ကွမ်းသီးပင်စိုက်ပျိုးရေး အပိုင်း (၃)

24 July 2017
ကွမ်းသီးပင်စိုက်ပျိုးရေး အပိုင်း (၃)

ကွမ်းသီးပင်တွေကတော့ ရ နှစ်  (သို့မဟုတ်) ၈ နှစ်ကြာတဲ့ အခါမှာ စတင်အသီးများကို ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။

အသီးများများ သီးစေရန်အတွက် ကတော့ နွေပိုင်းမှာ ရေပေးရမှာဖြစ်ပါတယ်။ မြေသြဇာကိုလဲ တစ်နှစ်မှာ မိုးနှောင်းတစ်ကြိမ် နှင့် မိုးဦးတစ်ကြိမ် (၂)ကြိမ်ခန့် ကျွေးပေးရမှာ ဖြစ်ပါတယ်။

 နွေပိုင်းမှာ ရေသွင်းနိုင်တယ်ဆို ရင်တော့ ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။ တစ်ဧက ကိုတော့ တအပင်ပေါင်း ၄၅၀ခန့် စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အသီးများကိုတော့ တန်ဆောင်မုန်းလမှာ စတင်ခူးဆွတ်ရမှာ ဖြစ်ပါတယ် တစ်ပင်ကို အသီး ၂၀၀ ခန့်သီးပြီး ပိသာချိန်အားဖြင့်၂ ပိသာခန့် ထွက်ရှိမှာ ဖြစ်ပါတယ်။  ဒါအပြင် သီးညှပ်ပင်အဖြစ် ၀ဥပင်တွေကိုလဲ စိုက်ပျိုးနိုင် ပါတယ်။

၀ဥပင်တွေကတော့ သဘာဝအလျှောက် ပေါက်နေတဲ့အတွက်ကြောင့် အနည်းငယ်သာ ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ ၀ဥတွေကို တူးယူတဲ့ အခါမှာတော့ ၂နှစ် နဲ့ အထက်ရှိတဲ့ အပင်တွေကိုသာ တူးယူရမှာ ဖြစ်ပါတယ်ခင်ဗျာ။

အပိုင်း ၁ အား အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/29439
အပိုင်း ၂ အား အောက်ပါတွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/29573

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly