ဖီအိုရင်တီးနား တိုက်စစ်မှူး ဘာနာဒက်စ်ချီကို ဂျူဗင်တပ်စအသင်း ပေါင် (၃၅)သန်းဖြင့် ခေါ်ယူ

ဖီအိုရင်တီးနား တိုက်စစ်မှူး ဘာနာဒက်စ်ချီကို ဂျူဗင်တပ်စအသင်း ပေါင် (၃၅)သန်းဖြင့် ခေါ်ယူ
(ဓာတ်ပုံ - ဂျူဗင်တပ်စ်)

ဂျူဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနားရဲ့ တိုက်စစ်ကစားသမား ဖာဒါရီကို ဘာနာဒက်စ်ချီကို ပေါင် ၃၅ သန်းဖြင့် (၅)နှစ် စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လိဂ်ဂိုး (၁၁)ဂိုး သွင်းထားတဲ့ အသက် ၂၃ နှစ်ရှိ ကစားသမားဟာ ဖီအိုရင်တီးနားမှာ (၃)နှစ်ကြာ ကစားခဲ့ပါတယ်။

အီတလီစီနီရာအသင်းကြီးမှာ (၉)ပွဲကစားထားသူ ဘာနာဒက်စ်ချီဟာ ဒီနွေရာသီ ဥရောပ အသက် ၂၁ အောက် ချန်ပီယံရှစ်ပွဲအတွင်းမှာ ထင်ပေါ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက သူ့ကို ဥရောပရဲ့ "တိုက်စစ်အရည်အသွေး အလားအလာအရှိဆုံး"အဖြစ် ရည်ညွှန်းခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကတော့ (၇)နှစ်ဆက် အမှတ်ပေးလိဂ်ဖလားရရှိဖို့ ရည်ရွယ်နေပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဘာနာဒက်စ်ချီကို မခေါ်ယူခင်က ဆက်ဇနီ၊ ဘီနာတီယာ၊ ကွာဒရာဒိုနှင့် ဒေါက်ကလပ်ကော်စတာတို့ကို ခေါ်ယူ အင်အားဖြည့်တင်းပြီးဖြစ်ပါတယ်။

ဘာနာဒက်စ်ချီဟာ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်ကို ရောက်ရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းဖို့ရှိတယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly