တောင်သူများအတွက် သိန်း ၅၀၀ ထိရမည့် ချေးငွေအား ပြည်မြို့တွင် စတင်ထုတ်ချေးနေ

တောင်သူများအတွက် သိန်း ၅၀၀ ထိရမည့် ချေးငွေအား ပြည်မြို့တွင် စတင်ထုတ်ချေးနေ

ပြည်၊ ဇူလိုင် ၂၄ ။          ။ စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီးဌါန ၊မြန်မာ့လယ်ယာဖွံံ့ဖြိုးရေးဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး နှင့်ကျေးလက်ဒေသဖွံံ့ဖြိုးရေး JICA (Two Step Loan) ချေးငွေ ကို ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇူလိုင်လ ၂၃ ရက်က စတင်ထုတ်ချေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေ ၊ စက်ပစ္စည်းတပ်ဆင်မှုတွေ နှုတ်လိုက်ရင် ကျပ်ဘီလီယံ ၁၈၀ ခန့်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ တောင်သူတွေကို နှစ်လေးဆယ်အထိ ထုတ်ချေးပေးနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာဖွ့ံဖြိုးရေးဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က ဆိုသည်။

ဂျပန် နိုင်ငံ JACA အဖွဲ့အစည်းမှ ထည့်ဝင်ငွေ ယန်းသန်းပေါင်း ၁၅၁၃၅ ဘီလီယံ ၊ နိုင်ငံတော်အစိုးရမှ ထည့်ဝင်ငွေ ကျပ်ယန်းသန်းပေါင်း ၉၃၈ ဘီလီယံ စုစုပေါင်း ယန်းသန်း ၁၆၀၇၃ မြန်မာကျပ်ငွေ ၁၉၅ ဘီလီယံခန့် ဖြင့် JICA (Two Step Loan) အနေဖြင့် တစ်နိုင်ငံလုံးမှ တောင်သူများကို ချေးငွေထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်အတွက် နေပြည်တော် ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း တို့တွင် ချေးငွေထုတ်ချေးမည်ဖြစ်ပြီး ၂၀၀၈-၂၀၀၉ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ချေးငွေထုတ်ချေးမည်ဖြစ်သည်။ တောင်သူတစ်ဦးချင်းအတွက်ချေးငွေပမာဏ အများဆုံး သိန်း (၅၀၀) အထိ ချေးယူနိုင်ပြီး အစုအဖွဲ့အတွက် အများဆုံး သိန်း (၅၀၀၀) အထိချေးယူနိုင်မည်ဖြစ်သည် ။ ၄င်းချေးငွေအတွက် တစ်လ အတိုးနှုန်း ၆၇ ပြား ကျသင့်မည်ဖြစ်ပြီး ၊ တစ်နှစ်စာ အတိုးနှုန်း ၈ ကျပ် ကျသင့်မည်ဖြစ်သည်။

“ကိုယ်ရဲ့ပိုင်ဆိုင်မှုလယ်ယာမြေပိုင်ဆိုင်မှုတွေနဲ့ အာမခံထားရပါတယ်၊ ထွန်စက်ကတော့ ဒီနေ့ပဲလက်ထဲရောက်ပါပြီ˝ဟု ငွေကျပ် ၄၁၃သိန်း ချေးငွေဖြင့် ထွန်စက်ဝယ်ယူသူ လယ်သမားကြီး ဦးထွားမောင်က ပြောသည်။

 ချေးငွေထုတ်ပေးခြင်း အခမ်းအနားကို ပြည်မြို့၊ဗိုလ်ချုပ်လမ်းရှိ မူယာပင်ပန်းခြံဝန်း ခေတ္တရာမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌါန ၀န်ကြီး ဦးညွှန့်ရွှေ တို့ တက်ရောက်ခဲ့သည်။  အခမ်းအနားကျင်းပသည့် မူယာပင်ပန်းခြံဝန်းတွင် လယ်ယာသုံး ပစ္စည်းရောင်းချသည့် ကုမ္ပဏီများကလည်း ၄င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို လာရောက်ခင်းကျင်းပြသခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly