ပုသိမ် ရပ်ကွက် ၁၅ ခု ရေပေးဝေရေး ၂၀၂၀ တွင် ဆောင်ရွက်မည်

ပုသိမ် ရပ်ကွက် ၁၅ ခု ရေပေးဝေရေး ၂၀၂၀ တွင် ဆောင်ရွက်မည်

ပုသိမ်၊ ဇူလိုင် ၂၄ ။      ။ ပုသိမ်မြို့၊ ရပ်ကွက် ၁၅ ခုမှ လူဦးရေ ၁၅၀၀၀၀ကို ဂျပန်နိုင်ငံ ၊ ဂျိုက်ကာမှ ၂၀၂၀တွင် ရေပေးဝေရေးစနစ် လုပ်ဆောင်မည်ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

"စီမံကိန်းက ၂၀၂၀မှာ အပြီးသတ်မှတ်ထားတယ်။ အခု ကြိုတင်တိုင်းတာတို့ နေရာတွေ တွက်ချက်တာ တို့ ၊ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ စီမံကိန်းက ပုသိမ်မြို့ပေါ် ၁၅ ရပ်ကွက်ကလူဦးရေ ၁၅၀၀၀၀ ကို ရေပေးဝေနိုင်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်တဲ့လုပ်ငန်းဖြစ်ပါတယ်။၊ ပုသိမ်မှာ လောလောဆယ်သုံးနေတာက ကိုယ်ပိုင်ရေတွင်းလေးတွေ ၊ ရေတွင်းတွေ ၊ ရေရောင်းသူတွေဆီက သုံးရတဲ့ သုတေသန ပြုလုပ်ချက်အရ ရေတွေမှာ ဓာတ်သတ္တုတွေပါဝင်နေတဲ့ သောက်သုံးရင် မသင့်တော်တဲ့ရေတွေဖြစ်နေပါတယ်။  ဂျိုက်ကာ အစီအစဉ်နဲ့ လုပ်တဲ့ရေပေးတဲ့ဟာ တကယ် သောက်သုံးနိုင်တဲ့ရေကို ပေးမယ်အစီအစဉ်ဖြစ်ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးက ပုသိမ်မြို့ပေါ် ရေပေးဝေမှုနှင့် ပတ်သက်ပြီး မဇ္ဈိမသို့ ပြောသည်။

ရေပေးဝေရေး စီမံကိန်းကို ငဝန်မြစ်ရေကို စုပ်ယူပြီး ရေသန့်ပြုလုပ်ပြီးပေးဝေပြီး ၊ရေဖြန့်ဖြူးမည်နေရာ ၄ခုသတ်မှတ်ထားကြောင်းနှင့် ကုန်ကျစရိတ်မှာ ကျပ် သိန်းခုနှစ်သောင်းကျော် ကုန်ကျမည် ဖြစ်ပြီး၊ရေပေးဝေလျှင် ရေတစ်ယူနစ်အား ကျပ် ၄၀၀ အောက်ကုန်ကျမည်ဖြစ်သည်။

"ပုသိမ်မြစ်ကရေကို တင်ပြီး သန့်စင်ပြီးပေးဝေမှာ။  သန့်စင်စက်ရုံကို ပုသိမ်မြို့ကြိုးတံတားအနားက သစ်တောဝန်းထဲမှာ တည်ဆောက်ဖို့ လုပ်ထားပါပြီ။ ရေဂါလန်လေးသိန်းသုံးသောင်းဆန့်တဲ့ ရေကန်မှ တဆင့် ရေပေးမယ် ။ လေးကန်ကို တည်ဆောက်ပြီး ထပ်ဆင့်ဖြန့်ဝေသွားမှာဖြစ်ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ပုသိမ်မြို့ ထပ်ဆင့်ရေဖြန့်ဝေမယ် ရေကန်များကို အမှတ်(၂)ရပ်ကွက် ကန်လမ်း၊ ရေပေးကန် ၂ ကို၊ ၃ ရပ်ကွက်၊ ကန်သာယာတဘက်ခြမ်း၊ ရေပေးကန် ၃ ကို အမှတ်(၆)ရပ်ကွက် မီးရထားပိုင်မြေ နေရာတွင် တည်ဆောက်ပြီး ရေပေးကန် ၄ ကို အမှတ်၈ ရပ်ကွက်် ဧရာမင်းစျေးနားတွင် တည်ဆောက်မည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဂျိုက်ကာမှာ ဖျာပုံမြို့တွင် ရေပေးဝေရေးစီမံကိန်း စတင် ပေးနေပြီး၊ ပုသိမ်မြို့တွင် ၂၀၂၀တွင် ပေးဝေနိုင်ပြီး၊မြောင်းမြနှင့်ဝါးခယ်မမြို့များတွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly