ရာသီတုပ်ကွေးရောဂါသာဖြစ်ပြီး စိုးရိမ်ဖွယ်ရာမရှိဟု ကျန်းမာရေးဝန်ကြီးဌာနရှင်းလင်း

ရာသီတုပ်ကွေးရောဂါသာဖြစ်ပြီး စိုးရိမ်ဖွယ်ရာမရှိဟု ကျန်းမာရေးဝန်ကြီးဌာနရှင်းလင်း

ဇူလိုင်လ ၂၄ ။            ။ လူအများကြားစိုးရိမ်နေသော တုပ်ကွေးသည် ရာသီတုပ်ကွေးရောဂါသာဖြစ်ပြီး စိုးရိမ်ဖွယ်ရာမရှိဟု ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ တိုင်းကျန်းမာရေးဦးစီးဌာန တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲခဲ့ပြီး  မိုးအကုန် ဆောင်းအကူးတွင်  ဖြစ်လေ့ဖြစ်ထ ရှိခဲ့ကြောင်း၊ ရာသီတုပ်ကွေးရောဂါသာ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေးသည်။

သို့သော် ရာသီတုကွေး A (H1N1) ကြောင့် ဇူလိုင်လအတွင်း ချင်းပြည်နယ်တွင် ၁၀ ဦး ကူးစက် ခံနေရပြီး လူနာ ၁ ဦး သေဆုံးခဲ့သည်ဟု  ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၂) ဦး၊ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ လူနာ (၁)ဦးတို့ အထူးကြပ်မတ်ဆောင်တွင် ကုသနေပြီး  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာ ၂ ဦးမှာ သက်သာ လာခြင်း မရှိသေးပေ။

ဇူလိုင်လအတွင်း ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ရပ်ကွက်တွင် ရာသီတုပ်ကွေးရောဂါ ဓါတ်ခွဲအတည်ပြု လူနာ ၁၀ ဦးနှင့် သေဆုံးသူ လူနာ ၁ ဦး ရှိခဲ့သည်ဟု ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ ရာသီတုပ်ကွေးရောဂါဟု ဆိုသော ကူးစက်ခံနေရသော လူနာ ၁၀ ဦးအား ချင်းပြည်နယ်ဆေးရုံတွင် ဆက်လက်ကုသမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်၊ မနက် ၁၀ နာရီတွင် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင့်ထွေးက ပြောခဲ့ပြီး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကျန်းမာရေးပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရမည်ဟု ပြောခဲ့သည်။

ပြည်သူများအနေဖြင့် စိတ်ပူပန်မှုတွေ ဖြစ်ပေါ်မှုပတ်သက်၍ အလွန်အမင်း ပူပန်ခြင်းမရှိဖို့၊ စနစ်တကျ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly