မန္တလေးတိုင်းဒေသကြီးတွင် H1N1တုပ်ကွေးရောဂါဖြစ်ပွားမှု တင်ပြလာခြင်းမရှိသေး

မန္တလေးတိုင်းဒေသကြီးတွင် H1N1တုပ်ကွေးရောဂါဖြစ်ပွားမှု တင်ပြလာခြင်းမရှိသေး

မန္တလေး၊ ဇူလိုင်လ ၂၄ ။          ။ ရန်ကုန်တိုင်းဒေသကြီးတွင် H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ တွေ့ရှိသဖြင့် မန္တလေးတိုင်းဒေသကြီးတွင် H1N1 တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိရာ ယနေ့ထိတုပ်ကွေး ဖြစ်ပွားမှု တင်ပြလာခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

'' တိုင်းအတွင်း မြို့နယ်အလိုက် အပတ်စဉ် ရောဂါဖြစ်ပွားမှုအခြေအနေကို စာရင်း တင်ရပါတယ်၊ H1N1 တုပ်ကွေးကိုလည်း အပတ်စဉ် စောင့်ကြပ်ကြည့်ရှုနေပါတယ်၊ မန္တလေးတိုင်းအတွင်း ယနေ့ထိ H1N1 တုပ်ကွေး ဖြစ်ပွားမှု မတွေ့ရှိသေးပါဘူး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေ ပါတယ်။ ၊H1N1 တုပ်ကွေး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအပြင် ပိုစတာတွေ လက်ကမ်းစာစောင် တွေ ဝေပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်၊ ပြည်သူလူထုက ရောဂါတစ်ခုဖြစ်ရင် လန့်ကြတယ်။ ဒါပေမယ့် အသိပေးတဲ့အနေနဲ့ ဘယ်လိုကာကွယ်ရမလဲ၊   ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ၊ နှှိမ်နှှင်းရေး၊ ကုသရေးတွေ ဘယ်လိုလုပ်ပေးနိုင်လဲဆိုတဲ့ ပိုစတာတွေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် H1N1 တုပ်ကွေးနှင့်ပတ်သက်၍ အပတ်စဉ် စောင့်ကြပ်ကြည့်ရှုနေခြင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦးလေဆိပ်) နှင့် ညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စစ်ဆေးနေခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် သံသယရှိ လူနာ တက်ရောက်လာပါက စောင့်ကြပ်ကြည့်ရှုခြင်း စသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags