ဟက်ပီးဘတ်ဒေး ဒီရော့စီ

ဟက်ပီးဘတ်ဒေး ဒီရော့စီ

ဇူလိုင်လ ၂၄ ရက်နေ့က အီတလီနဲ့ ရိုးမားကွင်းလယ်ကစားသမား ဒီရော့စီရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီတနင်္လာမှာ ကျရောက်တဲ့ 2017 ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဒီရော့စီရဲ့ ၃၄ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။

ဒီရော့စီဆိုတာ ရိုးမားအသင်းမှာ တော့တီပြီးရင် သစ္စာအရှိဆုံးကစားသမားပါ။  ရိုးမားလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဒီရော့စီဟာ ၂၀၀၁ ခုနှစ်က စတင်ပြီး ရိုးမားတစ်သင်းတည်းမှာပဲ အခုအချိန်အထိ ကစားနေသူဖြစ်ပါတယ်။

ဒီရော့စီဟာ ရိုးမားအသင်းအတွက် ၅၆၁ ပွဲ ပါ၀င်ကစားပေးထားပြီး ၅၉ ဂိုးသွင်းယူပေးထားပါတယ်။ အီတလီလက်ရွေးစင်အသင်းအတွက်တော့ ၁၁၄ ပွဲပါ၀င်ကစားထားပြီး ၂၁ ဂိုးသွင်းယူထားပါတယ်။

သူ့ရဲ့ဘဝမှာ အကြီးမားဆုံးအောင်မြင်မှုကတော့ ၂၀၀၆ ခုနှစ်မှာ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရိုးမားအသင်းနဲ့တော့ ကိုပါအီတာလီယာဖလား ၂ ကြိမ်နဲ့ အီတလီစူပါဖလား ၁ ကြိမ် ရခဲ့ပါတယ်။

မော်ဒန်ဘောလုံးလောကမှာ တဖြည်းဖြည်းရှားပါးလာတဲ့ သစ္စာတရားရဲ့ ပြယုဂ်တစ်ခု။ အီတလီနဲ့ရိုးမားတို့ရဲ့ ကျောနံပါတ် ၁၆ ပိုင်ရှင် ဒီရော့စီကို ဟက်ပီးဘတ်ဒေးလို့ ဂုဏ်ပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly