေအတွက် အဖြေရှိတဲ့ International School တစ်ခုကို လေ့လာကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်။

အခုဖော်ပြမယ့်ကျောင်းမှာ အသက် ၂ နှစ်မှ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို လက်ခံပြီး ဗြိတိန်သင်ရိုးကို DUCKS (အသက် ၂-၇ နှစ်)၊ Junior (အသက် ရ-၁၁ နှစ်)နဲ့ Senior (အသက် ၁၁-၁၈ နှစ်) အတန်းများနဲ့ သင်ကြားပေးနေတဲ့ DulwichCollege Yangon ပဲဖြစ်ပါတယ်။

သင်ကြားပေးတဲ့ ဆရာတွေကလည်း လန်ဒန်၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူစတဲ့ နိုင်ငံတကာမှာရှိတဲ့ Dulwich College ကျောင်းတွေမှာ သင်ကြားပေးနေတဲ့ အတွေ့အကြံုရှိဆရာ၊ ဆရာမတွေဖြစ်နေတာမလို့ Dulwich College Yangon မှာ တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေကို သင်ရိုးနဲ့အညီ အကောင်းဆုံးနဲ့ အထိရောက်ဆုံး သင်ကြားပေးနိုင်ပါတယ်။

ကမ္ဘာ့အဆင့်မီ ပညာရေးအပြင် အားကစားနဲ့ အနုပညာပိုင်းမှာပါ ကျောင်းသူကျောင်းသားတွေ ကမ္ဘာ့အဆင့်မီ သင်ယူနိုင်ဖို့ မီတာ ၅၀ရှိတဲ့ အိုလံပစ်အဆင့်မီ ရေကူးကန်၊ အားကစားကွင်းတွေ၊ ပြဇာတ်ရုံတွေနဲ့ သိပ္ပံဓာတ်ခွဲခန်းတွေ စုံလင်စွာစီမံပေးထားပြီး ဘက်စုံတော်တဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။ ဒီလိုကမ္ဘာ့အဆင့်မီ Facilities တွေနဲ့ စာသင်ယူတဲ့ ကျောင်းသူကျောင်းသားတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု၊ အသင်းအဖွဲ့နဲ့ လက်တွဲလုပ်ဆောင်တတ်မှုစတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရရှိနိုင်ပါတယ်။

မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ကလေးတွေအတွက် International school ကို စုံစမ်းနေရင် ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့ Facilities တွေရှိတဲ့ Dulwich College Yangon ကို အကြံပြုပေးပါရစေ။ ဒီကျောင်းက ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာနဲ့ Star City အိမ်ရာတို့မှာ ကျောင်းဝင်းနှစ်ခုခွဲပြီး ဖွင့်လှစ် သင်ကြားသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly